Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»စစ်မှုထမ်းဥပဒေ၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုနဲ့ ပြည်ပကို နည်းမျိုးစုံဖြင့် ထွက်ကြတဲ့လူငယ်များ
Photo credit

စစ်မှုထမ်းဥပဒေ၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုနဲ့ ပြည်ပကို နည်းမျိုးစုံဖြင့် ထွက်ကြတဲ့လူငယ်များ

0
By Editor on November 30, 2024 Featured

(002MG)

“ထိုင်းမှာ အလုပ်လုပ်ဖို့ ကျွန်တော်က အောက်လမ်းနဲ့သွားတယ်။ ကား (၁၂) ဆင့်စီးရတယ်၊ လူကလည်း ကြပ်ညှပ်နေအောင်စီးရတယ်။ ကားအရှေ့ခန်းမှာတောင် တယောက်ပေါ် တယောက်ဆင့်ပြီး (၃) ယောက်ထိုင် စီးတယ်။ စီးလိုက်၊ လမ်းလျှောက်လိုက်နဲ့ ကျွန်တော်တို့အသုတ်က (၁၂) ယောက်တစီး စီးတယ်။ မြဝတီ ရွှေကုက္ကိုဖက်ကနေသွားတယ်”

ဒါကတော့ အောက်လမ်းကနေ ထိုင်းကိုသွားပြီး ရှစ်လကြာ အလုပ်လုပ်နေတဲ့ ကိုချင်းလေး(အမည်လွဲ) က သူကြုံခဲ့ရတာကို ပြန်ပြောပြထားတာဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းမှာ သွားရောက်ပြီး အလုပ်လုပ်ဖို့ အတွက်ဆိုရင် ပွဲစားတဦးနဲ့တဦး ပွဲစားခယူတာမတူညီကြပါဘူး။ ကိုချင်းလေးတယောက်ကတော့ ထိုင်းကို အလုပ်လုပ်ဖို့ ကျပ်ငွေ (၃၅) သိန်းပေးရပြီးရောက်ခါစမှာတော့ ဆောက် လုပ်ရေးလုပ်ငန်း၊ သံပန်း၊ ဆေးသုတ် အမျိုးမျိုးကို လုပ်ကိုင်ခဲ့ရပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တစ်နေရာြပီးတစ်နေရာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တစ်ချို့ဒေသတွေမှာဆိုရင် မြို့ပေါ်အထိ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် ဒေသခံလူငယ်တချို့ဟာ အသက်ဘေးအန္တရာယ်ကနေ လွတ်မြောက်ဖို့ လုပ်လက်စအလုပ်တွေကို ရပ်နားပြီး နယ်စပ်အပါအဝင် အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်နဲ့ တခြားမြို့တွေကို ထွက်‌ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

မတိမ်းရှောင်နိုင်တဲ့လူငယ်တွေအနေနဲ့လည်း မြို့တွင်းမှာ သတိရှိရှိနေထိုင်ရင်း စားဝတ်နေ‌ရေးအတွက်အလုပ်ရှာ ကြရပါတယ်။ ဒါပေမယ့် အလုပ်အကိုင်ရှားပါးပြီး ရတဲ့အလုပ်ရဲ့ဝင်ငွေက ထွက်ငွေထက်နည်းပါးတာကြောင့် မိသားစု စားဝတ်နေရေးပြဿနာတွေကို မဖြေရှင်းပေးနိုင်ပါဘူး။၊ ဒါကြောင့်လူငယ်များစွာဟာ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ပြည်ပနိုင်ငံတွေကို ရရာနည်းလမ်းနဲ့ ထွက်ခွာနိုင်ဖို့ကြိုးစားကြရပါတော့တယ်။

ပြည်ပထွက်ခွာရာဝယ်….

ပြည်ပကို ထွက်ခွာမယ်ဆိုရင် တနိုင်ငံနဲ့တနိုင်ငံ သွားပုံသွားနည်း မတူညီကြပါဘူး။ အဓိက လမ်း ကြောင်းနှစ်ကြောင်းဖြစ်တဲ့ တရားဝင်လမ်းနဲ့ အောက်လမ်းဆိုပြီးတော့ရှိပါတယ်။ တရားဝင်လမ်းဆိုတာကပတ်စပို့၊ ဗီဇာအပါအဝင် အချက်အလက် အထောက်အထား စုံလင်စွာနဲ့ သွားရတာဖြစ် ပြီးတော့ရောက်ရှိဖို့ ပိုမြန်ပါတယ်။ အောက်လမ်းကတော့ အထက်ပါအချက် အလက်တွေမပါပဲ ယာဉ်တစ်တန်၊ကုန်းတစ်တန် ကွေ့ပတ်သွား ရတာ ဖြစ်ပြီး ပိုကြာပါ တယ်။ ဒီလိုသွားနိုင်ဖို့အတွက် များသောအားဖြင့်အေးဂျင့်တွေက အမျိုးမျိုးချိတ်ဆက်ပြီးတော့ အစအဆုံး စီစဉ်ဆောင်ရွက်ပေးကြရပါတယ်။

