• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ် ဝန်ကြီး ၂ ဦးနှင့် လွှတ်တော်ဥက္ကဌတို့ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ

ချင်းပြည်နယ် ဝန်ကြီး ၂ ဦးနှင့် လွှတ်တော်ဥက္ကဌတို့ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ

0
By Editor on February 10, 2021 Khonumthung

#Unicode

By လားနွန် – မြန်မာ့တပ်မတော်မှ နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီလ (၁) ရက်နေ့ သိမ်းယူပြီးနောက် ဖမ်းဆီးခံရသော ချင်းပြည်နယ် ဝန်ကြီးချူပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးအများစုပြန်လည်လွတ်မြောက်လာသော်လည်း ဝန်ကြီး ၂ ဦးနှင့် လွှတ်တော်ဥက္ကဌ၊ ဒု-ဥက္ကဌတို့ကို ဖမ်းဆီးထိန်းသိမ်းထားဆဲဟုသိရသည်။
တပ်မတော်မှ ယနေ့ချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားသည့် ပုဂ္ဂိုလ်များမှာ ချင်းပြည်နယ် စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအား၊ ချင်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ့နှင့် ဒုတိယလွှတ်တော်ဥက္ကဌ ဦးတိတ်ထန်းတို့ဖြစ်ကြသည်။
ချင်းပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်မင့်ထန်က “အိမ်မရောက်သေးတာရှိတယ် ဦးစိုးထက်နှင့် ဦးဖွေအား တပ်ကုန်းမှာ ပဲထင်တယ် ကျနော်ကတော့ အိမ်ရောက်ပြီ ညမအိပ်ဘူး ကျနော်ကတော့ ညမအိပ်ပါဘူး အဲဒီနေ့ညနေမှာပဲ အိမ်ပြန်ရောက်ပါတယ် ဝန်ကြီးချုပ်လည်းမနေ့က အိမ်ပြန်ရောက်ပြီ အခုအိမ်ကတော့ တစ်လုံးခြင်းစောင့်ထားတာတော့ မဟုတ်ဘူး ဝန်းကိုပိတ်ထားတယ် အိမ်ယာအဝင်အထွက်ပိတ်ထားတာပဲရှိတယ် ကိုယ့်အိမ်မှာတော့ လွတ်လွတ်လပ်လပ်ပဲနေလို့ရတယ် လုပ်စရာရှိတာလုပ်လို့ရတယ် ဒီတစ်ခေါက်ကတော့ အံ့သြစရာကောင်းတယ် အားလုံးက ချိုချိုသာသာပဲ ပုံမှန်လေးပဲဆက်ဆံတယ် ဟိုမှာလည်း မေးမြန်းတာဘာညာမရှိဘူး သူတို့ရဲ့စီမံချက်ဘာကြောင့်လုပ်တာလဲဆိုတာ အဲဒါပဲရှင်းပြတယ်” ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။
ယခုလက်ရှိတွင် ၎င်းတို့ကို ဝန်ကြီးအိမ်ယာနေအိမ်အတွင်း အကျယ်ချူပ်သဘောဖြင့်ထားရှိကာ အဝင်အထွက်ဂိတ်ကို စစ်သားတွေက စောင့်ကြပ်ထားသည်ဟုသိရသည်။
လက်ရှိဖြစ်ပျက်နေသည့်အခြေအနေနှင့်ပတ်သက်၍ ဝန်ကြီး ဦးပေါင်လွန်မင်ထန်က “သူတို့က ရွေးကောက်ပွဲရလဒ်အပေါ်မှာမကျေနပ်တာ သုံးကြိမ်တိုင်တိုင်တင်ပြပြီးတော့ မဖြေရှင်းဘူးမလုပ်ဘူး အဲဒီကိစ္စတွေကြောင့် ဒီအခြေအနေဖြစ်သွားတာပေါ့ အဲဒီတစ်ခုပဲ သူတို့ပြောပါတယ် အမှန်ကတော့ ကျနော့်အမြင်မှာတော့ ညှိုနှိုင်းလို့ရတဲ့ဟာမျိုး ညှိုနှိုင်းဖြေရှင်းပြီးတော့ ဒီရွေးကောက်ပွဲက error ရှိရင်လည်း ဘယ်မှာရှိလဲ ကျနော်တို့ သိသလောက်တော့ ကျနော်တနိုင်ငံလုံးကိုတော့မသိပါဘူး ကိုယ့်ဒေသအချင်းချင်းမှာတော့ အဲလောက်ကြီးတော့ဘာမှမရှိဘူး ဒါပေမဲ့ သူတို့ထောက်ပြတဲ့နေရာလေးတွေ ဆွေးနွေးညိုနှိုင်းသင့်တယ် အခုက ဒီလိုဖြစ်လာတော့ သိပ်တော့မကောင်းဘူး အထူးသဖြင့် ကျနော်တို့ တိုင်းရင်းသားပါတီ လူအနည်းစုတွေနဲ့တော့ ပိုပြီးတော့ ဒုက္ခရောက်တာပေါ့ နိုင်ငံတော်ကလည်း ဒီလိုသွားမယ်ဆိုရင် အနည်းအကျဉ်းလေးတော့ ဒုက္ခရောက်မှာပဲ စီးပွားရေးအရ လူမှုရေးအရ ပညာရေး ကျန်းမာရေးထိခိုက်မှုရှိလာမှာပဲ အဲဒါကြောင့် ဒီလိုမဖြစ်အောင်တော့ ကျနော်တော့ ညှိုညှိုနှိုင်းနှိုင်းနဲ့ လုပ်သင့်တယ်လို့ပြောချင်တယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးမှ အမိန့် ကြေညာစာအမှတ် ၁/၂၀၂၁ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင် ရေးလုပ်ငန်းများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပြောင်းလိုက်ကြောင်းကြေညာခဲ့သည်။
တပ်မတော်က အာဏာလွှဲပြောင်းမရယူခင် မနက်အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီ ဗဟိုကော်မတီများ နှင့် နိုင်ငံရေးသမား အချို့ကို ဖမ်းဆီးခဲ့ပြီး အချို့မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
#Zawgyi

