Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္းျပည္နယ္မွာ အေျခခံပညာေက်ာင္းေတြ ျပန္ဖြင့္ဖို႔အဆင္သင့္ျဖစ္ၿပီလား။

ခ်င္းျပည္နယ္မွာ အေျခခံပညာေက်ာင္းေတြ ျပန္ဖြင့္ဖို႔အဆင္သင့္ျဖစ္ၿပီလား။

0
By Editor on June 23, 2020 Headline

#Zawgyi

အေျခခံပညာေက်ာင္းေတြကို လာမယ့္ ဇူလိုင္လ (၂၁) ရက္ေန႔ကေန ျပန္လည္ဖြင့္လွစ္ေတာ့မယ္လို႔ သက္ဆိုင္ရာပညာေရး ၀န္ႀကီးဌာနကေၾကညာထားေပမယ့္ ခုလိုကိုဗစ္ႏုိင္တင္းကာလမ်ဴိးမွာ အေျခခံပညာေက်ာင္းေပါင္း (၁၄၉၈) ေက်ာင္းရွိတဲ့ ခ်င္းျပည္နယ္မွာ ေက်ာင္းေတြျပန္လည္ဖြင့္လွစ္ဖို႔အဆင္သင့္ျဖစ္ေနၿပီလား။  ေက်ာင္းေတြကို ဘယ္လိုပံုစံနဲ႔ တက္ေရာက္မလဲ၊ ေက်ာင္းဆရာ/ဆရာမ လိုအပ္ခ်က္ေတြကဘယ္လိုရွိေနလဲ။ အထူးသျဖင့္ စစ္မက္ျဖစ္ပြားေဒသ ပလက္၀ၿမိဳ႕နယ္မွာ ေက်ာင္းျပန္ဖြင့္ႏုိင္မယ့္အလားလားက ဘယ္လိုရွိေနပါသလဲ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ခ်င္းျပည္နယ္ လူမႈေရး၀န္ႀကီး ဦးေပါင္လြန္မင္းထန္ကို ခုိႏူမ္းသုန္သတင္းေထာက္ ႏွင္းႏွင္းက ေမးျမန္းထားပါတယ္။

ေမး။    ။ ခ်င္းျပည္နယ္မွာ ေက်ာင္းေတြျပန္လည္ဖြင့္လွစ္ဖို႔ အဆင္သင့္ျဖစ္ၿပီလား။ ဘယ္လိုအခက္အခဲ စိန္ေခၚမႈေတြရွိေနလဲ။

ေျဖ။       ။ ဖြင့္လွစ္ႏိုင္အာင္လုပ္ထားပါတယ္။ Social distancing အရ နည္းနည္း အခန္းအခက္အခဲရွိပါတယ္ အခန္းေနရာထုိင္ခင္းအဆင္မေျပတာေလးေတြရွိတယ္၊ ဒါမယ့္ သိပ္ေတာ့မမ်ားပါဘူး။ မမ်ားဘူးးဆိုတာက  တခ်ဳိ႕ေက်ာင္းေတြဆုိရင္ လူမမ်ားေတာ့အဆင္ေျပတယ္။ လူမ်ားတဲ့ေက်ာင္း ၇ ေက်ာင္းေလာက္ဘဲရွိပါတယ္၊ အဲဒီ   ၇ ေက်ာင္းကို ေန႔၊ ည ဒါမွမဟုတ္ တစ္ပတ္ျခားေပါ့ လုပ္ရင္ေတာ့အဆင္ေျပႏုိင္တယ္။

ေမး။    ။ တကယ္လို႔ေက်ာင္းျပန္လည္ဖြင့္လွစ္တဲ့အခါမွာ ေက်ာင္းသားေတြက ဘယ္လိုပံုစံမ်ဴိးနဲ႔ေက်ာင္းတက္ၾကမလဲ။  

