• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်၏ ပထမဆုံးဘိလပ်မြေစက်ရုံတည်ဆောက်ရန် တင်ဒါအသစ်ပြန်ခေါ်

ချင်းပြည်နယ်၏ ပထမဆုံးဘိလပ်မြေစက်ရုံတည်ဆောက်ရန် တင်ဒါအသစ်ပြန်ခေါ်

0
By Editor on May 20, 2019 Khonumthung

ချင်းပြည်နယ်၏ ပထမဆုံးဘိလပ်မြေစက်ရုံကို တာဝန်ယူတည်ဆောက်ရန် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီသည် သတ္တုတွင်းဝန်ကြီးဌာနသို့ အကြွေးတင်ထားသည့်ကုမ္ပဏီဖြစ်သောကြောင့် ကန့်ကွက်ခံရပြီး တင်ဒါအသစ်ပြန်ခေါ်နေသည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ပြည်ထောင်စုအဆင့်ကနေ တင်ဒါခေါ်တယ် တင်ဒါအောင်တဲ့ကုမ္ပဏီနဲ့ စာချူပ်ချူပ်ဖို့လုပ်တယ် ဒါပေမယ့် အဲဒီကုမ္ပဏီက ဘယ်လိုဖြစ်လဲဆိုတော့ သတ္တုတွင်း ၀န်ကြီးဌာနမှာ ရွှေလုပ်ကွက်ရထားတယ် သတ္တုတွင်းဝန်ကြီးဌာနကို ရွှေပိသာ ချိန်အများကြီးသွင်းဖို့အကြွေးတင်နေတဲ့ကုမ္ပဏီဖြစ်နေတယ် တင်ဒါအောင်တဲ့ကုမ္ပဏီက အဲဒါကြောင့် သတ္တုတွင်း ၀န်ကြီးဌာနကနေ ဒီကုမ္ပဏီကို ကန့်ကွက်တယ် အဲဒီတင်ဒါပျက်သွားတဲ့အတွက် အခု တင်ဒါထပ်ခေါ်နေတယ်” ဟု ၀န်ကြီး ဦးစိုးထက်ကပြောသည်။

ဘိလပ်မြေထုတ်လုပ်သည့် စက်ရုံကို ချင်းပြည်နယ် ဟားခါးမြို့နယ် ဘုန်ဇုံးကျေးရွာအနီးတွင် တည်ဆောက်ကြမည်ဖြစ် သည်။

အဆိုပါ ဘိလပ်မြေစက်ရုံကို နိုင်ငံခြားနှင့် ပြည်တွင်းကုမ္ပဏီ ဖက်စပ်တည်ဆောက်မည်ဖြစ်သည့်အတွက် တင်ဒါလုပ်ငန်း ကိုလည်း သေချာစီစစ်ဆောင်ရွက်နေပြီး တင်ဒါဖွင့်ပြီးနောက်ပိုင်းတွင် လုပ်ငန်းများဆက်လက်အကောင် အထည် ဖော်သွားမည်ဟု ၀န်ကြီးကဆက်ပြောသည်။

ဘုန်ဇုံးဒေသတွင် ဘိလပ်မြေထုတ်လုပ်နိုင်သည့် အနေအထားရှိမရှိ နှင့် အရည်အသွေးပြည့်မီမှုရှိမရှိကို ပြီးခဲ့ သည့်နှစ်ကတည်းက ပညာရှင်များက အချိန်ယူဆန်းစစ်လေ့လာခဲ့ကြပြီး အောင်မြင်မှုရှိခဲ့သည်ဟုသိရသည်။

ချင်းပြည်နယ်တွင် ယခုကဲ့သို့ ဘိလပ်မြေစက်ရုံတည်ဆောက်လာနိုင်ပါက ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း အတွက် များစွာအထောက်အကူပြုလာမည်ဟုလည်း ချင်းပြည်နယ် သစ်တောဝန်ကြီး ဦးမန်ဟင်းဒါလ်းကပြောသည်။

“ကျနော်တို့ကတော့ အမြန်ဖြစ်စေချင်တာပေါ့နော်၊ အကြီးစားသတ္တုတွင်းတွေက ပြည်ထောင်စုကပဲကိုင်တော့လေ ကိုယ့်ဒေသဖွံ့ဖြိုးလာမယ် ဒေသခံတွေရဲ့ အလုပ်အကိုင်ရရှိရေးကို အကျိုးပြုမယ်ပေါ့”ဟု ၀န်ကြီး မန်ဟင်းဒါလ်းကပြောသည်။

ဘုန်ဇုံးကျေးရွာသည် ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တွင်တည်ရှိပြီး ဘိလပ်မြေစက်ရုံအပြင် ဘိလပ်မြေသယ်ယူ ထုတ်လုပ်ရန် ရထားဘူတာကိုလည်း တည်ဆောက်မည်ဟုသိရသည်။ ဘိလပ်မြေထုတ်ယူမည့်ဒေသ ပတ်ဝန်ကျင်းရှိ ကျောက်များကို နိုင်ငံခြားပညာရှင်များ၏ လေ့လာဆန်းစစ်မှုအရ ရွှေဖြူလည်းထုတ်ယူနိုင်သည့်အဆင့်ရှိသည်ဟု သိရှိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.