နိုင်ငံခြားကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ဆိုရင် အများစုက အကြွေးစနစ်နဲ့ သွားရောက်ကြတာများပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံကိုတော့ အကြွေးစနစ်နဲ့ သွားလို့မရတဲ့အတွက် အေဂျင်စီတွေဆီကုန်ကျစရိတ် ပေးဆောင်ပြီးမှ သူတို့က နိုင်ငံအတွင်းဝင်ရောက်ခွင့်အပါအဝင် အလုပ်အကိုင်ရရှိတဲ့အထိစီစဉ်ဆောင်ရွက်ပေးပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ကစပြီး စစ်ကောင်စီက တနိုင်ငံလုံးအနေနဲ့ ပြည်သူ့စစ်မူထမ်းဥပဒေပြဌာန်းခဲ့ တာကြောင့် နိုင်ငံဒေသအနှံ့အပြားက လူငယ်တွေအနေနဲ့ ပြည်ပနိုင်ငံတွေကိုသွားရောက်ဖို့ကြိုးစားအားထုတ်မှု ပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။

ပြည်သူ့စစ်မူထမ်း ဥပဒေပြဌာန်းချက်အရ အမျိုးသားဖြစ်မယ်ဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅နှစ်၊ အမျိုးသမီး ဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၂၇ ခုနှစ် အတွင်းဖြစ်ပြီးတော့ ကျွမ်းကျင်သူအမျိုးသားဆိုရင် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေအသက် ၃၅ နှစ်အတွင်း ဖြစ်ရမယ်လို့ ဖော်ပြထား တဲ့အတွက် စစ်မူထမ်းရမယ့်အရွယ် လူငယ်တွေ ကြားစိုးရိမ်မူတွေ မြင့်တက်လာခဲ့ပါတယ်။

ဒါကြောင့်မို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံအပြင် နိုင်ငံရပ်ခြားတွေစီကို တရားမဝင်နည်းနဲ့ ဝင်ရောက်ဖို့ ကြိုးစားသူ လူငယ်အများအပြားရှိလာရတာဖြစ်ပြီး အလုပ်လုပ်ကိုင်ဖို့နဲ့ ကျောင်းတက်ရောက်ဖို့ ပြည်ပကို ထွက်ခွာသူလည်း များပြားလာတာဖြစ်ပါတယ်။

ကလေးမြို့နဲ့ ချင်းပြည်နယ်က လူငယ်အများစုထဲကတစ်ဦးဖြစ်တဲ့ ချင်းလူငယ် ကိုဆလိုင်း (အမည်လွှဲ) ဟာလည်း ကိုးရီးယားနိုင်ငံကို ကျောင်းသားဗီဇာ (Student Visa) နဲ့ သွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက် အစီစဉ်ရှိခဲ့ ပေမယ့် လက်ရှိမှာတော့ မလေးရှားနိုင်ငံ ထမင်းဆိုင်တဆိုင်မှာပဲ အလုပ်ဝင်ဖြစ်ခဲ့ပုံကို အခုလို ပြောပြထားပါတယ်။

“ကျွန်တော် ကိုးရီးယားစာ သင်ယူနေတဲ့အချိန်မှာပဲ ဖေဖော်ဝါရီလ (၁၀) နေ့မှာ စစ်တပ်ကနေ လူငယ်တွေ စစ်မူထမ်း ရမယ့်ဆိုတဲ့ ဥပဒေထုတ်ပြန်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ လူငယ်တွေ အတွက်ကယိမ်းကယိုင် ဖြစ်သွားတယ်။ ကျွန်တော်ရိပ်မိတာက မလုံခြုံတော့ဘူးဆိုပြီး ပြည်ပကိုရှေ့ရေးအတွက်ထွက်ခွာဖို့ပေါ့နော်။ထိုင်းဗီဇာတွေက တောက်လျှောက်တန်းစီးနေတာ ကျွန်တော် အမြန် ထွက်လို့မရဘူး။အမြန်ထွက်လို့ရတဲ့ နေရာလျှောက်တော့ စင်ကာပူရှိတယ်၊ လက်ရှိငွေနဲ့ရောက် နိုင်တဲ့နိုင်ငံကို ကျွန်တော်ရွေးပြီး အသက်သာဆုံးနည်းလမ်းကိုရှာတော့ ဒီ မလေးရှားပဲဖြစ်တယ်”

