Zomi Reunification Organization (ZRO)
ဒုတိယအဖွဲ့အစည်းအဖြစ် ဇိုမီးပြန်လည်စည်းလုံးညီညွတ်ရေးအစည်းအရုံး Zomi Reunification Organization (ZRO) ဖြစ်ပေါ်လာပုံ အကြောင်းအကျဉ်းချုံ့ဖော်ပြသွားမည် ဖြစ်ပါသည်။ ZORO နှင့် ZRO မှာ မတူညီကြပေ။ နောက်ခံလှုပ်ရှားမှု သမိုင်းများအားနားလည်မှသာ လက်ရှိအခြေအနေများအားပိုမို နားလည်နိုင်မည်ဖြစ်ပါသည်။
မဏိပူရပြည်နယ်တွင် ကသည်း (Meitei) တို့မှာ ပထမလူဦးရေအများဆုံးဖြစ်ကာ၊ ဒုတိယအနေဖြင့် ချင်းအနွယ်ဝင်များဖြစ်သည်။ တတိယတွင် နာဂအနွယ်ဝင်များဖြစ်လေသည်။ ချင်းအနွယ်ဝင်များတွင် အုပ်စု လေးစုခွဲနိုင်သည် (၁) ထာဒိုဘာသာ စကား ပြောအုပ်စုများ၊ (၂) လူရှိုင်းဘာသာစကားနှင့်နီးစပ်သောအုပ်စုများ (၃) ဇိုမီး (တီးတိန်) ဘာသာစကားပြောအုပ်စုများ (၄) ရှေးကူကီး (Old Kuki) ခေါ်အုပ်စု တို့ဖြစ်လေသည်။
၁၉၄၀ ခုနှစ်တွင် ထာဒို-ကူကီးစော်ဘွားတစ်ဦးဖြစ်သူ Pu Za Vum မှ မဏိပူရနယ်အတွင်းရှိ ချင်းမျိုး နွယ်စုအားလုံးအား ဖိတ်ခေါ်ကာ မျိုးနွယ်စုစည်းလုံးရေးနှင့် အနာဂတ်အရေးအားဆွေးနွေးခဲ့ကြလေသည်။ ထိုအချိန်က ကူကီးဆိုသည့် စကားလုံးမှာ ချင်းမျိုးနွယ်များအား လုံးအား ခေါ်ဆိုသည့် မဏိပူရတွင် တွင်ကျယ်စွာအသုံးပြုသည့်စကားလုံးဖြစ်လေသည်။ မျိုးနွယ်စုပေါင်း (၂၁) မျိုးရှိလေသည်။ သို့သော် ထိုအစည်းအဝေးသည် ဝမ်းနည်းဖွယ်ရာအဆုံးသတ်သွားလေသည်။ အချို့သော သမိုင်းဆရာများ၏ မှတ်တမ်းအရ ထာဒို-ကူကီးစော်ဘွားမှ ဘုံဘာသာစကားအဖြစ် ထာဒိုဘာသာစကားအားအသုံးပြုရန် အဆိုပြုသောကြောင့်ဟု ဆိုလေသည်။
(က) #ခူလ်မီးအစည်းအရုံး(၁၉၄၈) Khulmi Union (1948)
၁၉၄၆ ခုနှစ်တွင် Kuki National Assembly (1946) အားဖွဲ့စည်းပါသည်။ ရည်ရွယ်ချက်မှာ ချင်းတိုင်းရင်းသားများအား လုံးအား စည်းလုံးရန်ဖြစ်ပါသည်။ သို့သော် Paite, Hmar, Vaiphei, Gangte, Koireng, Kom နှင့်အခြားမျိုးနွယ်များက ကူကီး (Kuki) အမည် မခံယူလိုသောကြောင့်မစုစည်းနိုင်ခဲ့ပေ။ထို့ကြောင့် ထာဒို-ကူကီး မဟုတ်သောသူများက “Khulmi Union” အား ၁၉၄၈ တွင် ဖွဲ့စည်းသည်။ ခူလ်မီးဆိုသည့်အနက်မှာ ချင်းနှုတ်ရာဇဝင်များတွင် ပါဝင်သော ချင်းတို့သည် ကျောက်ဂူတစ်ခုအတွင်းမှ ဆင်းသက် ပေါက်ဖွား ကြသည် ဆိုသည့်အချက်ကိုယူကာ ခေါ်ဝေါ်ခြင်းဖြစ်လေသည်။ ထိုအဖွဲ့တွင် Paite, Hmar, Vaiphei, Kom မျိုးနွယ်များပါဝင်လေသည်။
