• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Featured»ချင်းအမျိုးသားရေးပြန်လည်စည်းလုံးရေးလှုပ်ရှားမှုများသမိုင်း (အပိုင်း ၁)

ချင်းအမျိုးသားရေးပြန်လည်စည်းလုံးရေးလှုပ်ရှားမှုများသမိုင်း (အပိုင်း ၁)

0
By Editor on March 18, 2023 Featured

ရေး – Ro Sang

Zo Reunification Organization (ZORO)

မြန်မာနိုင်ငံတွင် ချင်းလူမျိုးဟုအသိအမှတ်ပြုထားသော တိုင်းရင်းလူမျိုးများအား အိန္ဒိယနိုင်ငံဖက်တွင် မီဇိုး (Mizo) ဟုလည်းကောင်း၊ ကူကီး (Kuki) ဟုလည်းကောင်း၊ မြန်မာနိုင်ငံတွင် ချင်း (Chin) ဟုလည်းကောင်း ခေါ်ဝေါ်ကြပါသည်။ နိုင်ငံကွဲပြားခြင်း၊ ရှေးမှတ်တမ်း များကွဲပြားခြင်း၊ ပြည်နယ်များကွဲပြားခြင်းကြောင်း သီးခြားလူမျိုးအဖြစ် သတ်မှတ်ခဲ့ကြလေသည်။

သို့သော် ထိုတိုင်းရင်းသားလူမျိုးအကြားတွင် မျိုးနွယ်စုပြန်လည်စည်းလုံးရေး ပြန်လည်ကြိုးစားခြင်းအား ၁၉၀၀ ပတ်ဝန်းကျင်ခန့်လောက်မှ စတင်လှုပ်ရှားလာရာ ထိုလှုပ်ရှားမူအား ဗဟုသုတအဖြစ်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇိုပြန်လည်စည်းလုံးရေးအစည်းအရုံးမူလအစ (Original of Zo Reunification Organization)

၁၉၈၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် မီဇိုရမ်းပြည်နယ်မှ Brig T. Sailo ဦးဆောင်သော People’s Conference (PC) နှင့် မဏိပူရ ပြည်နယ်မှ T. Gougin ခေါင်းဆောင်သော Zomi National Congress(ZNC) တို့ပါတီကြီး နှစ်ရပ်တို့၏ တွေ့ဆုံ အစည်းအဝေးအား မဏိပူရပြည်နယ်၊ လမ်ကား (Lamka) မြို့၌တွေ့ဆုံကြကာ နိုင်ငံတကာရှိ ချင်းတိုင်းရင်းသားလူမျိုးများ အမျိုးသားပြန်လည်စည်းလုံးမှု တည်ဆောက်ရေးအတွက် ဆွေးနွေးခဲ့ကြလေသည်။ ထို့နောက် နောက်ဆက်တွဲအားဖြင့် ၁၉၈၈ ခုနှစ် မေလ ၁၈-၁၉ ရက်နေ့၊ မီဇိုရမ်းပြည်နယ်၊ ချန်ဖိုင်းမြို့(Champhai) ချင်းပြည်နယ်အနီးတွင် ပထမဆုံး ကမ္ဘာဇိုမီးကွန်ဗင်ရှင်း (First World Zomi Convention) အားပြုလုပ်ကျင်းပခဲ့ကြပါသည်။ မှတ်တမ်းများအရ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံများမှာ ကိုယ်စားလှယ်များ ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်းဆိုပါသည်။

(မှတ်ချက်။ ယခင်အချိန်က သုံးစွဲခဲ့သော “Zo, Zomi” ဆိုသည့်စကားလုံးများသည် မြန်မာပြည်အခေါ် အဝေါ်အားဖြင့် “ချင်း” ဆိုသည့် တိုင်းရင်သားများကိုဆိုလိုခြင်းဖြစ်လေသည်။ Zo ဆိုရာတွင် အမည်တူသည့် ချင်းလူမျိုးအတွင်းမှ Zo သို့ Yo မျိုးနွယ်စုများနှင့်လည်း မမှားစေလိုပါ။)

