#Zawgyi
ႏိုင္ငံေတာ္ဒုသမၼတ ဦးဟင္နရီဗန္ထီးယူ၏ ဇနီး (Second Lady of Myanmar) Dr. Anna Sui Hluan သည္ အဖ အမႈေတာ္ေဆာင္ Dr. Ralbawi ႏွင့္ Pi Mary Sung Pui တို႔မွ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕နယ္ Vuangtu ေက်းရြာတြင္ ေမြးဖြားခဲ့သည္။ (၂) ႏွစ္သမီးအရြယ္ကတည္းက ဖခင္တာ၀န္ထမ္းေဆာင္ရာ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိၿပီး ရန္ကုန္တြင္ႀကီးျပင္းခဲ့သည္။ Dr. Anna သည္ D.Min ဟုေခၚေသာ Ministry Doctorate ဘြဲ႔ကို ၂၀၀၇ ခုႏွစ္က Asian Graduate School of Theology Philippine မွရရွိခဲ့ၿပီး ၂၀၀၉ ခုႏွစ္တြင္ Doctor of Philosophy in New Testament ေဒါက္တာဘြဲ႔ကို ရရွိခဲ့သည္။ ခရစ္ယာန္အမႈေတာ္ေဆာင္တစ္ဦးလည္းျဖစ္ ဒုသမၼတကေတာ္ Dr. Anna Sui Hluan ကို ခိုႏူမ္းသုန္သတင္းဌာနမွ ေတြ႔ဆံုးေမးျမန္းခဲ့သည္။
ေမး။ ။ အန္တီတို႔က ႏုိင္ငံျခားမွာဘဲ အေျခစိုက္ၾကတယ္လို႔ သိရတယ္ေပါ့ေနာ္၊ ဘယ္မွာအေျခစိုက္ေနထုိင္ၾကလဲ၊ ျမန္မာျပည္ကေန ဘယ္ခ်ိန္ကေန ထြက္သြားၾကလဲ။
ေျဖ – ၂၀၀၉ မွာေပါ့ေနာ္ ဒါေပမဲ့ ဖိလစ္ပိုင္မွာ ႏွစ္ႏွစ္ေလာက္ၾကာသြားတာေပါ့ေနာ္၊ နယူးဇလန္မွာေနတယ္၊ ျမန္မာျပည္ကေန မိသားစုအေနနဲ႔ ထြက္သြားတာက ၂၀၀၉ ဖိလစ္ပိုင္မွာ Visa ေတြနဲ႔ ဘာေတြနဲ႔ ေစာင့္ေနတာဆိုေတာ့ နယူးဇလန္ကိုေရာက္သြားတာကေတာ့ ၂၀၁၁ ခုႏွစ္မွာပါ။
ေမး။ ။ ျမန္မာႏိုင္ငံကို ဘယ္ခုႏွစ္ကစၿပီး ျပန္လည္အေျခခ်ခဲ့ၾကလဲ။
ေျဖ။ ။ အန္တီကသြားလိုက္လာလိုက္ပဲေပါ့ေနာ္ ကိုဟင္နရီကေတာ့ အေစာကတည္းက၂၀၁၃ ခုႏွစ္မွာျပန္လာျပီ လနဲ႔ခ်ီျပန္လာလိုက္ အလုပ္လုပ္လိုက္နဲ႔ ဒါေပမဲ့ သူက ၂၀၁၅ မွာက်ေတာ့ ေရြးေကာက္ပြဲအတြက္ျပန္လာတယ္ ဆိုေတာ့ အန္တီျပန္လာတာကေတာ့ ၂၀၁၆ မွာက်မွ သူ႔ကို announce လုပ္တယ္ ၂၀၁၅ မွာလည္း ကင္ပိန္းအတြက္ျပန္လာေသးတယ္ ဒါေပမဲ့ မိသားစုအားလံုးကိုျပန္ေခၚလာတာကေတာ့ ၂၀၁၆ ခုႏွစ္မွာပါ။
ေမ။ ။ ဦးဟင္နရီဗန္ထီးယူ ဒုသမၼတျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ထားလား။