By လားႏြန္ – ျမန္မာ့တပ္မေတာ္မွ နိုင္ငံေတာ္အာဏာကို ေဖေဖာ္ဝါရီလ (၁) ရက္ေန႔ သိမ္းယူၿပီးေနာက္ ဖမ္းဆီးခံရေသာ ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဴပ္ႏွင့္ အစိုးရအဖြဲ႕ဝန္ႀကီးအမ်ားစုျပန္လည္လြတ္ေျမာက္လာေသာ္လည္း ဝန္ႀကီး ၂ ဦးႏွင့္ လႊတ္ေတာ္ဥကၠဌ၊ ဒု-ဥကၠဌတို႔ကို ဖမ္းဆီးထိန္းသိမ္းထားဆဲဟုသိရသည္။

တပ္မေတာ္မွ ယေန႔ခ်ိန္ထိ ဖမ္းဆီးထိန္းသိမ္းခံထားသည့္ ပုဂၢိဳလ္မ်ားမွာ ခ်င္းျပည္နယ္ စည္ပင္သာယာေရး၊လၽွပ္စစ္ႏွင့္ စက္မႈလက္မႈဝန္ႀကီး ဦးစိုးထက္၊ ျပည္နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေဖြအား၊ ခ်င္းျပည္နယ္လႊတ္ေတာ္ ဥကၠဌ ဦးဇိုဘြဲ႕ႏွင့္ ဒုတိယလႊတ္ေတာ္ဥကၠဌ ဦးတိတ္ထန္းတို႔ျဖစ္ၾကသည္။

ခ်င္းျပည္နယ္လူမႈေရးဝန္ႀကီးဦးေပါင္လြန္မင့္ထန္က “အိမ္မေရာက္ေသးတာရွိတယ္ ဦးစိုးထက္ႏွင့္ ဦးေဖြအား တပ္ကုန္းမွာ ပဲထင္တယ္ က်ေနာ္ကေတာ့ အိမ္ေရာက္ၿပီ ညမအိပ္ဘူး က်ေနာ္ကေတာ့ ညမအိပ္ပါဘူး အဲဒီေန႔ညေနမွာပဲ အိမ္ျပန္ေရာက္ပါတယ္ ဝန္ႀကီးခ်ဳပ္လည္းမေန႔က အိမ္ျပန္ေရာက္ၿပီ အခုအိမ္ကေတာ့ တစ္လုံးျခင္းေစာင့္ထားတာေတာ့ မဟုတ္ဘူး ဝန္းကိုပိတ္ထားတယ္ အိမ္ယာအဝင္အထြက္ပိတ္ထားတာပဲရွိတယ္ ကိုယ့္အိမ္မွာေတာ့ လြတ္လြတ္လပ္လပ္ပဲေနလို႔ရတယ္ လုပ္စရာရွိတာလုပ္လို႔ရတယ္ ဒီတစ္ေခါက္ကေတာ့ အံ့ၾသစရာေကာင္းတယ္ အားလုံးက ခ်ိဳခ်ိဳသာသာပဲ ပုံမွန္ေလးပဲဆက္ဆံတယ္ ဟိုမွာလည္း ေမးျမန္းတာဘာညာမရွိဘူး သူတို႔ရဲ့စီမံခ်က္ဘာေၾကာင့္လုပ္တာလဲဆိုတာ အဲဒါပဲရွင္းျပတယ္” ခ်င္းျပည္နယ္လူမႈေရးဝန္ႀကီး ဦးေပါင္လြန္မင့္ထန္ကေျပာသည္။