ထိုအစည်းအဝေးကြီးမှ ဆုံးဖြတ်သဘောတူညီချက်အရ Zo Reunification Organization (ZORO) အား စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြလေသည်။ ထိုအစည်းအဝေးတွင် ဆွေးနွေးချက်များအား ဆွေးနွေးကြကာ #ချင်း၊ #မီဇိုး၊ #ကူကီးနှင့် #ဇိုမီးဟု ကွဲပြားစွာ ခေါ်ဝေါ်ကြသည့်လူမျိုးစုများအတွက် “Zo” ဆိုသည့် စကားလုံး အား အသုံးပြုကြရန်သဘောတူခဲ့ကြလေသည်။

ဆုံးဖြတ်ချက်အချို့မှာ –

(i) The nomenclature of the Zo ethnic group of people who traced common origin from Chhinlung should be ‘Zo.’ ချင်းလုံဆိုသည့်နေရာမှ တူညီစွာဆင်းသက်လာသည့် လူမျိုးအုပ်စု များ အားလုံးအား ဇို ဆိုသည့် အမျိုးသား အမည်ဖြင့်ခေါ်ဝေါ်ရန်

(ii) Steps should be taken up to integrate the Zo ethnic tribes who are already scattered in territories of three sovereign countries နိုင်ငံသုံးနိုင်ငံတွင် ကွဲပြားစွာတည်ရှိနေသော လူမျိုးစုများအား ပြန်လည်စုစည်းရန် အဆင့် ဆင့်ဆောင်ရွက်ရန်

(iii) Appeals should be made so that accommodative approach should be adopted by various groups and tribes for better unification and integration ပိုမိုကောင်းမွန်သော ပေါင်းစည်းမှုအတွက် ရှိထားသော အုပ်စုများ၊ လူမျိုးစုများ အားလက်ခံခြင်းဖြင့်ချဉ်းကပ်ရန်

(iv) Political forum should be established so as to initiate necessary steps for speedy pursuance of unification campaign. အမျိုးသားပြန်လည်စည်းလုံးရေး အရှိန်အဟုန်မြန်ဆန်ရန်အတွက် နိုင်ငံရေးတွေ့ ဆုံမှုများအား ဆောင်ရွက်ရန် (Declaration of the Convention, 1988).

ထိုအချိန်က ဇိုပြန်လည်စည်းလုံးရေးအစည်း အရုံး(Zo Reunification Organization)အဖွဲ့ကြီး၏ ဗဟိုကော်မတီဝင်များအား အောက်ပါ အတိုင်း ဖွဲ့စည်းခဲ့ကြလေသည်။

𝗣𝗿𝗲𝘀𝗶𝗱𝗲𝗻𝘁- Brig T. Sailo
𝗩𝗶𝗰𝗲 𝗣𝗿𝗲𝘀𝗶𝗱𝗲𝗻𝘁- T. Gougin and C. Chawngkunga
𝗦𝗲𝗰𝗿𝗲𝘁𝗮𝗿𝗶𝗲𝘀- Thangkhangin Ngaihte and Lalhmingthanga
𝗧𝗿𝗲𝗮𝘀𝘂𝗿𝗲- Thangmawia တို့ဖြစ်ကြလေသည်။

ထိုအစည်းအဝေးမတိုင်မီတွင် မဏိပူရပြည်နယ်၊ လမ်ကားမြို့ (Lamka) မှ မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်းမြို့ (Champhai) အထိ လူထုချီတက်ပွဲအား ၁၇ ရက်တိုင်တိုင်ဆောင်ရွက်သကဲ့သို့၊ အစည်းအဝေးပြီးသွားသောအခါတွင်လည်း ချန်ဖိုင်းမြို့မှ အိုင်ဇောလ်မြို့ (Aiawl) အထိ ၆ ရက်တိုင်တိုင် အင်အားပြလူထုချီတက်ပွဲများ ပြုလုပ်ခဲ့လေသည်။