ေျဖ။ ။ ဒီေနရာကိုေရာက္မယ္လို႔ေတာ့လည္း လံုး၀မေမွ်ာ္လင့္ထားခဲ့ဘူး ဒါလည္းၾကိဳတင္ေတာ့ျပင္ဆင္ထားမႈမရိွဘူး အန္တီလည္း နဂိုကတည္းကလုပ္ခ်င္တဲ့ဟာေတြရိွတယ္ အမ်ိဳးသမီးေတြ လင္ပိုင္းဆိုင္ရာေပါ့ေနာ္ အမ်ိဳးသမီး empowerment ပိုင္းဆိုင္ရာမွာ ေနာက္ျပီးေတာ့ အခုဒီအိမ္တြင္းအၾကမ္းဖက္မႈ ဒီအမ်ိဳးသမီးနဲ႔ ပတ္သက္တဲ့အေၾကာင္းေတြ ဘုရားေက်ာင္းမွာပဲျဖစ္ျဖစ္ ဘာသာေရးမွာပဲျဖစ္ျဖစ္ ပတ္၀န္းက်င္မွာျဖစ္ပ်က္ေနတဲ့ ဒီအမ်ိဳးသမီးနဲ႔ ပတ္သက္တဲ့ အေၾကာင္းေတြ ေနာက္လူငယ္နဲ႔ ပတ္သက္တဲ့အေၾကာင္းေတြ အန္တီကအရင္တုန္းကစိတ္၀င္စားတယ္ ဆိုေတာ့ နဂိုကတည္းကလည္း ၂၀၁၅ ေရြးေကာက္ပြဲမွာ ကိုဟင္နရီက၀င္မယ္လို႔စဥ္းစားတဲ့အခ်ိန္တုန္းကေတာင္မွ သူကအရင္ဆံုး အန္တီကိုအရင္၀င္ခိုင္းတာ အန္တီက very politically activist ေပါ့ အဲကတည္းကအရမ္းေျပာေနျပီဆိုေတာ့ သူကတို႔ကို၀င္ေစခ်င္တယ္ ဒါေပမဲ့ တို႔ကေတာ့ အဲဒီအခ်ိန္တုန္းကေတာ့ ေက်ာင္းမျပီးေသးတဲ့အတြက္ေၾကာင့္မို႔လို႔ လံုး၀၀င္လို႔မရဘူး ကိုဟင္နရီကိုေတာ့ အရင္ဦးစားေပးေပ့ါေနာ္။
ေမး။ ။ အန္တီအမ်ဴိးသား ဦးဟင္နရီဗန္ထီးယူက ႏိုင္ငံေတာ္ဒုသမၼတျဖစ္တယ္ဆိုေတာ့ အန္တီအေနန႔ဲ ဘယ္လိုပံ့ပိုးကူညီမႈေတြရွိလဲ။
ေျဖ။ ။ ပံ့ပိုးကူညီမႈဆိုတာေတာ့ အန္တီတို႔တတ္ႏိုင္တဲ့ဘက္ကေပါ့ ဘက္စံုပါပဲ ဒီလိုဒီဟာ ကူညီပါဆိုတာေတာ့မရွိဘူးေပါ့ေလ၊ ဇနီးသည္တစ္ဦးအေနနဲ႔ ဘက္စံုကအစ ပြဲတက္တာကအစ ကူညီတာေပါ့ေနာ္၊ အန္တီက နဂိုကတည္းက ကိုယ္လုပ္ခ်င္တာေတြရိွတယ္ အဲဒါနဲ႔ပတ္သက္ျပီးေတာ့ ဒီဘက္ကေနျပီးေတာ့လုပ္တာေပါ့ေနာ္ ဒီဟာလုပ္တာလည္းပဲ ပံ့ပိုးတယ္လို႔လူေတြျမင္တာလည္းရိွမယ္ေပါ့ေနာ္။
ေမး။ ။ ယခုလက္ရွိ ခ်င္းျပည္နယ္ရဲ့ အေျခအေနကိုၾကည့္ရင္ ေက်နပ္အားရမႈရွိလဲ။
ေျဖ။ ။ ေက်နပ္မႈဆိုတာေတာ့မရိွဘူး ခ်င္းျပည္နယ္က လုပ္စရာအမ်ားၾကီးက်န္ေသးတယ္ သိတဲ့အတိုင္းပဲ ဒါေပမဲ့ ေျပာင္းလဲျဖစ္ေနျပီးသားေပၚမွာေတာ့ အန္တီ၀မ္းသာတဲ့အေၾကာင္းကိုေတာ့ နည္းနည္းေျပာခ်င္တယ္ progress ေပၚမွာေပါ့ ဥပမာဆိုပါဆို Infrastructure ပိုင္းေတြမွာ လုပ္ေနတာအမ်ားၾကီးပဲ ျပီးေတာ့ အရင္တုန္းကထက္ အမ်ားၾကီးပဲ အန္တီတို႔တုန္းကထက္ အမ်ားၾကီးေျပာင္းလဲလာတာရိွတယ္ ဥပမာ ေလဆိပ္ဆိုရင္ တစ္ခါမွမရိွဖူးတဲ့ဟာမ်ိဳး အဲဒါမ်ိဳးေတြေပါ့ ဒီ progress ေတြ ရြာလမ္းေတြ အမ်ားၾကီးပါပဲ Progress အမ်ားၾကီးရိ္ွတယ္ ျပည္နယ္တစ္ခုလံုးမွာပဲ detail မွာေတာ့ အမ်ားၾကီးလိုပါေသးတယ္ အဲထဲမွာေတာ့ အန္တီကေတာ့ အဓိက လုပ္ေနတာအန္တီကုိယ္တိုင္လည္း NGO