• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ် မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲ စတင်

ချင်းပြည်နယ် မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲ စတင်

0
By Editor on May 1, 2019 Khonumthung

By လားနွန် – မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ဦးဆောင်မှုဖြင့် ချင်းပြည်နယ်ရှိ ဥပဒေပြုရေး၊ အုပ်ချူပ်ရေး၊ တရားစီရင်ရေး အဖွဲ့ အစည်းများနှင့် သတင်းမီဒီယာများပါဝင်သော “မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲ’’ ကို ဟားခါးမြို့ မြို့တော်ခန်းမ၌ ၂၅ ဧပြီ နံနက်ပိုင်း ၁၀ နာရီက စတင်ကျင်းပခဲ့ကြသည်။

ယင်း မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ်၊ ဌာနဆိုင်ရာ ညွန်ကြားမှူးများနှင့် လက်ထောက်ညွန်ကြားရေးမှူးများ ၊ တရားစီးရင်ရေးဘက်မှ ချင်းပြည်နယ် တရားသူကြီးချူပ် ဦးဝင်းမြင့်ကျော်၊ တရားလွတ်တော် တရာသူကြီး ဦးမြင့်သိန်းထွန်း၊ ဥပဒေပြုရေးဘက်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းနှင့် ဦးရာလ်နှင်၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်းစီမှ တာဝန်ရှိသူများ၊ ချင်းမီဒီယာကွန်ယက်အဖွဲ့ဝင်များမှ သတင်းသမားများတက်ရောက်ကြသည်။

ချင်းပြည်နယ် ၀န်ကြီးချူပ်၊ လွှတ်တော်ဥက္ကဌ နှင့် ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်တို့သည် ခရီးလွန်နေသည့်အတွက်ကြောင့် တက်ရောက်နိုင်ခြင်းမရှိဟုသိရသည်။

ယနေ့တွေ့ဆုံပွဲဆွေးနွေးပွဲတွင် သတင်းရယူရာတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲစိန်ခေါ်မှုများကို မီဒီယာဘက်မှ တင်ပြမည်ဖြစ်ပြီး အုပ်ချူပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဘက်မှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း ပြန်လည်ဖြေကြားကာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းဖလှယ်မှုများ ပြုလုပ်ကြမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.