၄င်းအဖွဲ့အစည်းသည် နိုင်ငံရေးပါတီများ၏ လွှမ်းမိုးမှုနှင့် ဦးဆောင်မှုဖြင့်ဖွဲ့စည်းခဲ့သော်လည်း ၁၉၉၀ ခုနှစ်တွင် Social Non-Governmental Organization(NGO)အဖြစ်ရပ်တည်ရန်ဆုံးဖြတ်ခဲ့လေသည်။ ၁၉၉၁ ခုနှစ်ဇူလိုင်လ ၁၇ ရက်နေ့၊ အိုင် ဇောလ်မြို့ Vanapa Hall တွင် ကွန်ဗင့်ရှင်းခေါ်ကာ NGO အဖြစ်ရပ်တည်ရန်ဆုံးဖြတ်ခဲ့ လေသည်။ ထိုအစည်းအရုံး၏ ကြွေးကျော်သံမှာ ‘Reunification as per the spirit of the Chin-Lushai Conference of 1892’ ဖြစ်လေသည်။ ထို Vanapa အစည်းအဝေးအား Second World Zo Convention အဖြစ်ခေါ်ကာ Third World ZO Convention အား ၂၀၁၃ ခုနှစ်တွင် Vanapa Hall တွင်ပင်ဆက်လက်ပြုလုပ်ခဲ့လေသည်။ လက်ရှိတွင် ZORO အောက်တွင် ဇုံ ၇ ဇုံထားရှိကာ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများပါဝင်လေသည်။ ၀ါရှင်တန်နှင့် ဖလော်ရီဒါနယ်များတွင်လည်း ရုံးခွဲများထားရှိဖွင့်လှစ်ထားလေသည်။

ZORO ဥက္ကဌဖြစ်သော R. Thangmawia မှ အဆိုတင်သွင်းသည့်အတိုင်း ချင်း-လူရှိုင်းညီလာခံ (၁၈၉၂) ၏ အရေးကြီးမှုအား ပြန်လည်သတိရစေသောအားဖြင့် ထိုနေ့မှ စတင်ရေတွက်ကာ ၁၂၂ နှစ်မြောက်အထိမ်းအမှတ်အား ၂၀၁၄ ခုနှစ်တွင် မဏိပူရပြည်နယ်၊ ဆာဒါကိုယ်ပိုင်အုပ် ချုပ်ရေးတောင်တန်းနယ် (Sadar Hill Autonomous District) ဖြစ်သော Senapati ခရိုင်၊ Siakul မြို့တွင် ကျင်းပလေသည်။ နောက်ပိုင်းတွင် ထိုနေ့အား နှစ်စဉ်ကျင်းပလာခဲ့လေသည်။

ထိုအထိမ်းအမှတ်နေ့ညီလာခံဆုံးဖြတ်ချက်များမှာ-

(i) To move the Government of India, Myanmar and Bangladesh to stop all projects, such as, Hydel projects, Oil & Natural Gas Exploration presently undertaken within the territories of Zo people as per Article 26 of the UN Declaration of 2007.

(ii) To request the Government of India to halt construction of Railways and International Highway if it is not in conformity with the reservation policy for the Scheduled Tribes in India and the UN Declaration against exploitation.

(iii) To request the Government of India to dismantle all border fencing dividing the Zo territory which would automatically restrict their social, cultural, spiritual, economic and political contacts across the international boundaries.

(iv) Traditional chief rights of the Zo should be restored to the entire Zo indigenous chieftainship within the whole territory of the Zo people. (The Mizoram Post, 6 February, 2014).