မွာလုပ္ေနတဲ့တစ္ခုေပါ့ ေရတို႔ ပညာေရးတို႔ အဲဒါေပါ့ ခ်င္းျပည္နယ္မွာဆိုရင္ အရမ္းလိုအပ္တာ ေရ ေရမရေသးတဲ့ ေနရာေတြအမ်ားၾကီးရိွတယ္ ဆိုေတာ့ အန္တီတို႔ အခုပဲခ်င္းေတာင္သြားခဲ့တာလည္း အဲဒီမွာေရလွဴခဲ့တဲ့ေနရာ ဗယ္ဟားေက်းရြာဆိုရင္ ၆ မိုင္နီးပါးေရသြယ္ရတာေလ ဒါေပမဲ့ ေရသြယ္တဲ့အခါမွာလည္း အရမ္းခက္ခဲတာေပါ့ေနာ္ အစိုးရဘက္ဂ်က္ၾကီးနဲ႔ပဲ အားကိုးလို႔မရဘူး အစိုးရလည္းအမ်ားၾကီးျဖန္႔ရတာဆိုေတာ့ မေလာက္ဘူး မေလာက္ေတာ့ အန္တီတို႔ အဲဒါမ်ိဳးမွာ ၀ိုင္း၀န္းပါ၀င္ေပးတယ္ ေရ ေနာက္ျပီးေတာ့ ပညာေရးစတာေတြမွာလည္းအမ်ားၾကီး အန္တီတို႔အမ်ားၾကီးလုပ္ဖို႔လိုတယ္ အဲဒါလုပ္ဖို႔ အန္တီတို႔ၾကိဳးစားျပီးလုပ္ေနပါတယ္ ေနာက္ျပီးေတာ့ SME မီးေလးေတြ အေသးစား SME ေလးေတြ အန္တီတို႔ အဖြဲ႕အစည္းကေနျပီးေတာ့ စဥ္းစားထားတာ ဘယ္လိုမ်ိဳးကူညီႏိုင္မလဲဆိုတာမ်ိဳးေပါ့။
ေမး။ ။ ခ်င္းျပည္နယ္မွာ အဓိက ဘာလိုအပ္တယ္လို႔ျမင္လဲ။
ေျဖ။ ။ ခ်င္းျပည္နယ္မွာ အဓိကလိုအပ္တာေတာ့ အားလံုးကစိတ္ညီဖို႔လိုအပ္တယ္ အန္တီျမင္တာေတာ့ အဲတာပဲ ဥ ပမာ အားလံုးက ဒီေဒသမွာရတယ္ဆိုရင္ က်န္တဲ့ေဒသကလည္း ၀မ္းေျမာက္တတ္ဖို႔ ဒါမ်ိဳးေပါ့ ေနာ္ အဲဒါမွ ဖြံ႕ျဖိဳးမႈေတြအမ်ားၾကီးရလာမွာေလ အကုန္လံုးတိုးတက္လာမယ္ ဒါေပမဲ့ တစ္ခုကရိွတာက ဒီေဒသကရရင္ ဟိုေဒသကမေက်နပ္လုိက္ကန္႔ကြက္ အဲဒါနဲ႔ပဲသြားေနရင္ process ကအရမ္းၾကာတယ္ အလုိအပ္ဆံုးကေတာ့ သေဘာထားညီဖို႔လိုတယ္ တုိ႔ခ်င္းလူမ်ိဳးေတြအားလံုးက ဒီသေဘာထားမွာေတာ့ စည္းရံုးဖို႔လိုတယ္ သူမ်ားရလို႔ရိွရင္လည္း ကိုယ္ရသလိုမ်ိဳးပဲ ၀မ္းေျမာက္ဖို႔လိုတယ္ ၀ိုင္း၀န္းလုပ္ေဆာင္ဖို႔လိုတယ္ ဥပမာဆိုပါစို႔ လိုင္းလင္းပီေလဆိပ္ လိုင္လင္းပီနဲ႔ပဲဆိုင္တယ္ ငါနဲ႔မဆိုင္ဘူးဆိုတဲ့စိတ္ဓာတ္ရွိရင္ အဲဒါမဟုတ္ဘူး လိုင္လင္းပီသည္ တုိ႔ခ်င္းအားလံုးနဲ႔ ဆိုင္တယ္ဆိုတဲ့ ခံယူခ်က္ရိွရမယ္။
ေမး။ ။ အန္တီဆိုရင္ အခု ခ်င္းျပည္နယ္အပါအ၀င္ ျမန္မာႏုိင္ငံမွာ အမ်ိဳးသမီးမ်ားအၾကမ္းဖက္မႈနဲ႔ ပတ္သက္ျပီးသင္တန္းေပးတာေတြ ေဟာေျပာပြဲေတြလုပ္တယ္ေပါ့ေနာ္၊ ေရွ႕ဆက္ဘာေတြလုပ္ေဆာင္သြားဖို႔ရွိလဲ။