ေျဖ။       ။ အသုတ္လုိက္ျဖစ္ဖုိ႔မ်ားတယ္  ဒါေပမယ့္  ၄၊ ၅ေက်ာင္း ေလာက္ပဲ အသုတ္လုိက္ျဖစ္ျပီးေတာ့ အမ်ားစုကေတာ့ ပုံမွန္တုိင္းရပါတယ္၊ ခ်င္းကသိတဲ့ အတုိင္း ေက်ာင္းသားနည္းတ့ဲေက်ာ င္းကမ်ားတယ္၊ ေက်ာင္းသားမ်ားတဲ့ေက်ာင္းက ဟားခါးမွာ ၃ ေက်ာင္းေလာက္လဲရွိမယ္ ပလက္ဝ ရွိမယ္၊ အသုတ္လုိက္က မနက္ညခြဲ မလား တစ္ပတ္ျခားခြဲမလားဆုိတာ က်ေနာ္တို႔ လ်ာထားတာရွိပါတယ္။

ေမး။    ။ ခ်င္းျပည္နယ္တစ္ျပည္နယ္လံုးက အေျခခံပညာေက်ာင္းအားလံုးကို ဖြင့္ႏုိင္မယ့္အလား အလာတကယ္ရွိပါ့မလား။

ေျဖ။       ။ ျပန္ဖြင့္ႏုိင္ပါတယ္ ၊ ခုကျပန္ဖြင့္ဖုိ႔ အခက္ဆုံးေက်ာင္းက ပလက္ဝစစ္ေဘးေရွာင္ ကိစၥ အဲ့တာအေရးၾကီးဆုံး ျဖစ္တယ္။ အဲ့တာလည္းပဲ ကြ်န္ေတာ္တုိ႕ ခုေနာက္ဆုံးအရဆုိရင္ ေတာ္ေတာ္မ်ားဖြင့္နုိင္ပါတယ္၊ အ.ထ.က ဆမီး ၊ သံေတာင္တို႔ ပလက္ဝတစ္ခုပဲ အခက္အခဲရွိတယ္၊ နယ္ကေက်ာင္းေတြလည္း ေတာ္ေတာ္မ်ားတက္လုိ႕ရတဲ့အေနထားေတာ့ရွိပါတယ္။

ေမး။    ။ ဒီ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္မွာဆိုရင္ ခ်င္းျပည္နယ္မွာ ေက်ာင္းေပါင္း ၂၅၀ ေက်ာ္ကို ေက်ာင္းအဆင့္တိုးျမွင့္ေပးထားပါတယ္။ ဆိုေတာ့ ေက်ာင္းဆရာ၊ ဆရာမေတြ လံုေလာက္မႈအေျခအေနေကာ္ရွိပါမလား။ လိုအပ္ခ်က္ေတြဘယ္ေလာက္ေလာက္ရွိေနေသးလဲ။

ေျဖ။       ။ ဆရာ/ဆရာမကေတာ့ လံုး၀မလံုေလာက္ေသးဘူး၊ မူလတန္းျပက ၂၀၉၀ ေလာက္လိုတယ္၊ ခုေလာေလာဆယ္ ျပည္ေထာင္စု၀န္ႀကီးက ခ်ေပးဖို႔ေျပာထားတာကေတာ့ မူလတန္းျပက ၁၇၀ ေက်ာ္ေပါ့ေနာ္၊ အထက္တန္းျပက ၇၅၊ အလယ္တန္းျပက ၅၁၂ ေလာက္ရွိတယ္၊ ဒါေပမယ့္ နည္းေသးတယ္၊ ကြ်န္ေတာ္တုိ႔ ေက်ာင္းထပ္တုိးတာ ၂၅၀ ေလာက္ဆုိေတာ့ ဆရာလုိအပ္ခ်က္ကေတာ့အမ်ားႀကီးရွိပါေသးတယ္။