လက်တလောမှာ ကိုဆလိုင်းဟာ မလေးရှားနိုင်ငံရဲ့ စားသောက်ဆိုင်တဆိုင်ရဲ့ ထမင်းချက်ပြုတ်ရေးအပိုင်းမှာ တရားမဝင် အလုပ်ဝင်လုပ်ကိုင်နေရသလို မလေးရှားနိုင်ငံ ရဲတွေရဲ့ ဖမ်းဆီးမှုခံရမှာကိုလည်းနေ့တိုင်း စိုးရိမ်နေရတယ်ဆိုပြီး သူက ဆက်ပြောပါတယ်။

“လမ်းသွားလမ်းလာမှာတော့ ရဲတွေလိုက်ပတ်တာတွေရှိတော့ လိုက်ရှောင်နေရတယ်။ ပွင့်လင်းစွာပြောရရင် ရင်ခုန်နေရ တယ်၊ တခါတလေတောင် စားသောက်ဆိုင်မှာ ရဲတွေထိုင်ရင်၊ ကိုယ့်ဘေးမှာဖြတ်သွားရင်တောင်မှ ကြောက်တုန် လန့်နေရတယ်”

မြန်မာနိုင်ငံသား အများစုဟာ ပြည်ပနိုင်ငံတွေစီကို အလုပ်လုပ်ကိုင်ကြရသလိုမလေးရှားနိုင်ငံမှာဆိုရင်လည်း မလေးရှား အာဏာပိုင်တွေက နိုင်ငံအတွင်းမှာ တရားမဝင်အလုပ်လုပ်နေတဲ့သူတွေ၊ အထောက်အထားမဲ့သူတွေ ကို တင်းတင်း ကြပ်ကြပ် ဖမ်းဆီးတာတွေကိုလည်း ပိုပြီးလုပ်ဆောင်လာခဲ့ပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံအတွင်းမှာ တရားမဝင် အလုပ်လုပ်နေသူတွေအနေနဲ့ ဖမ်းဆီခံရရင် နှစ်ပတ်ရမန်ကြီး ယူရတဲ့အပြင် တရားရုံးမှာ အမှုစွဲချက်တင်တာ၊ တရားမဝင် ဝင်ရောက်ပြီးအလုပ်လုပ်တာတွေကြောင့် ထောင်ဒဏ် (၃) လကနေ (၆) လအထိ ချမှတ်ခံရနိုင်သလိုရှေ့နေဌားဖို့တတ်နိုင်တယ်ဆိုရင် ဒဏ်ကြေးအနေနဲ့ မလေးရှား ရင်းဂစ် (၁) သောင်းအထိပေး ဆောင်ရပါတယ်။ ဒီပမာဏဟာ လက်ရှိ မြန်မာငွေလဲနှုန်းအရဆို ကျပ်သိန်း (၁၀၀) ပမာဏနီးပါး ရှိပါတယ်။

ဒါကြောင့်မို့ ပြည်ပနိုင်ငံတွေကို တရားမဝင် အလုပ်လုပ်နေကြတဲ့သူတွေ၊ အထောက်အထားမဲ့ အလုပ်လုပ် တွေအနေနဲ့ ဒဏ်ကြေး မလျော်နိုင်ရင် ထောင်ဒဏ်ကျခံရမှာ စိုးရိမ်နေကြရသလို မြန်မာပြည်ကိုပြန်ပို့ခံရမှာကို လည်း စိုးရိမ်နေကြ ရပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ မလေးရှားနိုင်ငံအပြင် ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နိုင်နေကြရတဲ့အတွက် အလုပ်ကိုင် ပါမစ် (သို့မဟုတ်) UN ( ဒုက္ခသည်ကတ်) ရှိထားရမှာဖြစ်သလိုလုပ်ငန်းရှင်တွေဖက်က ကုန်ကျစရိတ် ကျခံပြီး တရားဝင် လမ်းကြောင်းကနေ ခေါ်တဲ့ အလုပ်တွေ၊တရားဝင် အေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး တရားဝင်လမ်းကြောင်းနဲ့ အလုပ်လုပ် ကိုင်ကြဖို့ လိုအပ်ပါတယ်။