သို့သော်လည်း မကြာမီ ပြန်လည်ပြိုကွဲသွားပြန် သည်။ အကြောင်းမှာ Paite နှင့် Hmar မျိုးနွယ်များအကြား ဘာသာ စကားမတူညီသောကြောင့်ဖြစ်သည်ဟုဆိုကြလေသည်။ တီးတိန် ဘာသာ စကားပြောမျိုးနွယ်များ(Sukte, Vaiphei, Simte, Gante, Paite,နှင့် အခြားရှေးကူကီး (Old Kuki) မျိုးနွယ်များ (Anal, Chothe, Maring, Monsang, Monyon, Kabui, Aimol, Chiru, Kom, Purum) ထပ်မံကွဲသွားခြင်းဖြစ်သည်။ ထိုနောက် ထို ရှေးကူကီး (Old Kuki)မျိုးနွယ်များသည် Thado-Kuki များ၊ Zomi-Paite များနှင့်ပူးပေါင်းရန်ခါးသီးသွားပြီး နာဂနိုင်ငံရေးသို့ ယနေ့တိုင်ပူး ပေါင်းသွားတော့သည်။ နောက်ပိုင်းတွင် တီးတိန်ဘာသာ စကားပြောမျိုးနွယ်များထံမှ ထွက်သွားသော မျိုးနွယ်များသည် Seven Tribes Union အားဖွဲ့ စည်းပြန်သည်။ လက်ရှိတွင် Pakan Unification Organization အဖြစ်ရပ်တည်နေသည်။
ထာဒို-ကူကီးများက Kuki National Association (1947) ကိုဖွဲ့စည်းသည်။ ကျန်သောမျိုးနွယ်များသည်လည်း ထပ်မံကွဲထွက်ကာ Tedim Chin Union, Vaiphei National Organization (1944), Simte National Council, Gangte National Union, Gangte Tribes Union, Hmar Association(1945), Hmar People’s Conference, Paite National Council (1957) , United Zomi Organization (1958) စသည့် အဖွဲ့အစည်းငယ်များအား ဆက်လက် ဖွဲ့စည်းရာ ၁၉၄၀ နှင့် ၁၉၅၀ အကြားသည် အလွန်ရှုပ်ထွေးသော ကာလဖြစ်ခဲ့သည်။ အကြမ်းအားဖြင့် လေးအုပ်စုရှိသည် ထာဒို-ကူကီး အုပ်စုများ၊ ဇိုမီးအုပ်စုများ၊ မီဇိုးအုပ်စုများနှင့် နာဂသို့ကူးပြောင်းသွားသော ရှေးကူကီး (Old Kuki) အုပ်စုများဖြစ်သည်။
(ခ) ပိုက်သဲအမျိုးသားကောင်စီ (၁၉၅၇) Paite National Council (1957)
၁၉၅၀ ခုနှစ်နောက်ပိုင်းတွင် Paite National Council (PNC) မှ “ချင်းအမျိုးသားပြန်လည်စည်းလုံးရေး” လှုပ်ရှားမှုအားဦး ဆောင်ပြုလုပ်လာလေသည်။ ၁၉၅၇ ခုနှစ်၊ အောက်တိုဘာ ၁၀-၁၃ Lamka, Hanship Village တွင်ပြုလုပ်သော PNC ၏ နှစ်ပတ် လည်အစည်းအဝေးတွင် Chin Reunification အား PNC ၏ ရေရှည်ဦးတည်ချက်အဖြစ်ပြဌာန်းလေသည်။ ၁၉၆၀ ခုနှစ် Mualnuam ကျေးရွာတွင်ပြုလုပ်သော နှစ်ပတ်လည်အစည်း အဝေးအရ အိန္ဒိယအစိုးရထံသို့ပေးစာအားထုတ်ပြန်လေသည်။ “Re-unification of the Chins of India, Burma and Pakistan under one Country” ဟုဖြစ်လေသည်။ ထိုပေးစာ (တောင်းခံစာ) တွင် ယဉ်ကျေးမှု၊ဘာသာ စကား၊ မျိုးနွယ်တူညီကာ နိုင်ငံကွဲပြားသောချင်းလူမျိုးနွယ် သုံးဆယ်ကျော်အားရည်ညွှန်းလေသည်။ ကူကီးအား ချင်း၏ မျိုးနွယ်စုတစ်ခု အဖြစ်ထားရှိသည်။
The memorandum requested the Government of India to take initiative to bring in all Chin inhabited areas of India, Burma and East Pakistan (Bangladesh) within one country in order to safe-guard the socio-political, cultural and economic rights of the people.