ေမး။    ။ ဆရာ၊ ဆရာမ မလံုေလာက္မႈေတြကိုေကာ္ ဘယ္လိုေျဖရွင္းဖို႔စီစဥ္ထားပါသလဲ။

ေျဖ။       ။ အမွန္ကခန္႔ထားေရးက ျပည္ေထာင္စုကလုပ္တာဆိုေတာ့ က်ေနာ္တို႔ျပည္နယ္ဘက္ကေနခန္႔ဖို႔ကေတာ့ ဘြဲ႔ရေတြကို စာခ်ဴပ္ခ်ဴပ္ၿပီး ခန္႔လို႔ရေအာင္လည္း လမ္းညြန္ထားပါတယ္၊ လိုအပ္ခ်က္ကေတာ့ ခ်က္ခ်င္းမေျဖရွင္း ႏုိင္ရင္ေတာင္ ေျဖရွင္းႏုိင္တဲ့နည္းလမ္းကေတာ့ရွာရမွာေပါ့၊ အခုက အထြက္ေတြမ်ားေနတဲ့ အခါက်ေတာ့ ဒီအတြက္ေတြ ကိုျပန္ျဖည့္ဆည္းဖို႔၊ အစားထိုးဖို႔အပိုင္းက အရမ္းခက္ခဲပါတယ္။ ေက်ာင္းဆရာ/ဆရာမေတြက အထြက္ဘဲရွိျပီးအဝင္မရွိေတာ့ ေနရာတုိင္းမွာ ေတာ့ ဆရာေတြလုိအပ္တယ္၊ ခုေက်ာင္းအသစ္တုိးတာနဲ႔ဆိုေတာ့ လုိအပ္ခ်က္ေတာ့ ပုိမ်ားတာေပါ့။

ေမး။    ။ အထူးသျဖင့္ ပလက္၀ၿမိဳ႕နယ္ဆိုရင္ ေက်ာင္းေပါင္း ၃၇၀ ေက်ာ္ရွိတယ္ စစ္မက္ျဖစ္ပြားတဲ့ေဒသဆိုေတာ့ ေက်ာင္းျပန္ဖြင့္ႏုိင္ပါ့မလား။

ေျဖ။       ။ အရင္တုန္းက အ.ထ.က ဆမီး၊ သံေထာင္ေလာက္ဘဲ တက္ႏုိင္မယ္ဆိုၿပီးတင္ျပတာေပါ့ အခုေနာက္ပိုင္းမွာေတာ့ ပလက္၀ၿမိဳ႕နယ္ အေပၚပိုင္းက ေက်ာင္းေတြတက္လို႔ရမယ္ဆိုၿပီးတင္ ျပထားတာေတြရွိပါတယ္။ ေက်ာင္းျပန္လည္ဖြင္ ့ႏုိင္ဖို႔ကေတာ့ ပလက္၀စစ္ေဘးက ျပန္လည္ၿငိမ္းဖို႔အေရးႀကီးပါတယ္၊ က်န္တဲ့အပိုင္းကေတာ့ က်ေနာ္တို႔ေျဖရွင္းႏုိင္ပါတယ္၊ ဒါေပမယ့္စစ္ေဘးရွိတဲ့ေနရာကေတာ့ က်ေနာ္တို႔ေတာင္မွ မ၀င္ႏုိင္ မသြားႏုိင္ဘူးဆိုေတာ့ အဲဒီျပသနာက အႀကီးမားဆံုးစိန္ေခၚမႈျဖစ္ေနတယ္။

#Unicode

အခြေခံပညာကျောင်းတွေကို လာမယ့် ဇူလိုင်လ (၂၁) ရက်နေ့ကနေ ပြန်လည်ဖွင့်လှစ်တော့မယ်လို့ သက်ဆိုင်ရာပညာရေး ဝန်ကြီးဌာနကကြေညာထားပေမယ့် ခုလိုကိုဗစ်နိုင်တင်းကာလမျိူးမှာ အခြေခံပညာကျောင်းပေါင်း (၁၄၉၈) ကျောင်းရှိတဲ့ ချင်းပြည်နယ်မှာ ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့အဆင်သင့်ဖြစ်နေပြီလား။ ကျောင်းတွေကို ဘယ်လိုပုံစံနဲ့ တက်ရောက်မလဲ၊ ကျောင်းဆရာ/ဆရာမ လိုအပ်ချက်တွေကဘယ်လိုရှိနေလဲ။ အထူးသဖြင့် စစ်မက်ဖြစ်ပွားဒေသ ပလက်ဝမြို့နယ်မှာ ကျောင်းပြန်ဖွင့်နိုင်မယ့်အလားလားက ဘယ်လိုရှိနေပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကို ခိုနူမ်းသုန်သတင်းထောက် နှင်းနှင်းက မေးမြန်းထားပါတယ်။