အခုချိန်မှာ မြန်မာနိင်ငံကနေ ပြည်ပနိုင်ငံတွေကို သွားရောက်လုပ်ကိုင်နိုင်ဖို့အတွက်ဆိုရင် အများအားဖြင့် အေဂျင်စီ (အရပ်ခေါ် ပွဲစား) တွေကနေ ချိတ်ဆက်ပေးပြီးတော့ ဒူဘိုင်း၊ အိုမန်၊ စင်ကာပူနဲ့ထိုင်းနိင်ငံတွေကို အမျိုးသမီးအများစုကတော့ သွားရောက်ကြပြီး အိမ်အကူ၊ သက်ကြီးသူတွေပြုစုတာ၊ဥယျာဉ်ခြံစိုက်ပျိုး စတဲ့လုပ်ငန်းတွေ လုပ်ကိုင်ကြရပါတယ်။

ပြည်ပနိုင်ငံမှာ အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် အသက်အရွယ်ကန့်သတ်ထားတာမျိုးမရှိပေမယ့် အိုမန်၊ဒူဘိုင်း နိုင်ငံတို့အတွက် အသက် (၁၈) နှစ်ကနေ သွားရောက်ကြပြီးတော့ စင်ကာပူနိုင်ငံကတော့ အသက်(၂၅) နှစ် ပြည့်ပြီးတဲ့သူတွေ၊ လုပ်ငန်းအတွေ့ အကြုံရှိပြီးသားသူတွေ အလုပ်အကိုင်ရဖို့ပိုလွယ်ကူတယ်ဆိုပြီး ရန်ကုန် အေဂျင်စီ (အရပ်ခေါ်ပွဲစား) လုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသမီးက ပြောပါတယ်။

“အထူးသဖြင့် ကျမဆီမှာ တို့ချင်းလူမျိုးတွေများတယ်။ တမူးဖက်၊ ချင်းပြည်နယ် နေရာစုံကလာ တယ်။ အရင်နဲ့မတူ တော့ဘူး။ အိုမန်ဆိုရင် လဖြတ်က လူသစ်ဆိုရင် (၃) လ၊ အရင်က (၂) လပဲ။ အခု Showmoney ပြရတာ သိန်း (၄၀) နီးပါးဖြစ်သွားတယ်။ စင်ကာပူလူသစ်က (၇) လ။ မသွားခင်တော့ ရန်ကုန်မှာ ဘာသာစကား အတွက် စာလေ့လာရမယ်။ သန့်ရှင်းရေး လုပ်နည်းတွေသင်ပေးတယ်။ လူ ဟောင်း(အရင်ကသွားဖူးတဲ့သူ)၊ ပြီးရင် ဘာသာစကားတခုခု ကျွမ်းပြီး သားသူဆိုရင် အလုပ်ရဖို့က ပိုလွယ်သလိုလစာလည်း ကောင်းကောင်းရတာပေါ့နော်”

ပြည်ပနိုင်ငံကို သွားရောက်လုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်ထားတဲ့ အမျိုးသမီးတွေအနေနဲ့ အတန်း ပညာအရည်အချင်း မလိုအပ်ပေမယ့် ကျန်းမာသန်စွမ်းသူဖြစ်ရမယ့်အပြင် ရောဂါပိုး B ပိုး၊ C ပိုး။ HIV၊ TB ပိုး၊ကိုယ်ဝန် ရှိ/မရှိ ကြိုတင် ဆေးစစ်ဆေးချက် အောင်ထားရသူတွေဖြစ်ရမယ်လို့လည်း ပွဲစားတွေဆီကနေ သိရပါတယ်။

အခုအချိန်မှာတော့ ပြည်တွင်းမှာ စီးပွားရေး ပိုကျပ်တည်းလာသလို လုပ်အားခထက် ဝင်ငွေနည်းပါးတာ တွေကြောင့် ပြည်တွင်းက အမျိုးသမီး၊ လူငယ်အများစုဟာ မိသားစုကိုခွဲခွာပြီးတော့ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်လာကြတာဖြစ်ပါတယ်။

ကလေးမြို့က အထည်လုပ်ငန်းရှင်တစ်ချို့ဟာလည်း ရိုးရာယက်ကန်းအထည်တွေကို ချုပ်လုပ်ပြီး နိုင်ငံတကာကို တင်ပို့ရောင်းချနေကြတာပါ။ ဒါပေမယ့် အခုချိန်မှာတော့ ချည်ထည်ကုန်ကြမ်း‌ဈေးနှုန်းအဆမတန် မြင့်တက် လာတဲ့အတွက် အရင်ကလို ပုံမှန်မလုပ်ကိုင်နိုင်ကြတော့ပါဘူး။ ဒီလိုအခက်အခဲတွေကြောင့် စက်ချုပ်တဲ့အလုပ်၊ ရိုးရာယက်ကန်းခတ်တဲ့အလုပ်နဲ့ ဝမ်းစာရှာနေတဲ့ လူငယ်တွေဟာ အလုပ်လက်မဲ့ပြဿနာ ကြုံတွေ့နေကြရပါတယ်။