ချင်းလွတ်မြောက်ရေးတပ်မတော် (၁၉၅၉) Chin Liberation Army(CLA-1959)
အထက်ပါချင်းအမျိုးသားပြန်လည်စည်းလုံးရေးလှုပ်ရှားမှုနှင့်ပတ်သက်ပြီး နောက်ဆက်တွဲအဖြစ် မဏိပူရပြည်နယ်၊ လမ်ကား မြို့နယ်၊ Panglian ကျေးရွာမှ Tun Kho Pum Baite ဦးဆောင်မှုဖြင့် လွတ်မြောက်ရေးတပ်မတော်ပေါ်ပေါက် လာလေသည်။ သူသည် ချင်းပြည်နယ် Singgial ကျေးရွာတွင်မွေးဖွားက မဏိပူရဖက်သို့ရွှေးပြောင်းခြင်းဖြစ်လေသည်။ ထိုအချိန်က Chin Liberation Army(CLA) အား Paite Liberation Front(PLF) အဖြစ်လည်း လူသိကြပေသည်။ အပြန်အလှန်ခေါ်ခြင်းဖြစ် သည်။ ထိုအခါ Paite National Council (PNC) ခေါင်းဆောင်များသည် CLA/PLF လှုပ်ရှားမှုနှင့် သီးခြားနေလာကြကာ ၄င်းတို့ကိုယ်ကို ချင်းနှင့် ကူကီး မဟုတ်ကြောင်းထွက်ဆိုခဲ့ကြလေသည်။ ဆိုလိုသည်မှာ PNC ၏ရပ်တည်ချက်မှာ ချင်းလူမျိုးအားလုံးအတွက်ဦးတည်ချက်ချမှတ်ထားသော်လည်း လက်နက်ကိုင်အုပ်စုများဖြစ်သော CLA/PLF နှင့် Kuki တို့မှ သီးခြားဖြစ်ကြောင်းပြလိုကြောင်းယူဆနိုင်ပါသည်။ CLA သည်လည်း ၁၉၆၆ ခုနှစ်တွင် Mizo National Front(MNF)နှင့် အပြန်အလှန်ကူညီရေး သဘောတူခဲ့ကြပါသည်။ သို့သော် MNF/MNA နှင့် အပေးမယူမမျှကာ Aizawl အနီး ၁၉၆၇ ခုနှစ်တွင် ချေမှုန်းခြင်းခံရပါသည်။ ထိုအချင်းများမှုကြောင့်ပင် မီဇိုးမျိုးနွယ်စုတို့သည် မဏိပူရနေ ဇိုမီးမျိုးနွယ်စုတို့အတွက် ခေါင်းဆောင်နေရာမှ ဝေးကွာသွားခဲ့ရလေသည်။
(ဂ) ဇိုမီးအမျိုးသားကွန်ဂရက်(၁၉၇၂) Zomi National Congress (ZNC-1972)
Pu T. Gougin သည် မဏိပူရပြည်နယ်၊ ချူရာချန့်ပူရ်၊ Sumtuh ကျေးရွာသားဖြစ်လေသည်။ သူသည် နိုင်ငံရေးတွင် လှုပ်ရှာရန်အတွက် စည်းလုံးသောမဏိပူရ ဇိုမီးအစည်းအရုံး(၁၉၅၉) United Manipur Zomi Organization (UMZO) အား ၁၉၅၉ ခုနှစ် Tuaitengphai ကျေးွရွာတွင်စတင်ဖွဲ့ စည်းလေသည်။ ၁၉၆၀ တွင် Tribal League အဖွဲ့အား Tun Kho Pau Baite (CLA ခေါင်းဆောင်) နှင့်အတူဖွဲ့ စည်းသည်။ ၁၉၆၁ ခုနှစ်တွင် စည်းလုံးသောဇိုမီးအစည်းအရုံး(၁၉၆၁) Untied Zomi Organization (UZO-1961) အား Singtom ကျေးရွာအစည်းအဝေးတွင် ပြောင်းလဲခဲ့လေသည်။ သူကိုယ်တိုင်လည်း ဥက္ကဌဖြစ်လာလေသည်။
Pu T. Gougin, Pu Thianzakham@SK Samte, Lalneihthang@Zokhankhual နှင့်အခြားသောခေါင်းဆောင် များ၏ဦးဆောင်မှုဖြင့် ၁၉၇၂ ခုနှစ်၊ ဇန်နဝါရီလ(၂၈) ရက်၊ Daizang ကျေးရွာတွင် Zomi National Congress(ZNC) အား စတင်တည်ထောင်ခဲ့ကြပါသည်။ Pu T. Gougin က ဥက္ကဌဖြစ်ကာ၊ Pu SK Samte မှာ အတွင်းရေးမှုးဖြစ်လေသည်။ Pu T. Gougin ၏ အဓိကရည်ရွယ်ချက်မှာ Chin, Mizo, Kuki စသဖြင့်ကွဲပြားစွာတည်ရှိနေသော မျိုးနွယ်စုများအားလုံးအား နိုင်ငံရေးအရပြန်လည်စုစည်းရန်ဖြစ်လေသည်။ အစပိုင်းတွင် PNC နှင့် ZNC တို့မှာ အမြင်မတူကြသောကြောင့် အနည်းငယ်ထိပ်တိုက်တွေ့ခဲ့ရလေသည်။ ၁၉၈၂ ခုနှစ်တွင် MNF ခေါင်းဆောင်၊ Langdenga နှင့်လည်းတွေ့ဆုံကာ ညှိနှိုင်းခဲ့ကြလေသည်။ ထိုစဉ်ကတည်းက အမည်နှင့်ပတ်သက်ကာ ကွဲလွဲလာလေသည်။ Laldenga မှ Mizo အမည်ဖြင့်သွားရန်နှင့် T. Gougin မှ Zomi အမည်ဖြစ်သွားရန်ဖြစ်လေသည်။ (ထိုအချိန်က Mizoram State မရရှိသေးပေ)