ဇိုရို (ZORO) ခေါင်းဆောင်များ၏လှုပ်ရှားမှုအချို့မှာ- Indian Confederation of Indigenous and Tribal Population (19th November to 25th November 1998) တွင် အဖွဲ့ဝင်အဖြစ်မှတ်ပုံတင်ခြင်း၊ United Nations Working Group on Indigenous People (UNWGIP) at Geneva (26-30 July, 1999) တွင် ဌာနေတိုင်းရင်းသားမြေပိုင်ဆိုင်မှု အခွင့်အရေးတင်ပြခြင်းနှင့် UNWGIP တွင် ၂၀၀၀ ခုနှစ်မှ အဖွဲ့ဝင် အဖြစ် လက်ခံခြင်း၊ World Indigenous Summit တွင် ၂၀၀၀ ခုနှစ်မှ နှစ်စဉ်ပါဝင်ခြင်း၊ United Nations Permanent Forum on Indigenous Issue (UNPFII) တွင်လည်း ၂၀၀၄ ခုနှစ်မှစတင်ကာပါဝင်ခြင်း၊ ZO INPUI ခေါ်သည့်အဖွဲ့အား ၂၀၁၀ ခုနှစ် သြဂုတ်လ(၉) ရက်တွင်ဖွဲ့ စည်းကာ Zo မျိုးနွယ်အားလုံးအတွင်းမှ နိုင်ငံရေး ပါတီများနှင့်လူမှု-နိုင်ငံရေးအဖွဲ့အစည်း များအားလုံးများ စုစည်းနိုင်ရန်ဖွဲ့စည်း ခြင်းတို့ဖြစ်ပါသည်။ India Firms Act အရလည်း အဖွဲ့အစည်းအား မှတ်ပုံတင်ထားပါသည်။

နိဂုံး

ချင်းအမျိုးသားပြန်လည်စည်းလုံးရေးလှုပ်ရှားမှုသည် မဏိပူရပြည်နယ်၊ လမ်ကားမြို့မှစတင်လာခဲ့လေသည်။ အထူးသဖြင့် Pu T. Gougin ၏ ကြီးမားသော လူမျိုးရေး၊ အမျိုးသားရေးဆိုင်ရာရှုပါရုံတွင်အခြေခံသည်ဟုဆိုနိုင်ပေသည်။ ထိုအကြောင်းအား ၄င်းရေးသားခဲ့သော The Discovery of Zoland, History of Zomi စသော စာအုပ်များတွင် ၄င်း၏ ရည်ရွယ် ချက်ကြီးမား မှုများကိုတွေ့မြင်နိုင်ပါသည်။ Pu T. Gougin ၏ အမျိုးသားရေးအတွေးအခေါ်များ သည် နောက်ပိုင်း နိုင်ငံရေး သမားများ၊ စာရေးဆရာများ၊ ဘာသာရေးသမားများအပေါ်တွင် များစွာလွှမ်းမိုးမှုရှိခဲ့လေသည်။ ထိုကြောင့် ၄င်းအား The Father of Zomi ဟုပင်ခေါ် ဆိုကြလေသည်။ ဆို လိုသည့်အနက်မှာ “ချင်းအမျိုးသားစည်းလုံးရေးလှုပ်ရှားမှု၏ဖခင်” ဟုဖြစ်သတည်း။

Pu T. Gougin သည် ၁၉၇၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင် နိုင်ငံရေးပါတီတစ်ခုဖြစ်သော Zomi National Congress (ZNC) အား စတင်တည် ထောင်ခဲ့လေသည်။ ထိုပါတီ၏ မူလရည်ရွယ်ချက်မှာ အိန္ဒိယနိုင်ငံ အတွင်း နေထိုင်ကြသော ချင်း (Z၀/Zomi) လူမျိုးများ အားလုံး နယ်နိမိတ်တစ်ခုအတွင်းနေထိုင်နိုင်ရန်ဖြစ်လေသည်။ ထိုကြောင့်ပင်၄င်းတို့၏ဆန္ဒအား အိန္ဒိယအစိုးရ ဝန်ကြီးချူပ်ထံသို့ ပေးစာ နှင့်တကွ မြေပုံပါရေးဆွဲပေးပို့တောင်း ဆိုလေသည်။ ၄င်း၏ ဆက်လက်ကြိုးစားမှုကြောင့်ပင်လျင် ၁၉၈၈ ခုနှစ် ချန်ဖိုင်းတွင် ZORO အား ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်လေသည်။

