• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းလွှတ်တော် ဒု-ဥက္ကဌ နှုတ်ထွက်ခိုင်းသည့်အကြောင်းအရင်း မဲဆန္ဒရှင်ပြည်သူများကိုချပြရန် တောင်းဆို

ချင်းလွှတ်တော် ဒု-ဥက္ကဌ နှုတ်ထွက်ခိုင်းသည့်အကြောင်းအရင်း မဲဆန္ဒရှင်ပြည်သူများကိုချပြရန် တောင်းဆို

0
By Editor on February 27, 2019 Khonumthung

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီဗဟိုမှ ချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဦးအောင်သန်းကို ရာထူးမှ နှုတ်ထွက်ခိုင်းသည့်ကိစ္စနှင့်ပတ်သက်၍ ခိုင်လုံသည့်အကြောင်းရင်းကို မဲဆန္ဒရှင်ပြည်သူများထံချပြရန် မင်းတပ်မြို့နယ် မဲဆန္ဒရှင်ပြည်သူများက အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီနှင့် ချင်းပြည်နယ်လွှတ်တော်ဥက္ကဌထံသို့ ဖေဖော်ဝါရီ (၂၅) ရက်နေ့က အိပ်ဖွင့်ပေးစာတစ်စောင်ပေးပို့ကာ တောင်းဆိုလိုက်သည်။

ဦးအောင်သန်းကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့နောက်ဆုံးထားပြီး ရာထူးမှနှုတ်ထွက်ရန်နှင့် နှုတ်ထွက်ခြင်းမပြုပါက လွှတ်တော်အတွင်း ပြစ်တင်ရှုတ်ချ နှုတ်ထွက်စေမည်ဟု (NLD) ပါတီ ဒု-ဥက္ကဌ (၂) ဒေါက်တာဇော်မြင့်မောင်က လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီလ (၁၇) ရက်နေ့က နောက်ဆုံးအကြိမ်သတိပေးခဲ့ခြင်းဖြစ်သည်။

(NLD) ပါတီအနေဖြင့် ခိုင်လုံသော အကြောင်းရင်းကို မဲဆန္ဒရှင်ပြည်သူများသိရှိနိုင်ရန် အမြန်ဆုံးချပြပေးရမည်ဟု မင်းတပ် မဲဆန္ဒရှင်ပြည်သူများကိုယ်စား မင်းတပ်အရပ်ဖက်အဖွဲ့အစည်းများမှ ဦးဆောင်သူ (၁၀) တို့က လက်မှတ်ရေးထိုးပြီး (NLD) ပါတီ ဒု-ဥက္ကဌ (၂) ဒေါက်တာဇော်မြင့်မောင်နှင့် ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့ထံသို့ လိပ်မူပြီး ပေးပို့ခဲ့ခြင်းဖြစ် သည်။

“လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တာဝန်၊ ၀တ္တရားများ လစ်ဟင်းအားနည်းမှုကြောင့် နှုတ်ထွက်စေသည်ဆိုလျင် ရှုတ်ချ သွားမည်ဖြစ်ပြီး အကယ်၍ အကြောင်းရင်းခိုင်လုံမှုမရှိဘဲ နှုတ်ထွက်စေသည်ဆိုလျှင် မဲဆန္ဒရှင်ပြည်သူများ၏ ရပိုင်ခွင့် အခွင့်အရေးအရ လွှတ်တော်ကိုယ်စားလှယ်ဘက်မှာ မားမားမတ်မတ်ရပ်တည်သွားမည်’’ ဟု အဆိုပါ အိပ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ဦးအောင်သန်းသည် မင်းတပ်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေမှ ရွေးကောက်တင်မြောက်ခံရသည့် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်သည်နှင့်အညီ ၎င်း၏ တာဝန်၊ ၀တ္တရား လုပ်ငန်းများနှင့်စပ်လျဉ်းသည့် မည်သည့်သတင်းကိုမဆို မဲဆန္ဒရှင် ပြည်သူများအနေဖြင့် သိခွင့်ရှိသည်ဟု ၎င်းအိပ်ဖွင့်ပေးစာတွင် ဆက်လက်ဖော်ပြထားသည်။

ချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ နှုတ်ထွက်ခိုင်းသည့် အကြောင်းရင်းနှင့်ပတ်သက်၍ ချင်းပြည်နယ်လွှတ်တော်မှ ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီဗဟိုဘက်မှ ယနေ့ချိန်ထိ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းမရှိသေးပေ။ ဦးအောင်သန်း ကို ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဖြေဆိုခြင်းမရှိသကဲ့သို့ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌကလည်း တိတိကျကျဖြေကြား ခြင်းမရှိဘဲ အထက်မှနားခိုင်းသည်ဟုသာ ဖြေဆိုထားပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDF-Zoland ထံ ခိုလှုံ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.