ထိုနောက် ၁၉၈၃ ခုနှစ် တွင်ပြုလုပ်သော ZNC အစည်းအဝေးတွင် Resolved that all Zomis should live together under one administrative umbrella with the protection and care of Indian Union အဖြစ်ဆုံးဖြတ်ခဲ့လေသည်။ ထိုအချိန်မှစကာ မျိုးနွယ်စုအမည် Zomi အမည်အား စွဲကိုင်မှုစတင်လာပါသည်။
ဇိုပြန်လည်စည်းလုံးရေးအစည်းအရုံး (၁၉၈၈) Zo Reunification Organization (ZORO-1988)
၁၉၈၈ ခုနှစ် တွင် Pu Gougin ဦးဆောင်သည် Zomi National Congress ပါတီနှင့် Pu T. Sailo ဦးဆောင်သော People’s Conference ပါတီတို့သည် လမ်ကားမြိုတွင်တွေ့ဆုံကာ Zomi Reunification Organization(ZORO)အားတည်ထောင်ရန် သဘောတူ ခဲ့လေသည်။ ထိုနောက် ၁၉၈၉ ခုနှစ် မေလ ၁၉-၂၁ ရက် မီဇိုးရမ်းပြည်နယ် ချန်ဖိုင်းတွင် First Zomi World Convention အားပြုလုပ်နိုင်ခဲ့ လေ သည်။ ကြော်ညာစာတမ်းမှာ “We, the people of Zo ethnic group, inhabitants of the highlands in the Chin Hills and Arakans of Burma, the Chittagong hill Tracts of Bangladesh, the Mizoram state and adjoining hill areas of India are descendants of one ancestor. Our language, our culture and tradition, and no less our social and customary practices are clear evidences of the ethnological facts. Further, our historical records, and footprints both written and unwritten in the sands of time testify to the truth of our common ancestry..ဖြစ်လေသည်။
ထိုအစည်းအဝေးမှ Zo Reunification Organization အမည်ဖြင့် အဖွဲ့ဖွဲ့ရန် သဘောတူကြလေသည်။ Zomi မဟုတ်ဘဲ “Zo” အမည်ဖြင့်ဖြစ်လေသည်။ ၁၉၉၀ ခုနှစ်တွင် နိုင်ငံရေးအဖြစ် မဟုတ်တော့ဘဲ လူမှုရေး(NGO)တစ်ခုအနေဖြင့်ရပ်တည်ရန်ပြောင်းလဲ လေသည်။
(ဃ) ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (၁၉၈၈) Zomi Congress for Democracy (ZCD)
မြန်မာပြည်ဖက်တွင် Zomi National Congress (ZNC) အား ၁၉၈၈ ခုနှစ်တွင် Pu Cin Sian Thang မှဆက်လက်ဖွဲ့စည်း လေသည်။ မြန်မာပြည် ZNC သည် Zomi အမည်အား ချင်းဆိုသည့်နေရာတွင် အစားထိုးရန်သဘောထားထုတ်ပြန်လေသည်။ We proclaim that the racial name Chin should be done away with and Zomi must be reinstated to its proper place and status of racial identity”. ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်းနိုင်ငံရေးအခြေအနေများကြောင့် ရပ်တန့်ခဲ့ရလေသည်။ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲတွင် Zomi Congress for Democracy (ZCD) အဖြစ်အမည်ပြောင်းလဲခဲ့ လေသည်။ Zomi National Congress (ZNC) ယခု Zomi Congress for Democracy (ZCD) ၏ နှစ်ပေါင်း (၃၀) အတွင်း စွဲစွဲမြဲမြဲရပ်တည်ခဲ့သည့် အခြေခံမူ (၄) ချက်ရှိလေသည်။
