• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ခါမ်းပါတ်မြို့ ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့က အပြည့်အ၀ တိုက်ခိုက်သိမ်းပိုက်

ခါမ်းပါတ်မြို့ ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့က အပြည့်အ၀ တိုက်ခိုက်သိမ်းပိုက်

0
By Editor on November 7, 2023 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခါမ်းပါတ်မြို့ကို ယနေ့ နိုဝင်ဘာလ  ၇ ရက် မနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ များက အပြည့်အ၀ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ကလေး-တမူးကားလမ်းမပေါ်တွင်တည်ရှိသော ခါမ်းပါတ်မြို့က စစ်ကောင်စီ ရဲစခန်းကို နို၀◌င်ဘာလ ၃ ရက်နေ့က သိမ်းပိုက်ခဲ့ကြပြီးနောက် စစ်ကောင်စီတပ်ကုန်းစခန်းကို ယနေ့တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ထပ်မံသိမ်းပိုက်ကာ တမြို့လုံးကို ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သိမ်းတော့သိမ်းနိုင်ပြီ၊ အခုက စခန်းကလူတွေက အကုန်လုံးထွက်ပြေးသွားကြတာ ဘယ်သူမှမရှိတော့တာ” ဟု ခမ်းပတ် မြို့စခန်းသိမ်းတိုက်ပွဲတွင် ပါ၀◌င်သော CNO Upper Chindwin Region-UCR တာ၀◌န်ရှိသူတစ်ဦးက ပြောသည်။

မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းဖြင့်အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုသိရသည်။ ခါမ်းပါတ်မြို့ သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးမှုအခြေအနေကိုတော့မသိရသေးပေ။

ခါမ်းပတ်မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ အမျိုးသား ညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်) ကလည်း ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို နိုဝင်ဘာလ (၃) ရက်မှ စတင်၍ ဝိုင်းပတ်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်တွင် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုများ ဆောင်ရွက်လျက် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ခါမ်းပါတ်မြို့ကို အမှတ် (၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဥ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့်တော်လှန်ရေးအဖွဲ့များက အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

တော်လှန်ရေးအဖွဲ့များအနက် တမူးခရိုင် တပ်ရင်း (၂) ၊ စစ်ဒေသအထူး တပ်ရင်း (၂) ၊ အမှတ် ၁ စစ်ဒေသ လက်နက်ကြီးအဖွဲ့ ၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့ ၊ CNDF ၊ TDA ၊ RCDF နှင့် KNA-Burma တို့ ပူးပေါင်းပါဝင်သည်ဟု NUG ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။

အမှတ် (၁) စစ်ဒေသသည် C3C ၏ အစီအစဉ်ဖြင့် KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ်လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများ အဖြစ်လည်းကောင်း တာဝန်ယူလျက် PDF တပ်ရင်းများနှင့် ပကဖအဖွဲ့များကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ်ကွပ်ကဲမှု ရယူထားသော စစ်ဒေသဖြစ်သည်ဟု NUG ကာကွယ်ရေး ၀◌န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ 

နို၀င်ဘာလ ၃ ရက်နေ့ကလည်း တမူးမြို့နယ် ၀◌ိတုတ်ကျေးရွာ စစ်ကောင်တပ်စခန်းနှင့် ကလေးမြို့နယ် ရာဇဂြိုလ် အကျဉ်းစခန်း (၁)၊(၂) နှင့် ကလေးမြို့တောင်ပိုင်း မြောက်စည်းတပ်စခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကြပြီးဖြစ်သည်။ 

ရာဇဂြိုလ်အကျဉ်းဦးစခန်း(၁) မှ စစ်ကောင်စီလက်အောက်ခံ ရဲ၊ဝန်ထမ်း (၂၀) ဦးတို့သည်လည်း ပြည်သူဘက်သို့ ကူးပြောင်း ခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ (၃) ရက်နေ့က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့မရဲစခန်းက တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် တမိသားစုလုံး အလင်းဝင်လာ

ပလက်ဝမြို့နယ် “နှုံးဘူး” နှင့် “ထရွန်အိုင်” ဗျူဟာကုန်းများကို အပြီးသိမ်းပိုက်နိုင်ရေး တိုက်ပွဲပြင်းထန်နေ

ကလေးမြို့တွင် တိုက်ပွဲပြင်းထန်လာမည်ဟု စိုးရိမ်မူကြောင့် မြို့ပေါ်နေပြည်သူများ နေရပ်စွန့်ခွါသူများလာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.