ကလေးမြို့မှာနေထိုင်ပြီး စက်ချုပ်ရင်း ချင်းရိုးရာအထည်တွေကို နိုင်ငံခြားတင်ပို့တဲ့ အလုပ်လုပ်ကိုင်တာက အရင်အချိန် အတွက်ဆိုရင် အဆင်ပြေတယ်လို့ ဆိုရပေမယ့် အခုအချိန်မှာတော့ ဒီလုပ်ငန်းတွေရဲ့ ဝင်ငွေလေးနဲ့ မိသားစုစားဝတ်နေ ရေးကို မဖူလုံကြပါဘူး။ ဒါကြောင့်လုပ်ငန်း ရပ်တန့်ပြီးစင်ကာပူနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ဖို့ စီစဉ်ရတဲ့အကြောင်း ရင်းကို မရိုစီ (အမည်လွဲ) ကအခုလို ပြောပြထားပါတယ်။

“အရင်ကဆို စက်ချုပ်တယ်။ နိုင်ငံခြားဖက်ကမှာတဲ့ ဒီကချင်းအထည်၊ ရိုးရာအဝတ်တွေဝယ်ပြီး ဟိုကိုပို့တယ်။ အခုက အဲဒါနဲ့ပဲ ရပ်တည်လို့ မရတော့ဘူး။ မိသားစုဝင်တွေထဲမှာ နာတာရှည်ရောဂါသည်၊ဆေးပဲသောက်နေရတဲ့ သူကရှိသေး တယ်ဆိုတော့ လတိုင်း ဆေးဖိုးရှိသေးတယ်။ အိမ်ကမောင်ဆိုရင်လည်း ကျောင်းတက်သေးတာ။ သူတို့အတွက်လည်း ညီမ မရုန်းထွက်ရင် ရှာမဲ့လူမရှိဘူး။ အခုကတော့ ဒီလကုန်ရင် ကလေးကနေထွက်မယ်။ ကျန်းမာမယ် အဆင်ပြေရင်တော့ ထွက်နိုင်မှာပါ။နိုင်ငံခြားထွက်ရင် အိမ်လည်း ပံပိုးပေးလို့ရတာပေါ့။ စင်ကာပူက မြန်မာသံရုံးရှိတော့ တခုခုဆိုရင် လည်းစိတ်ချ၊ ဆက်သွယ်လို့ရတယ်လေ”

အခုလက်ရှိအချိန်မှာတော့ ချင်းပြည်နယ်ဒေသတွေမှာ နိုင်ငံရေးမတည်ငြိမ်သေးဘဲ စစ်ရေးဖြစ်ပွားတာတွေ ရှိနေသေးတဲ့ အတွက် ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေဟာ ကလေးမြို့ပေါ်မှာ စစ်ဘေးခိုလှုံဖို့ရောက်လာက်ကြပြီး စစ်ဘေးရှောင်ဦးရေဟာလည်း တနေ့ထက်တနေ့တိုးတိုးလာနေပါတယ်။

ဒါ့အပြင် ကလေးမြို့ပေါ်မှာလည်း စစ်ကောင်စီက နေ့တိုင်းဆိုသလို ကားတွေနဲ့ မြို့ပတ်ပြီး စစ်ဆေးတာ တွေပိုလုပ်လာသလို စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇) အတွက် စစ်သားသစ်စုဆောင်း မှုတွေဟာလည်း ပိုများလာတာ တဲ့အတွက် လူငယ်တွေကြားမှာ စိုးရိမ်မူ မြင့်တက်နေပါတယ်။

ကလေးမြို့နဲ့ ချင်းပြည်နယ်ဒေသတွေမှာ နိုင်ငံရေးမတည်ငြိမ်သေးဘဲ စစ်ရေးတင်းမာနေသေးတဲ့ အတွက်လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအပြင် အနာဂတ်ရှေ့ ရေးဟာလည်း မရေရာပဲ လမ်းပျောက်နေ သလို ပြည်ပမှာ ရောက်ရှိ နေကြတဲ့ လူငယ်တွေဟာလည်း အလုပ်အကိုင် အဆင်မပြေမူ၊ ခက်ခဲမူပေါင်းများစွာနဲ့ ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.