(၁) ဘိုးဘွားစဉ်ဌာနေများက ဇိုမီးတိုင်းရင်းသားများဖြစ်ကြောင်းမူရင်းလူမျိုးအမည် ဇိုမီးခေါ်ဆိုရေး
(၂) စစ်မှန်သော ဒီမိုကရေစီအစိုးရပေါ်ပေါက်လာရေး
(၃) လွတ်လပ်သော စျေးကွက်စီးပွားရေးစနစ်
(၄) ပင်လုံစိတ်ဓါတ်မြှင့်တင်ရေးတို့ဖြစ်လေသည်။
အရေးကြီးဆုံးအချက်မှာ ဇိုမီးအမည်ဟုခေါ်တွင်ရေးဆိုသည့်အချက်ဖြစ်လေသည်။ ထိုအချက်သည် ရှေးယခင် အိန္ဒိယနိုင်ငံမှ ZNC ၏ မူရင်းပေါ်လစီကိုအခြေခံခြင်းဖြစ်သည်ဟုယူဆနိုင်လေသည်။ ချင်းလူမျိုးအားလုံး ဇိုမီးဆိုသည့် အမည်အောက်တွင် တစည်း တလုံးဖြင့် ရပ်တည်ရန်အိမ်မက်ပင်ဖြစ်လေသည်။ ထိုအချက်အား ပါတီဥက္ကဌ Pu Cin Sian Thang ၏ တွေ့ဆုံမေးမြန်းခြင်းများ သဘော ထားထုတ်ပြန်ခြင်းများတွင် ရှင်းလင်းစွာတွေ့မြင်နိုင်ပေသည်။ သို့တိုင်အောင် လူကြီးပိုင်းများ၏ အိုင်ဒီရော်လော်ဂျီနှင့် လူလတ်ပိုင်းများ၏ အတွေးအခေါ်များသည် အနည်းငယ်ကွဲလွဲလာကြောင်းကိုလည်း ထင်ရှားစွာတွေ့မြင်နိုင်သည်။ ထိုအချက်မှာ ၂၀၁၄ ခုနှစ် လူဦးရေနှင့်သန်ခေါင်စာရင်းကောက်ခံခြင်းတွင် ပြင်းထန်စွာ တွေ့ရလေသည်။
မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စု လွှတ်တော်အတွင်း ရောက်ရှိနေသော ကိုယ်စားလှယ်အမတ်များသည် မည်သည့်အချက်ကို တင်ပြဆွေးနွေးသည်ဖြစ်စေ ထိုအခြေခံမူများကိုကိုင်စွဲလျက်ရှိ နေကြောင်း တွေ့ရလေသည်။ ဆွေးနွေးတိုင်းတွင် ဇိုမီးအမည်ကို မပါပါအောင်ထည့်သွင်းပြောဆိုသုံးနှုန်းသည်ကိုလည်းတွေ့ရပေလိမ့်မည်။ စာရေးသူ၏အမြင်တွင် Pu Cin Sian Thang ၏ စိတ်ရင်းသဘောတွင် ချင်းလူမျိုးများအားလုံးတစ်စုတစည်းတည်းဖြင့် စည်းလုံးစေချင်သော သဘောထားရှိကြောင်း မြင်ပါသည်။ ထိုအချက်အား တည်ဆောက်သည့်နည်းလမ်းတွင် အမည်နာမတစ်ခုကို အသုံးပြုခြင်းနည်းလမ်းဖြင့်ချဉ်းကပ် ကြောင်းတွေ့ရလေသည်။ ထိုအမည်ကိုပင်သုံးကာ လူလတ်ပိုင်း Zomi နိုင်ငံရေး၊ အမျိုးသားရေးသမားများက မျိုးနွယ်စု အသွင်းပြောင်းလဲလိုက်ကြောင်းကိုထင်ရှားစွာတွေ့မြင်နိုင်သည်။
(င) #ဇိုမီးပြန်လည်စည်းလုံးရေးအစည်းအရုံး Zomi Reunification Organization (ZRO-1993)
Pu Thanglianpau, General Secretary, ZNC (မြန်မာ) ၏ ရွေးကောက်ခံအမတ်, Tualkhanhau, G. Vungsuanthang and Tunzakham Hangzo, တို့နှင့်အတူ Kachin Independence Army နှင့်တွေ့ဆုံကာ ၁၉၉၃ ခုနှစ်၊ ဧပြီလတွင် ကချင်ပြည် နယ် Phapian တွင် Zomi Reunification Organization (ZRO) အားဖွဲ့စည်းခဲ့လေသည်။ ထိုအဖွဲ့အားဖွဲ့စည်းရန်အတွက် KIA ခေါင်းဆောင်များ ဖြစ်သည့် ဦးဘရန်ဆိုင်း၊ ဦးဇော်မိုင်၊ ဦးဇောင်ခရတို့မှအားပေးခဲ့ပါသည်။ ထို့နောက် Lamka အစည်း အဝေးတွင် K. Guite (President), Pu Thang Lian Pau (Vice-president), Pu D. Kam Suan Thang (General Secretary), Pu Thang Za Khum (Finance Secretary) တို့အားခန့်အပ်ကြလေသည်။ ထိုအဖွဲ့အစည်းအား တခါတရံ Zomi Revolutionary Organization (ZRO) အဖြစ်လည်း ခေါ်ဆိုကြပြန်သည်။
