ချင်းပြည်နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် Chinland Defense Force နှစ်ဘက်ကြား ဧပြီ ၂၄ ရက်မှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့အထိ စစ်ကောင်စီဘက်မှ ၁၆၅ ဦး သေဆုံးပြီး CDF ဘက်မှ အယောက် ၃၀ ကျဆုံးခဲ့ရကြောင်း သိရသည်။
CDF နှင့် စစ်ကောင်စီ နှစ်ဘက်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင်း စစ်ကောင်စီဘက်မှ ၁၆၅ ဦး၊ CDF မှ အယောက် ၃၀ နှင့် သာမာန်အရပ်သားပြည်သူ ၉ ဦး ကျဆုံးခဲ့ရကြောင်းသိရသည်။
ထို့ပြင် နှစ်ဘက်တိုက်ပွဲကြောင့် ဒဏ်ရာရသူစာရင်းမှာ စစ်ကောင်စီဘက်မှ ၁၂၃ ဦး၊ CDF ဘက်မှ ၄၅ ဦး နှင့် အရပ်သား ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း CDF ၏ ထုတ်ပြန်ချက်အရ သိရသည်။
ချင်းပြည်နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် CDF တို့မှာ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ တီးတိန်၊ ဟားခါး၊ ထန်တလန်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။