သို့သော် ၁၉၉၃ ခုနှစ်အရောက်တွင် မီဇိုရမ်းပြည်နယ်မှ Brig T. Sailo ဦးဆောင်သော People’s Conference (PC) နှင့် မဏိပူရ ပြည်နယ်မှ T. Gougin ခေါင်းဆောင်သော Zomi National Congress (ZNC) တို့ပါတီကြီး နှစ်ရပ်တို့၏ နိုင်ငံရေးတင်းမာမှုကြောင့်၎င်း အခြားအကြောင်းအရာများကြောင့်လည်းကောင်း တီးတိန် (ကမ်ဟောင်) ဘာသာစကား ပြောမျိုးနွယ်စုအုပ်စုဝင်များသည် သီးခြား Zomi Reunification Organization (ZRO) အား ထပ်မံဖွဲ့ စည်းပြန်ပါသည်။

(နောက်အပိုင်းတွင်း ZRO အကြောင်း ဆက်လက်ဖော်ပြပါမည်)

ထိုနောက်Zomi (တီးတိန်-ကမ်ဟောင်ဘာသာ စကားပြောများ) ခွဲထွက်သွားသည့်နောက် အများအားဖြင့် မီဇိုရမ်ပြည်နယ်မှ Mizo အုပ်စုများ၊ မဏိပူရပြည်နယ်မှ ကူကီးမျိုးနွယ်စုများ(Thado, Biate, Hmar, Ralte, etc…..)၊ ဘင်္ဂလားဒေ့ရှ်မှ မျိုးနွယ်စုများဖြင့် ယနေ့တိုင်ဆက်လက်တည်ရှိနေပါသည်။ UNPFII နှင့် EMRIP စသည့် UNO အဖွဲ့အစည်းများ ၏ အဖွဲ့ဝင်များအဖြစ်လည်း တည်ရှိနေပါသည်။

ဖွဲ့စည်းခါစက နိုင်ငံရေးပါတီများမှ အုတ်မြစ်ချခဲ့သော်လည်း လူမှု-အမျိုးသားရေးအဖွဲ့အစည်းအဖြစ်လွတ်လပ်စွာ ရပ်တည်လှုပ်ရှားပါသည်။ လက်ရှိ ဥက္ကဌမှာ Pu R. Sangkawia ဖြစ်သည်။ ရည်ရွယ်ချက်မှာ To re-unify Zo people, Culturally and Physical Under single administrative Unit ဖြစ်လေသည်။ သို့သော် အခက်အခဲတစ်ခုမှာ မူလရည်ရွယ်ချက်မှ အနည်းငယ်သွေဖီလာကာ Mizo(လူရှိုင်း/ Duhlian ဘာသာ စကားပြော) လွှမ်းမိုးမှုများပြားလာကာ ရုံးသုံးဘာသာစကား ကိုလည်း ZO Language အဖြစ် မီဇိုး(လူရှိုင်း/ Duhlian ဘာသာ စကားပြော) ကိုသာ အသုံးပြုလေသည်။

အထူးသဖြင့် အိန္ဒိယနိုင်ငံအတွင်း၌ပင် Zomi(တီးတိန်- ကမ်ဟောင်ဘာသာစကားပြော)မျိုးနွယ်စုများနှင့် မပူးပေါင်းနိုင်ခြင်းဖြစ်လေသည်။ ထို့ပြင် NGO အဖြစ်ရပ်တည်သောကြောင့် ပင်မရန်ပုံငွေအားနည်းခြင်းကြောင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများအထိ အရှိန်အဟုန်ဖြင့် စည်း ရုံးနိုင်ခြင်းမရှိချေ။ ထို့ကြောင့် မြန်မာနိုင်ငံဖက်မှ ချင်းတိုင်းရင်းသားများမှလည်းစိတ်ဝင်စားမှု နည်းပါးခဲ့ရပေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.