ထို့နောက် ၁၉၉၅ ခုနှစ်တွင် Simte Tribe Council or STC (then Simte National Council or SNC), Vaiphei Peoples Council or VPC (then Vaiphei National Organisation or VNO), Paite Tribe Council or PTC (then Paite National Council or PNC) and Teddim Chin Union (TCU) in 1995 တို့သည် ‘Charter of Agreement’ သဘောတူညီချက် လက်မှတ်ရေးထိုးကာ Zomi Re-unification Organization(ZRO) တွင်ပေါင်းစုမိကြလေသည်။ ၂၀၀၃ ခုနှစ်တွင် Zou Tribe နှင့် Mate Tribe တို့သည်လည်း ပါဝင်လာလေသည်။ ထိုအဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ ပထဝီဝင်၊ နိုင်ငံရေး၊ လူမှုယဉ် ကျေးမှုများပါဝင်လေသည်။ ZRO ၏ တရားဝင်စာမျက်နှာ ထုတ်ပြန်ချက်တွင် ဇိုမီးသည် ချင်း-ကူကီး-မီဇိုး မျိုးနွယ်အားလုံး အားဆိုလိုကြောင်းနှင့် ၄င်းတို့သည် ၁၉၈၈ ခုနှစ် ချန်ဖိုင်းတွင် ပြုလုပ်ခဲ့သော First World Zomi Convention အတိုင်းလိုက် နာကြောင်းဖော်ပြထားပါသည်။
- Geographical re-unification: Territorially bring all the Zomi inhabited areas under one administrative umbrella, Zoland. (ဇိုမီးလူမျိုးအားလုံး ဇိုနယ်မြေဆိုသည့် အုပ်ချုပ်မှုတစ်ခုအောက်တွင် တစုတည်းနေထိုင်ရန်)
- Political re-unification: To attain political self-determination of their own making based on traditional values. This is an objective of re-unifying Zoland into one administrative unit. (နိုင်ငံရေးအရ ကိုယ့်ပိုင်အုပ်ချုပ်ခွင့် ရရှိနိုင်ရန်)
- Cultural or social re-unification: To restore and preserve Zomi culture which has suffered from assimilation process engineered by majority societies that dominate the segregated tribes. (ဇိုမီးလူမျိုးများ၏ ယဉ်ကျေးမှုနှင့် လူမှုရေးများပြန်လည်စုစည်းရန်)
ဇိုမီးတော်လှန်ရေးတပ်မတော် (၁၉၉၇) Zomi Revolutionary Army (ZRA-1997)
၁၉၉၇ ခုနှစ်အရောက်တွင် ကူကီးနှင့်ပိုက်သဲမျိုးနွယ်စုများအကြားဖြစ်ပွားသော ပဋိပက္ခဖြစ်ပွားပြီးသည့်နောက် ဇိုမီးတော်လှန်ရေးတပ်မတော် (၁၉၉၇) အား တည်ထောင်ခဲ့လေသည်။ ၄င်းတို့၏ ရည်ရွယ်ချက်မှာ The purported objective of the ZRO/ZRA is to protect the interests of the Paite community from the ‘onslaught of any community or group’. It further attempts to bring all the Zomi people, divided by artificial State boundaries in various countries, specifically in Myanmar (Chin State), India (Manipur and Mizoram) and Bangladesh (Chittagong Hills Tracts), together under one administrative unit, a ‘Zogam’, which means ‘land of the Zomi’