မေး။    ။ ချင်းပြည်နယ်မှာ ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေရှိနေလဲ။

ဖြေ။       ။ ဖွင့်လှစ်နိုင်အာင်လုပ်ထားပါတယ်။ Social distancing အရ နည်းနည်း အခန်းအခက်အခဲရှိပါတယ် အခန်းနေရာထိုင်ခင်းအဆင်မပြေတာလေးတွေရှိတယ်၊ ဒါမယ့် သိပ်တော့မများပါဘူး။ မများဘူးဆိုတာက  တချို့ကျောင်းတွေဆိုရင် လူမများတော့အဆင်ပြေတယ်။ လူများတဲ့ကျောင်း ၇ ကျောင်းလောက်ဘဲရှိပါတယ်၊ အဲဒီ   ၇ ကျောင်းကို နေ့၊ ည ဒါမှမဟုတ် တစ်ပတ်ခြားပေါ့ လုပ်ရင်တော့အဆင်ပြေနိုင်တယ်။

မေး။    ။ တကယ်လို့ကျောင်းပြန်လည်ဖွင့်လှစ်တဲ့အခါမှာ ကျောင်းသားတွေက ဘယ်လိုပုံစံမျိူးနဲ့ကျောင်းတက်ကြမလဲ။  

ဖြေ။       ။ အသုတ်လိုက်ဖြစ်ဖို့များတယ်  ဒါပေမယ့်  ၄၊ ၅ကျောင်း လောက်ပဲ အသုတ်လိုက်ဖြစ်ပြီးတော့ အများစုကတော့ ပုံမှန်တိုင်းရပါတယ်၊ ချင်းကသိတဲ့ အတိုင်း ကျောင်းသားနည်းတဲ့ကျော င်းကများတယ်၊ ကျောင်းသားများတဲ့ကျောင်းက ဟားခါးမှာ ၃ ကျောင်းလောက်လဲရှိမယ် ပလက်ဝ ရှိမယ်၊ အသုတ်လိုက်က မနက်ညခွဲ မလား တစ်ပတ်ခြားခွဲမလားဆိုတာ ကျနော်တို့ လျာထားတာရှိပါတယ်။

မေး။    ။ ချင်းပြည်နယ်တစ်ပြည်နယ်လုံးက အခြေခံပညာကျောင်းအားလုံးကို ဖွင့်နိုင်မယ့်အလား အလာတကယ်ရှိပါ့မလား။

ဖြေ။       ။ ပြန်ဖွင့်နိုင်ပါတယ် ၊ ခုကပြန်ဖွင့်ဖို့ အခက်ဆုံးကျောင်းက ပလက်ဝစစ်ဘေးရှောင် ကိစ္စ အဲ့တာအရေးကြီးဆုံး ဖြစ်တယ်။ အဲ့တာလည်းပဲ ကျွန်တော်တို့ ခုနောက်ဆုံးအရဆိုရင် တော်တော်များဖွင့်နိုင်ပါတယ်၊ အ.ထ.က ဆမီး ၊ သံတောင်တို့ ပလက်ဝတစ်ခုပဲ အခက်အခဲရှိတယ်၊ နယ်ကကျောင်းတွေလည်း တော်တော်များတက်လို့ရတဲ့အနေထားတော့ရှိပါတယ်။

မေး။    ။ ဒီ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာဆိုရင် ချင်းပြည်နယ်မှာ ကျောင်းပေါင်း ၂၅၀ ကျော်ကို ကျောင်းအဆင့်တိုးမြှင့်ပေးထားပါတယ်။ ဆိုတော့ ကျောင်းဆရာ၊ ဆရာမတွေ လုံလောက်မှုအခြေအနေကော်ရှိပါမလား။ လိုအပ်ချက်တွေဘယ်လောက်လောက်ရှိနေသေးလဲ။