ေျဖ – အခုေလာေလာဆယ္မွာေတာ့ အန္တီက အသိပညာေပးေဟာေျပာပြဲလုပ္ႏုိင္ေသးတယ္ ဆိုေတာ့ ဒီေန႔လိုမ်ိဳးသြားျပီး DingDi အမ်ိဳးသမီးအဖြဲ႕တစ္ခ်ိဳ႕ရိွတယ္ အဲဒီအဖြဲ႔ေတြဆိုလို႔ရိွရင္ သက္ငယ္မုဒမ္းေတြဆိုရင္ တကယ္ကို တရားဆြဲႏိုင္ေအာင္ လုပ္ေဆာင္ေနတယ္ေပါ့ေနာ္ အဲဒါမ်ိဳးေတြ အန္တီတို႔ ပံ့ပိုးကူညီတယ္ အဖြဲ႕အေနနဲ႔ေပါ့ေနာ္ ဆိုေတာ့ အဲဒါမ်ိဳးေတြအမ်ားၾကီး လုပ္ဖို႔ရိွတယ္ ဒီအၾကမ္းဖက္မႈမွာၾကေတာ့ သိတဲ့အတိုင္းပဲ အသိပညာေပးေဟာေျပာမႈအားနည္းေနေသးတယ္ အမ်ိဳးသမီးေတြကလည္း ကိုယ့္ရဲ႕ Right ကိုမသိၾကေသးဘူး။
ေမး။ ။ ေနာက္ဆံုးအေနနဲ႔ ဘာမ်ားျဖည့္စြပ္ေျပာခ်င္တာမ်ားရွိပါလဲ။
ေျဖ။ ။ အားလံုးပဲ ဒီ Development မွာတစ္ေယာက္ပဲလုပ္လို႔မရဘူး တစ္ဖြဲ႕ပဲလုပ္လို႔မရဘူး အားလံုးပါ၀င္ဖို႔အေရးၾကီးတယ္ ကုိယ့္ရဲ႕ေရွ႕မွာမ်ိဳးဆိုရင္ အန္တီအျမဲလုပ္တာတစ္ခုရိွတယ္ သန္႔ရွင္ေမတၱာဆိုတာရိွတယ္ Toilet Movement ေပါ့ေနာ္ အဲဒီ Toilet Movement ဆိုလို႔ရိွရင္ အန္တီအျမဲတမ္းေျပာတာ တစ္ခုရိွတယ္ ဒီ Toilet ကို အရမ္းနိမ့္က်တဲ့ပစၥည္းလို႔ ထင္ေပမဲ့ ဒီဟာသည္ လူတစ္ေယာက္ရဲ႕ သေဘာသဘာ၀ကို Challenge လုပ္တယ္ အေတြးအေခၚကို challenge တယ္ ဥပမာဆိုပါဆို႔ ဒီ Toilet ကသန္႔ရွင္းေအာင္လုပ္ ကိုယ္က သံုးျပီးလို႔ရိွရင္ ထားခဲ့တာသည္ တစ္ဦးတစ္ေယာက္ကို ကိုယ့္ထက္သူမ်ားကိုဦးစားေပးတယ္ သူမ်ားအတြက္ကိုလည္း စဥ္းစားေပးတယ္ သေဘာထားေလးေတြကို ေသးငယ္တယ္လို႔ထင္ေပမ့ဲ ဒါေလးအေျပာင္းအလဲေတြ ေနာက္တစ္ခုကအမိႈက္ အမိႈက္ဆိုလို႔ရိွရင္ ကုိယ့္ေရွ႕မွာေတြ႕ရင္လည္း မေကာက္ၾကဘူး အန္တီစိုးရိမ္တာတစ္ခုက ခ်င္းေတာင္မွာ အခု ဖြံ႕ျဖိးမႈနဲ႔ ပတ္သက္လို႔ လိုက္လာတဲ့အရာတစ္ခုက ပလတ္စတစ္ဘူးေတြက ၾကိဳက္တဲ့ေနရာမွာပစ္တယ္ အမိႈက္ေတြက ၾကိဳက္တဲ့ေနရာမွာပစ္တယ္ အဲဒါေၾကာင့္ ခ်င္းျပည္နယ္အရမ္းပ်က္ဆီးသြားမွာ အရမ္းစိုးရိမ္ဖို႔ေကာင္းတယ္ တစ္ဖက္ကလည္း ဖြံ႕ျဖိဳးေရးျဖစ္ရမယ္ တစ္ဖက္ကလည္း Responsibility ျဖစ္ရမယ္ တာ၀န္ယူတတ္မႈက အဲဒါေတြအားလံုး၀ိုင္း၀န္းလုပ္ေဆာင္ေပးၾကပါ ဘာလို႔လဲဆိုရင္ အန္တီတို႔ NGO ေတြလည္းလုပ္ေနၾကတယ္ ဒါေပမဲ့ ျပည္သူေတြက်ေတာ့ NGO အလုပ္ေပါ့ ငါတို႔နဲ႔ မဆိုင္ဘူးမဟုတ္ဘူး အားလံုးနဲ႔ဆုိင္တယ္ ခ်င္းျပည္နယ္တိုးတက္သာယာဖြံ႔ၿဖိဳးဖို႔က အားလံုးနဲ႔ ဆိုင္ပါတယ္လို႔ေျပာခ်င္ပါတယ္။
#Unicode
နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး (Second Lady of Myanmar) Dr. Anna Sui Hluan သည် အဖ အမှုတော်ဆောင် Dr. Ralbawi နှင့် Pi Mary Sung Pui တို့မှ ချင်းပြည်နယ် ထန်တလန်မြို့နယ် Vuangtu ကျေးရွာတွင် မွေးဖွားခဲ့သည်။ (၂) နှစ်သမီးအရွယ်ကတည်းက ဖခင်တာဝန်ထမ်းဆောင်ရာ ရန်ကုန်မြို့သို့ ရောက်ရှိပြီး ရန်ကုန်တွင်ကြီးပြင်းခဲ့သည်။ Dr. Anna သည် D.Min ဟုခေါ်သော Ministry Doctorate ဘွဲ့ကို ၂၀ဝ၇ ခုနှစ်က Asian Graduate School of Theology Philippine မှရရှိခဲ့ပြီး ၂၀ဝ၉ ခုနှစ်တွင် Doctor of Philosophy in New Testament ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ ခရစ်ယာန်အမှုတော်ဆောင်တစ်ဦးလည်းဖြစ် ဒုသမ္မတကတော် Dr. Anna Sui Hluan ကို ခိုနူမ်းသုန်သတင်းဌာနမှ တွေ့ဆုံးမေးမြန်းခဲ့သည်။
မေး။ ။ အန်တီတို့က နိုင်ငံခြားမှာဘဲ အခြေစိုက်ကြတယ်လို့ သိရတယ်ပေါ့နော်၊ ဘယ်မှာအခြေစိုက်နေထိုင်ကြလဲ၊ မြန်မာပြည်ကနေ ဘယ်ချိန်ကနေ ထွက်သွားကြလဲ။
ဖြေ – ၂၀ဝ၉ မှာပေါ့နော် ဒါပေမဲ့ ဖိလစ်ပိုင်မှာ နှစ်နှစ်လောက်ကြာသွားတာပေါ့နော်၊ နယူးဇလန်မှာနေတယ်၊ မြန်မာပြည်ကနေ မိသားစုအနေနဲ့ ထွက်သွားတာက ၂၀ဝ၉ ဖိလစ်ပိုင်မှာ Visa တွေနဲ့ ဘာတွေနဲ့ စောင့်နေတာဆိုတော့ နယူးဇလန်ကိုရောက်သွားတာကတော့ ၂၀၁၁ ခုနှစ်မှာပါ။
မေး။ ။ မြန်မာနိုင်ငံကို ဘယ်ခုနှစ်ကစပြီး ပြန်လည်အခြေချခဲ့ကြလဲ။
ဖြေ။ ။ အန်တီကသွားလိုက်လာလိုက်ပဲပေါ့နော် ကိုဟင်နရီကတော့ အစောကတည်းက၂၀၁၃ ခုနှစ်မှာပြန်လာပြီ လနဲ့ချီပြန်လာလိုက် အလုပ်လုပ်လိုက်နဲ့ ဒါပေမဲ့ သူက ၂၀၁၅ မှာကျတော့ ရွေးကောက်ပွဲအတွက်ပြန်လာတယ် ဆိုတော့ အန်တီပြန်လာတာကတော့ ၂၀၁၆ မှာကျမှ သူ့ကို announce လုပ်တယ် ၂၀၁၅ မှာလည်း ကင်ပိန်းအတွက်ပြန်လာသေးတယ် ဒါပေမဲ့ မိသားစုအားလုံးကိုပြန်ခေါ်လာတာကတော့ ၂၀၁၆ ခုနှစ်မှာပါ။
မေ။ ။ ဦးဟင်နရီဗန်ထီးယူ ဒုသမ္မတဖြစ်လာမယ်လို့ မျှော်လင့်ထားလား။
ဖြေ။ ။ ဒီနေရာကိုရောက်မယ်လို့တော့လည်း လုံးဝမမျှော်လင့်ထားခဲ့ဘူး ဒါလည်းကြိုတင်တော့ပြင်ဆင်ထားမှုမရှိဘူး အန်တီလည်း နဂိုကတည်းကလုပ်ချင်တဲ့ဟာတွေရှိတယ် အမျိုးသမီးတွေ လင်ပိုင်းဆိုင်ရာပေါ့နော် အမျိုးသမီး empowerment ပိုင်းဆိုင်ရာမှာ နောက်ပြီးတော့ အခုဒီအိမ်တွင်းအကြမ်းဖက်မှု ဒီအမျိုးသမီးနဲ့ ပတ်သက်တဲ့အကြောင်းတွေ ဘုရားကျောင်းမှာပဲဖြစ်ဖြစ် ဘာသာရေးမှာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ ဒီအမျိုးသမီးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ နောက်လူငယ်နဲ့ ပတ်သက်တဲ့အကြောင်းတွေ အန်တီကအရင်တုန်းကစိတ်ဝင်စားတယ် ဆိုတော့ နဂိုကတည်းကလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုဟင်နရီကဝင်မယ်လို့စဉ်းစားတဲ့အချိန်တုန်းကတောင်မှ သူကအရင်ဆုံး အန်တီကိုအရင်ဝင်ခိုင်းတာ အန်တီက very politically activist ပေါ့ အဲကတည်းကအရမ်းပြောနေပြီဆိုတော့ သူကတို့ကိုဝင်စေချင်တယ် ဒါပေမဲ့ တို့ကတော့ အဲဒီအချိန်တုန်းကတော့ ကျောင်းမပြီးသေးတဲ့အတွက်ကြောင့်မို့လို့ လုံးဝ၀င်လို့မရဘူး ကိုဟင်နရီကိုတော့ အရင်ဦးစားပေးပေါ့နော်။
မေး။ ။ အန်တီအမျိူးသား ဦးဟင်နရီဗန်ထီးယူက နိုင်ငံတော်ဒုသမ္မတဖြစ်တယ်ဆိုတော့ အန်တီအနေနဲ့ ဘယ်လိုပံ့ပိုးကူညီမှုတွေရှိလဲ။
ဖြေ။ ။ ပံ့ပိုးကူညီမှုဆိုတာတော့ အန်တီတို့တတ်နိုင်တဲ့ဘက်ကပေါ့ ဘက်စုံပါပဲ ဒီလိုဒီဟာ ကူညီပါဆိုတာတော့မရှိဘူးပေါ့လေ၊ ဇနီးသည်တစ်ဦးအနေနဲ့ ဘက်စုံကအစ ပွဲတက်တာကအစ ကူညီတာပေါ့နော်၊ အန်တီက နဂိုကတည်းက ကိုယ်လုပ်ချင်တာတွေရှိတယ် အဲဒါနဲ့ပတ်သက်ပြီးတော့ ဒီဘက်ကနေပြီးတော့လုပ်တာပေါ့နော် ဒီဟာလုပ်တာလည်းပဲ ပံ့ပိုးတယ်လို့လူတွေမြင်တာလည်းရှိမယ်ပေါ့နော်။
မေး။ ။ ယခုလက်ရှိ ချင်းပြည်နယ်ရဲ့ အခြေအနေကိုကြည့်ရင် ကျေနပ်အားရမှုရှိလဲ။
ဖြေ။ ။ ကျေနပ်မှုဆိုတာတော့မရှိဘူး ချင်းပြည်နယ်က လုပ်စရာအများကြီးကျန်သေးတယ် သိတဲ့အတိုင်းပဲ ဒါပေမဲ့ ပြောင်းလဲဖြစ်နေပြီးသားပေါ်မှာတော့ အန်တီဝမ်းသာတဲ့အကြောင်းကိုတော့ နည်းနည်းပြောချင်တယ် progress ပေါ်မှာပေါ့ ဥပမာဆိုပါဆို Infrastructure ပိုင်းတွေမှာ လုပ်နေတာအများကြီးပဲ ပြီးတော့ အရင်တုန်းကထက် အများကြီးပဲ အန်တီတို့တုန်းကထက် အများကြီးပြောင်းလဲလာတာရှိတယ် ဥပမာ လေဆိပ်ဆိုရင် တစ်ခါမှမရှိဖူးတဲ့ဟာမျိုး အဲဒါမျိုးတွေပေါ့ ဒီ progress တွေ ရွာလမ်းတွေ အများကြီးပါပဲ Progress အများကြီးရှိ်တယ် ပြည်နယ်တစ်ခုလုံးမှာပဲ detail မှာတော့ အများကြီးလိုပါသေးတယ် အဲထဲမှာတော့ အန်တီကတော့ အဓိက လုပ်နေတာအန်တီကိုယ်တိုင်လည်း NGO မှာလုပ်နေတဲ့တစ်ခုပေါ့ ရေတို့ ပညာရေးတို့ အဲဒါပေါ့ ချင်းပြည်နယ်မှာဆိုရင် အရမ်းလိုအပ်တာ ရေ ရေမရသေးတဲ့ နေရာတွေအများကြီးရှိတယ် ဆိုတော့ အန်တီတို့ အခုပဲချင်းတောင်သွားခဲ့တာလည်း အဲဒီမှာရေလှူခဲ့တဲ့နေရာ ဗယ်ဟားကျေးရွာဆိုရင် ၆ မိုင်နီးပါးရေသွယ်ရတာလေ ဒါပေမဲ့ ရေသွယ်တဲ့အခါမှာလည်း အရမ်းခက်ခဲတာပေါ့နော် အစိုးရဘက်ဂျက်ကြီးနဲ့ပဲ အားကိုးလို့မရဘူး အစိုးရလည်းအများကြီးဖြန့်ရတာဆိုတော့ မလောက်ဘူး မလောက်တော့ အန်တီတို့ အဲဒါမျိုးမှာ ဝိုင်းဝန်းပါဝင်ပေးတယ် ရေ နောက်ပြီးတော့ ပညာရေးစတာတွေမှာလည်းအများကြီး အန်တီတို့အများကြီးလုပ်ဖို့လိုတယ် အဲဒါလုပ်ဖို့ အန်တီတို့ကြိုးစားပြီးလုပ်နေပါတယ် နောက်ပြီးတော့ SME မီးလေးတွေ အသေးစား SME လေးတွေ အန်တီတို့ အဖွဲ့အစည်းကနေပြီးတော့ စဉ်းစားထားတာ ဘယ်လိုမျိုးကူညီနိုင်မလဲဆိုတာမျိုးပေါ့။
မေး။ ။ ချင်းပြည်နယ်မှာ အဓိက ဘာလိုအပ်တယ်လို့မြင်လဲ။
ဖြေ။ ။ ချင်းပြည်နယ်မှာ အဓိကလိုအပ်တာတော့ အားလုံးကစိတ်ညီဖို့လိုအပ်တယ် အန်တီမြင်တာတော့ အဲတာပဲ ဥ ပမာ အားလုံးက ဒီဒေသမှာရတယ်ဆိုရင် ကျန်တဲ့ဒေသကလည်း ဝမ်းမြောက်တတ်ဖို့ ဒါမျိုးပေါ့ နော် အဲဒါမှ ဖွံ့ဖြိုးမှုတွေအများကြီးရလာမှာလေ အကုန်လုံးတိုးတက်လာမယ် ဒါပေမဲ့ တစ်ခုကရှိတာက ဒီဒေသကရရင် ဟိုဒေသကမကျေနပ်လိုက်ကန့်ကွက် အဲဒါနဲ့ပဲသွားနေရင် process ကအရမ်းကြာတယ် အလိုအပ်ဆုံးကတော့ သဘောထားညီဖို့လိုတယ် တို့ချင်းလူမျိုးတွေအားလုံးက ဒီသဘောထားမှာတော့ စည်းရုံးဖို့လိုတယ် သူများရလို့ရှိရင်လည်း ကိုယ်ရသလိုမျိုးပဲ ဝမ်းမြောက်ဖို့လိုတယ် ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုတယ် ဥပမာဆိုပါစို့ လိုင်းလင်းပီလေဆိပ် လိုင်လင်းပီနဲ့ပဲဆိုင်တယ် ငါနဲ့မဆိုင်ဘူးဆိုတဲ့စိတ်ဓာတ်ရှိရင် အဲဒါမဟုတ်ဘူး လိုင်လင်းပီသည် တို့ချင်းအားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ ခံယူချက်ရှိရမယ်။
မေး။ ။ အန်တီဆိုရင် အခု ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံမှာ အမျိုးသမီးများအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးသင်တန်းပေးတာတွေ ဟောပြောပွဲတွေလုပ်တယ်ပေါ့နော်၊ ရှေ့ဆက်ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။