ဇိုမီးတော်လှန်ရေးတပ်မတော်(၁၉၉၇) ခုနှစ်အားဦးစီးသူူများမှာ Thang Lian Pau Guite ဖြစ်ကာ။ D. Kam Suan Thang မှအထွေထွေအတွင်းရေးမှုးဖြစ်ကာ Jimmy Suan Pau မှ ဆက်သွယ်ရေးနှင့်လူထုအတွင်းရေးမှုးဖြစ်လေသည်။ ထိုအချိန်တွင် ZRO အဖွဲ့တွင် ယခင်မြန်မာနိုင်ငံဇိုမီးအမျိုးသားကွန်ဂရက်ပါတီ(ZNC-Burma) အတွင်းရေးမှုး Thang Lian Pau က ဥက္ကဌအဖြစ် တာဝန်ယူထားပြီး၊ ကာကွယ်ရေးဦးစီးချုပ်အဖြစ်လည်း တာဝန်ယူလေသည်။
Zomi Revolutionary Army သည် Kanglei Yawol Kanna Lup(KYKL)နှင့်လည်းကောင်း၊ National Socialist Council of Nagaland-Isak Muivah(NSCN-IM)တို့နှင့်လည်းကောင်းရင်းနှီးသော ဆက်ဆံရေးရှိပေသည်။ အရေးကြီးသောအချက် မှာ ZRO သည် Kuki Liberation Organization(KLO) နှင့် ၂၀၀၂ ဒီဇင်ဘာ ၁၇ တွင် နားလည်မှုစာချွန်ရေးထိုးကြကာ ချင်း-ကူကီး-မီဇိုး-ဇိုမီး မျိုးနွယ်စု များအတွက် လက်တွဲလုပ်ဆောင်ရန်သဠိဌာန်ချမှတ်ကြပါသည်။ ထိုနောက် ချင်းမျိုးနွယ်တစ်မျိုးဖြစ်သော Hmar People’s Convention Democracy(HPC-D) နှင့်လည်း ၂၀၀၄ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် လက်မှတ်ရေး ထိုးကြကာ တူညီသောရည်ရွယ်ချက်များအတွက် လက်တွဲလုပ်ဆောင်ရန်လက်တွဲကြပါသည်။ သို့သော် မီဇိုး MNF များနှင့် ရင်းနှီးသော ဆက်ဆံရေးအား မတည်ဆောက်နိုင်ခဲ့ပေ။
(စ) ဇိုမီးကောင်စီ (Zomi Council)
ဇိုမီးမျိုးနွယ်စုများအဖြစ်အမည်သတ်မှတ်ခံယူထားသည့် Paite, Vaiphei, Zou, Simte, Tedim Chin, Mate, Thangkhal, Gangte, Komတို့သည် စုရုံးကာ လူမှုနိုင်ငံရေးလှုပ်ရှားမှုများအတွက် ဇိုမီးကောင်စီ(Zomi Council) အားဖွဲ့စည်းလေသည်။ အဓိကအားဖြင့် မဏိပူရပြည်နယ်ကိုအခြေခံကာနိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှုများအားဦးဆောင်နေပါသည်။ ကူကီးအဖွဲ့အစည်းနှင့်လည်းလက်တွဲကာ Zoland/Kuki Land လှုပ်ရှားမှုတွင် ဦးတည်ချက်တူညီစွာလှုပ်ရှားလာပါသည်။
ဇိုမီးကောင်စီအောက်တွင်လက်ရှိပါဝင်သော အဖွဲ့အစည်းများမှာ 1). Paite Tribe Council 2). Vaiphei Peoples Council 3). United Zou Organisation 4). Simte Tribe Council 5). Tedim Chin Union 6). Mate Tribe Council 7). Thangkhal Peoples Organization. Gangte Tribe Council and 9). Kom Union of Manipur:::: တို့ဖြစ်လေသည်။ ဇိုမီးကောင်စီ၏ ဦးဆောင်မှုဖြင့် World Zomi Convention ကိုလည်း လုပ်ဆောင်ခဲ့ကြလေသည်။ ထို World Zomi Convention အားကျင်းပရာတွင် ၁၉၈၈ ခုနှစ် ချန်ဖိုင်းအစည်းအဝေးအားဆက်ခံသည်ဟု ဆိုကြသော်လည်း ယခင်ကဲ့သို့ အခြားမျိုးနွယ်များပါဝင်ခြင်း မျိုးမဟုတ်တော့ပေ။ မြန်မာနိုင်ငံဖက်တွင်လည်း အမျိုးသား-လူမှုရေးလှုပ်ရှားတစ်ရပ်ဖြစ်ပေါ်လာကာ World Zomi Alliance အဖြစ် ထင်ရှားလေသည်။