ဖြေ။       ။ ဆရာ/ဆရာမကတော့ လုံးဝမလုံလောက်သေးဘူး၊ မူလတန်းပြက ၂၀၉၀ လောက်လိုတယ်၊ ခုလောလောဆယ် ပြည်ထောင်စုဝန်ကြီးက ချပေးဖို့ပြောထားတာကတော့ မူလတန်းပြက ၁၇၀ ကျော်ပေါ့နော်၊ အထက်တန်းပြက ၇၅၊ အလယ်တန်းပြက ၅၁၂ လောက်ရှိတယ်၊ ဒါပေမယ့် နည်းသေးတယ်၊ ကျွန်တော်တို့ ကျောင်းထပ်တိုးတာ ၂၅၀ လောက်ဆိုတော့ ဆရာလိုအပ်ချက်ကတော့အများကြီးရှိပါသေးတယ်။

မေး။    ။ ဆရာ၊ ဆရာမ မလုံလောက်မှုတွေကိုကော် ဘယ်လိုဖြေရှင်းဖို့စီစဉ်ထားပါသလဲ။

ဖြေ။       ။ အမှန်ကခန့်ထားရေးက ပြည်ထောင်စုကလုပ်တာဆိုတော့ ကျနော်တို့ပြည်နယ်ဘက်ကနေခန့်ဖို့ကတော့ ဘွဲ့ရတွေကို စာချူပ်ချူပ်ပြီး ခန့်လို့ရအောင်လည်း လမ်းညွန်ထားပါတယ်၊ လိုအပ်ချက်ကတော့ ချက်ချင်းမဖြေရှင်း နိုင်ရင်တောင် ဖြေရှင်းနိုင်တဲ့နည်းလမ်းကတော့ရှာရမှာပေါ့၊ အခုက အထွက်တွေများနေတဲ့ အခါကျတော့ ဒီအတွက်တွေ ကိုပြန်ဖြည့်ဆည်းဖို့၊ အစားထိုးဖို့အပိုင်းက အရမ်းခက်ခဲပါတယ်။ ကျောင်းဆရာ/ဆရာမတွေက အထွက်ဘဲရှိပြီးအဝင်မရှိတော့ နေရာတိုင်းမှာ တော့ ဆရာတွေလိုအပ်တယ်၊ ခုကျောင်းအသစ်တိုးတာနဲ့ဆိုတော့ လိုအပ်ချက်တော့ ပိုများတာပေါ့။

မေး။    ။ အထူးသဖြင့် ပလက်ဝမြို့နယ်ဆိုရင် ကျောင်းပေါင်း ၃၇၀ ကျော်ရှိတယ် စစ်မက်ဖြစ်ပွားတဲ့ဒေသဆိုတော့ ကျောင်းပြန်ဖွင့်နိုင်ပါ့မလား။

ဖြေ။       ။ အရင်တုန်းက အ.ထ.က ဆမီး၊ သံထောင်လောက်ဘဲ တက်နိုင်မယ်ဆိုပြီးတင်ပြတာပေါ့ အခုနောက်ပိုင်းမှာတော့ ပလက်ဝမြို့နယ် အပေါ်ပိုင်းက ကျောင်းတွေတက်လို့ရမယ်ဆိုပြီးတင် ပြထားတာတွေရှိပါတယ်။ ကျောင်းပြန်လည်ဖွင် ့နိုင်ဖို့ကတော့ ပလက်ဝစစ်ဘေးက ပြန်လည်ငြိမ်းဖို့အရေးကြီးပါတယ်၊ ကျန်တဲ့အပိုင်းကတော့ ကျနော်တို့ဖြေရှင်းနိုင်ပါတယ်၊ ဒါပေမယ့်စစ်ဘေးရှိတဲ့နေရာကတော့ ကျနော်တို့တောင်မှ မဝင်နိုင် မသွားနိုင်ဘူးဆိုတော့ အဲဒီပြသနာက အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.