ဖြေ – အခုလောလောဆယ်မှာတော့ အန်တီက အသိပညာပေးဟောပြောပွဲလုပ်နိုင်သေးတယ် ဆိုတော့ ဒီနေ့လိုမျိုးသွားပြီး DingDi အမျိုးသမီးအဖွဲ့တစ်ချို့ရှိတယ် အဲဒီအဖွဲ့တွေဆိုလို့ရှိရင် သက်ငယ်မုဒမ်းတွေဆိုရင် တကယ်ကို တရားဆွဲနိုင်အောင် လုပ်ဆောင်နေတယ်ပေါ့နော် အဲဒါမျိုးတွေ အန်တီတို့ ပံ့ပိုးကူညီတယ် အဖွဲ့အနေနဲ့ပေါ့နော် ဆိုတော့ အဲဒါမျိုးတွေအများကြီး လုပ်ဖို့ရှိတယ် ဒီအကြမ်းဖက်မှုမှာကြတော့ သိတဲ့အတိုင်းပဲ အသိပညာပေးဟောပြောမှုအားနည်းနေသေးတယ် အမျိုးသမီးတွေကလည်း ကိုယ့်ရဲ့ Right ကိုမသိကြသေးဘူး။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွပ်ပြောချင်တာများရှိပါလဲ။
ဖြေ။ ။ အားလုံးပဲ ဒီ Development မှာတစ်ယောက်ပဲလုပ်လို့မရဘူး တစ်ဖွဲ့ပဲလုပ်လို့မရဘူး အားလုံးပါဝင်ဖို့အရေးကြီးတယ် ကိုယ့်ရဲ့ရှေ့မှာမျိုးဆိုရင် အန်တီအမြဲလုပ်တာတစ်ခုရှိတယ် သန့်ရှင်မေတ္တာဆိုတာရှိတယ် Toilet Movement ပေါ့နော် အဲဒီ Toilet Movement ဆိုလို့ရှိရင် အန်တီအမြဲတမ်းပြောတာ တစ်ခုရှိတယ် ဒီ Toilet ကို အရမ်းနိမ့်ကျတဲ့ပစ္စည်းလို့ ထင်ပေမဲ့ ဒီဟာသည် လူတစ်ယောက်ရဲ့ သဘောသဘာဝကို Challenge လုပ်တယ် အတွေးအခေါ်ကို challenge တယ် ဥပမာဆိုပါဆို့ ဒီ Toilet ကသန့်ရှင်းအောင်လုပ် ကိုယ်က သုံးပြီးလို့ရှိရင် ထားခဲ့တာသည် တစ်ဦးတစ်ယောက်ကို ကိုယ့်ထက်သူများကိုဦးစားပေးတယ် သူများအတွက်ကိုလည်း စဉ်းစားပေးတယ် သဘောထားလေးတွေကို သေးငယ်တယ်လို့ထင်ပေမဲ့ ဒါလေးအပြောင်းအလဲတွေ နောက်တစ်ခုကအမှိုက် အမှိုက်ဆိုလို့ရှိရင် ကိုယ့်ရှေ့မှာတွေ့ရင်လည်း မကောက်ကြဘူး အန်တီစိုးရိမ်တာတစ်ခုက ချင်းတောင်မှာ အခု ဖွံ့ဖြိးမှုနဲ့ ပတ်သက်လို့ လိုက်လာတဲ့အရာတစ်ခုက ပလတ်စတစ်ဘူးတွေက ကြိုက်တဲ့နေရာမှာပစ်တယ် အမှိုက်တွေက ကြိုက်တဲ့နေရာမှာပစ်တယ် အဲဒါကြောင့် ချင်းပြည်နယ်အရမ်းပျက်ဆီးသွားမှာ အရမ်းစိုးရိမ်ဖို့ကောင်းတယ် တစ်ဖက်ကလည်း ဖွံ့ဖြိုးရေးဖြစ်ရမယ် တစ်ဖက်ကလည်း Responsibility ဖြစ်ရမယ် တာဝန်ယူတတ်မှုက အဲဒါတွေအားလုံးဝိုင်းဝန်းလုပ်ဆောင်ပေးကြပါ ဘာလို့လဲဆိုရင် အန်တီတို့ NGO တွေလည်းလုပ်နေကြတယ် ဒါပေမဲ့ ပြည်သူတွေကျတော့ NGO အလုပ်ပေါ့ ငါတို့နဲ့ မဆိုင်ဘူးမဟုတ်ဘူး အားလုံးနဲ့ဆိုင်တယ် ချင်းပြည်နယ်တိုးတက်သာယာဖွံ့ဖြိုးဖို့က အားလုံးနဲ့ ဆိုင်ပါတယ်လို့ပြောချင်ပါတယ်။