By မိုးကျော် – ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် တည်ဆောက်လျက်ရှိသော ဆူလေယဉ်ကွင်းကို လာမည့် ၂၀၂၀ စက်တင်ဘာလတွင် ဖွင့်လှစ်မည်ဟု General Department of Civil Aviation မှ Deputy Director ဦးရဲထွဋ်အောင်က ပြောဆိုကြောင်း မြန်မာတိုမ်းသတင်းစာတွင် ဖော်ပြသည်။
ကျပ်ငွေ ၃၀ ဘီလီယံကုန်ကျမည့် ဆူရ်ဘုန်လေယဉ်ကွင်းကို လွန်ခဲ့သော ၂၀၁၆-၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး လာမယ့် ၂၀၂၁-၂၂ ခုနှစ်တွင် အပြီးတည်ဆောက်ရန်ဖြစ်သော်လည်း ချင်းပြည်နယ်ကိုရောက်ရှိလာသော နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့မှ ၂၀၂၀ ခုနှစ်အတွင်း အပြီးတည်ဆောက်ရန် တွန်းအားပေးသည့်အတွက် အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း မြန်မာတိုမ်းသတင်းစာတွင်ဖော်ပြထားသည်။
ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “ ၀န်ကြီးချူပ်နဲ့ ပြည်ထောင်စုဝန်ကြီးဌာနတွေရဲ့ ညှိနှိုင်းချက်အရတော့ ဘတ်ဂျက်လည်းထည့်ထားပြီးပါပြီ ဘတ်ဂျက်ရရင်တော့ ပြီးနိုင်ပါတယ် complete တော့မဟုတ်ဘူးပေါ့နော် လေယာဉ်ပြေးလမ်း ပြီးမယ် အဲဒီဟာကို ထိန်းချူပ်မယ့်တာဝါတိုင်နဲ့ Arrival နဲ့ Departure အဲဒီအဆောက်အဦးတွေပေါ့ကျန်တာကတော့ နောက်ဘတ်ဂျက်တွေမှာ ဆက်တိုက်လုပ်သွားမယ် အခုက လေယာဉ်ဆင်းလို့ရအောင် အင်္ဂါရပ်ပြည့်စုံအောင်လုပ်ပြီးတော့ ဆင်းသွားမယ့်သဘောပေါ့ ” ဟု ပြောသည်။
ယခုလက်ရှိတွင် ဆူရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်မှုသည် (၅၀) ရာခိုင်နှုန်းကျော်ပြီးစီးနေဟု သိရပြီး ကျပ်ငွေ (၁၁) ဘီလီယံခန့်လိုအပ်နေသေးသည်ဟု ၀န်ကြီးကဆက်ပြောသည်။
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေပေါင်း(၆၀၀၀) ခန့်တွင်တည်ရှိသော ဆူရ်ဘုန်လေယာဉ်ကွင်းသည် လေယာဉ်ပြေးလမ်းအရှည်ပေ(၆၀၀၀) နှင့် အကျယ် ပေ (၁၀၀) ရှိပြီး ART 72 လေယာဉ်အမျိုးအစားများ ဆင်းသက်အသုံးပြုနိုင်ဖြစ်သည်။
ချင်းပြည်နယ်အတွင်းရှိ တီးတိန်၊ တွန်းဇံ၊ ဟားခါး တို့တွင်လည်း အသေးစားလေယဉ်ကွင်း တည်ဆောက်နိုင်ရန် ချင်းပြည်နယ်အစိုးရက လျာထားကြောင်း သိရသည်။ (ဓာတ်ပုံ – Eleven Media)