ယခုလက္ရွိတြင္ ၎တို႔ကို ဝန္ႀကီးအိမ္ယာေနအိမ္အတြင္း အက်ယ္ခ်ဴပ္သေဘာျဖင့္ထားရွိကာ အဝင္အထြက္ဂိတ္ကို စစ္သားေတြက ေစာင့္ၾကပ္ထားသည္ဟုသိရသည္။
လက္ရွိျဖစ္ပ်က္ေနသည့္အေျခအေနႏွင့္ပတ္သက္၍ ဝန္ႀကီး ဦးေပါင္လြန္မင္ထန္က “သူတို႔က ေရြးေကာက္ပြဲရလဒ္အေပၚမွာမေက်နပ္တာ သုံးႀကိမ္တိုင္တိုင္တင္ျပၿပီးေတာ့ မေျဖရွင္းဘူးမလုပ္ဘူး အဲဒီကိစၥေတြေၾကာင့္ ဒီအေျခအေနျဖစ္သြားတာေပါ့ အဲဒီတစ္ခုပဲ သူတို႔ေျပာပါတယ္ အမွန္ကေတာ့ က်ေနာ့္အျမင္မွာေတာ့ ညႇိုႏွိုင္းလို႔ရတဲ့ဟာမ်ိဳး ညႇိုႏွိုင္းေျဖရွင္းၿပီးေတာ့ ဒီေရြးေကာက္ပြဲက error ရွိရင္လည္း ဘယ္မွာရွိလဲ က်ေနာ္တို႔ သိသေလာက္ေတာ့ က်ေနာ္တနိုင္ငံလုံးကိုေတာ့မသိပါဘူး ကိုယ့္ေဒသအခ်င္းခ်င္းမွာေတာ့ အဲေလာက္ႀကီးေတာ့ဘာမွမရွိဘူး ဒါေပမဲ့ သူတို႔ေထာက္ျပတဲ့ေနရာေလးေတြ ေဆြးေႏြးညိဳႏွိုင္းသင့္တယ္ အခုက ဒီလိုျဖစ္လာေတာ့ သိပ္ေတာ့မေကာင္းဘူး အထူးသျဖင့္ က်ေနာ္တို႔ တိုင္းရင္းသားပါတီ လူအနည္းစုေတြနဲ႔ေတာ့ ပိုၿပီးေတာ့ ဒုကၡေရာက္တာေပါ့ နိုင္ငံေတာ္ကလည္း ဒီလိုသြားမယ္ဆိုရင္ အနည္းအက်ဥ္းေလးေတာ့ ဒုကၡေရာက္မွာပဲ စီးပြားေရးအရ လူမႈေရးအရ ပညာေရး က်န္းမာေရးထိခိုက္မႈရွိလာမွာပဲ အဲဒါေၾကာင့္ ဒီလိုမျဖစ္ေအာင္ေတာ့ က်ေနာ္ေတာ့ ညႇိုညႇိုႏွိုင္းႏွိုင္းနဲ႔ လုပ္သင့္တယ္လို႔ေျပာခ်င္တယ္” ဟု ေျပာသည္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မနက္ပိုင္းက ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္သမၼတ႐ုံးမွ အမိန႔္ ေၾကညာစာအမွတ္ ၁/၂၀၂၁ျဖင့္ နိုင္ငံေတာ္အား အေရးေပၚအေျခအေနေၾကညာခဲ့ၿပီး နိုင္ငံေတာ္၏ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး တရားစီရင္ ေရးလုပ္ငန္းမ်ားကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ အာဏာလႊဲေျပာင္းလိုက္ေၾကာင္းေၾကညာခဲ့သည္။

တပ္မေတာ္က အာဏာလႊဲေျပာင္းမရယူခင္ မနက္အေစာပိုင္းတြင္ ေဒၚေအာင္ဆန္းစုၾကည္၊ နိုင္ငံေတာ္သမၼတႏွင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕ဝင္မ်ား၊ တိုင္းႏွင့္ျပည္နယ္ အစိုးရအဖြဲ႕ဝင္မ်ား၊ NLD ပါတီ ဗဟိုေကာ္မတီမ်ား ႏွင့္ နိုင္ငံေရးသမား အခ်ိဳ႕ကို ဖမ္းဆီးခဲ့ၿပီး အခ်ိဳ႕မွာ ေနအိမ္သို႔ ျပန္လည္ေရာက္ရွိေနၿပီျဖစ္ေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

တာဟန်းစျေးအနီး နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.