Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကျည်ဆံထိမှန်မှုကြောင့် ခြေတစ်ဖက်ဖြတ်ခံရပြီး အကျည်းထောင်ပို့ခံရသည့် ကို Pau Min Lun နှင့် မိသားစုဝင်များ တွေ့ခွင့်မရ

ကျည်ဆံထိမှန်မှုကြောင့် ခြေတစ်ဖက်ဖြတ်ခံရပြီး အကျည်းထောင်ပို့ခံရသည့် ကို Pau Min Lun နှင့် မိသားစုဝင်များ တွေ့ခွင့်မရ

0
By Editor on April 23, 2021 Khonumthung

မာဂရက် – စစ်ကိုင်းတိုင်း ကလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ဆန္ဒဖော်ထုတ်သည့် လူထုစစ်ကြောင်းအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းစဉ်တွင် ကျည်ဆံထိမှန်ကာ စစ်ဆေးရုံ၌ ကုသမှုခံယူပြီး ခြေတစ်ဖက်ဖြတ်လို က်ရပြီးနောက် ကလေးမြို့အကျည်းထောင်သို့ ပို့ခံရသည့် အသက် (၂၀) အရွယ် ကို Pau Min Lun သည် ယနေ့ချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသည့်အတွက် စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။

ကို Pau Min Lun သည် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့ဖြစ်ပွားခဲ့သည့် တာဟန်းသပိတ်စစ်ကြောင်း ဖြိုခွင်းမှုဖြစ်စဉ်တွင် အာဏာသိမ်း စစ်ကောင်စီများ၏ ပစ်ခတ်မှုကြောင့် ပေါင်တွင်ကျည်ဆံထိမှန်ကာ ကလေးမြို့ ဒေသကွက်ကဲရေးစစ်ဌာန ချုပ်ဝင်းအတွင်း စစ်ဆေးရုံသို့ ဆေးဝါးကုသမှုခံယူ၍ မတ်လ ၁၉ ရက်နေ့တွင် ခြေတဖက်ဖြတ်ခံလိုက်ခြင်းဖြစ်သည်။

ထိုကဲ့သို့ ခြေတစ်ဖက်ဖြတ်ခံရပြီးနောက် ဧပြီလ ၆ ရက်နေ့တွင် ဆေးရုံမှဆင်းသော်လည်း နေအိမ်သို့ပြန်ခွင့်မပြုဘဲ ကလေးမြို့ မြို့မရဲစခန်းတွင် တစ်ညချုပ်ထားပြီးနောက် ဧပြီလ ၇ ရက်နေ့တွင် ကလေးအကျည်းထောင်သို့ ပိ်ု့ဆောင်ခဲ့ခြင်းဖြစ်သည်။

“၇ ရက်နေ့က ထောင်ကိုရောက်သွားတာ အဲ့နောက်ပိုင်းတွေ့လည်း မတွေ့ရတော့ဘူး၊ ဘာမှလည်း မသိရတော့ဘူး၊ သူနဲ့လည်း အဆက်အသွယ်မရဘူး၊ ပစ္စည်းတွေကိုတော့ ခန့်မှန်းပြီးတော့ စားစရာ၊ သောက်စရာတွေတော့ သွားပေးတာ (၃) ခေါက်ရှိပြီ၊ ပစ္စည်းတွေကို ဂိတ်ပေါက်ကနေပေးပြီးတော့ သူတို့က အထဲသွင်းပေးလိုက်တာပဲရှိတယ် ဘာမှပြောခွင့်မရှိဘူး တွေ့လည်းမတွေ့ရဘူး ကျမခံ စားရတယ် အခုထောင်ထဲမှာလည်း ဘယ်လိုနေမလဲ အဆင်ပြေလား မပြေဘူးလားဆိုတာ စိတ်ပူရ တာပေါ့ တွေ့လို့လည်းမရ၊ ပြောလို့လည်းမရဆိုတော့ ဘယ်လိုမှ မတတ်နိုင်ဘူးလေ၊ စားလည်းဒီစိတ်၊ အိပ်လည်း ဒီစိတ်ဖြစ်နေတာ သူတို့ပြောတာတော့ ကျန်းမာရေးက ကောင်းပါတယ်လို့ပြောတာ ကိုယ်လည်းမမြင်ရဘူးဆိုတော့ သူတို့ပြောတာပဲကိုယ်လည်း ယုံရတော့တာပဲ ” ဟု ကို Pau Min Lun ၏ မိခင်ဖြစ်သူ ကပြောသည်။

ကို Pau Min Lun သည် ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားဖြစ်ပြီး ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်၊ နယ်မြေ (၈) တွင်နေထိုင်သူဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာအပါအဝင် ၁၂ နိုင်ငံကို အမေရိကန်က ပြည်ဝင်ခွင့်ပိတ်၊ နောက်ထပ် ၇ နိုင်ငံကို တစိတ်တပိုင်း ပိတ်ပင်

ဟားခါးမြို့တွင် ၃ လကြာ လျှပ်စစ်မီးပြတ်တောက်၊ ဖုန်းနှင့် Power bank များကို အခကြေးငွေပေး၍ အားသွင်းနေကြရ

မတူပီ CDF နှစ်ဖွဲ့ ပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးရာ အချက် ၈ ချက် သဘောတူညီမှုရရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.