နိဂုံး
ဇိုမီးပြန်လည်စည်းလုံးရေးအစည်းအရုံးအကြောင်းလေ့လာရာတွင် မဏိပူရနယ်တွင် အခြေခံကာ ၁၉၄၀ ခုနှစ်ကတည်းက စတင်လာ ခဲ့ကြသော စည်းရုံးရေးသဘောတရားမှ ဆင်းသက်လာသည်။ Zavum Meeting, Khulmi Union, Kuki Assamble, Paite National Council, Chin Liberation Army, Zomi National Congress, Zo Reunification Organization, Zomi Congress for Democracy, Zomi Reiunification Organization, Zomi Revolutionary Army, Zomi Council, World ZOmi Convention, World Zomi Allience စသည်ဖြင့် ခေတ်အဆက်ဆက် အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့်ပေါ်ပေါက်ခဲ့ပါသည်။
၁၉၄၀-၁၉၆၀ ခန့်အကြားတွင် မဏိပူရနေမျိုးနွယ်စုများအားလုံးစုစည်းနိုင်ရန် အိုင်ဒီရောလော်ဂျီပေါ်ပေါက်လာသည်။ ထိုအချိန်က ကူကီးဖြင့်သွားလိုသောသူများ၊ ချင်းအဖြစ်သွားလိုသောသူများဟုပေါ်ခဲ့လေသည်။ ၁၉၆၀-၁၉၉၀ အကြားတွင် ဇိုမီး အမည်ဖြင့် ချင်းတစ်မျိုးသားလုံးကိုလည်းကောင်း၊ တီးတိန် (ကမ်ဟောင်ဘာသာစကားပြော) မျိုးနွယ်စုကိုလည်းကောင်း စည်းရုံးရန် အိုင်ဒီယာနှစ်မျိုး ပေါ်ထွန်းလာခဲ့ပြန်သည်။ Pu Tun Kho Pau, Pu Gougin, Pu Cin Sian Thang အစရှိသော ခေါင်းဆောင်ပိုင်းနှင့် လူကြီးပိုင်းများက ချင်းမျိုးနွယ်စုအားလုံးကို ထည့်သွင်းစဉ်းစားကာ စည်းရုံးရေးအတွက်လုပ်ဆောင် ကြောင်းတွေ့နိုင်သည်။
ထိုကြောင့်ပင် MNF နှင့် လည်းကောင်း၊ PC ပါတီနှင့်လည်းကောင်း၊ နောက်ပိုင်းလှုပ်ရှားသူများက CNF နှင့် တွေ့ဆုံဆွေးနွေးမှုများကိုပြုလုပ်လေသည်။ ထိုမျိုး ဆက်များ၏ အိုင်ဒီရော်လော်ဂျီမှာ ချင်းမျိုးနွယ်စုများအားလုံးအား တစ်စုတစည်းတည်းဖြစ်စေရန်နှင့် ထိုကဲ့သို့ပြုလုပ်ရာတွင် ဇိုမီး (Zomi) သို့ ဇို (Zo) အမည်နာမအောက်တွင် စုစည်းရန်ဆိုသည့် နည်းဗျူဟာအား ဆုတ်ကိုင်ထားလေသည်။ သို့သော်လည်း ထိုခေတ်အခါ ကတည်းကပင် ချင်းတမျိုးသားလုံးစုစည်းရေး ဆိုသည့်ဦးတည်ချက်ထက် ဇိုမီး/ဇို ဆိုသည့် အမည်နာမနည်းဗျူဟာအား ဆုတ်ကိုင်မှုပြင်းထန်ခဲ့သည်မှာ ယနေ့တိုင် တီးတိန် (ကမ်ဟောင်) ဘာသာစကားပြောမျိုးနွယ်စုဝင် လူကြီးပိုင်းတွင် တည်ရှိနေဆဲဖြစ်လေသည်။ ၄င်းတို့က လက်နက်ကိုင်လမ်းစဉ်အား အားမပေးကြပေ။
၁၉၉၀ ခုနှစ်နောက်ပိုင်း အိုင်ဒီယာအနည်းငယ်ပြောင်းလဲလာသည်ကိုတွေ့နိုင်လေသည်။ ဇိုမီးလူမျိုးဟုဆိုလိုရာတွင် တီးတိန် (ကမ်ဟောင်) ဘာသာစကားပြောမျိုးနွယ်အုပ်စုအဖြစ် မျိုးနွယ်စုအမည်အဖြစ်ရွှေ့လျောပြောင်းလဲလာသည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံတွင် အချို့သောခေါင်းဆောင်များက #ဇိုမီးနှင့်ချင်းသည်မတူညီသောသီးခြားလူမျိုးများအဖြစ်ပြောဆိုသုံးနှုန်းသည်ကိုတွေ့နိုင်ပေလိမ့်မည်။ အိန္ဒိယနိုင်ငံဖက်တွင် ထိုဘာသာစကားပြောမျိုးနွယ်ဝင်များအား ကူကီးလက်နက်ကိုင်များ၊ မီဇိုလက်နက်ကိုင်များရန်မှ ကာကွယ်ရန်အထိ မျိုးနွယ်စုဦးတည်ချက်သို့ ကူးပြောင်းသွားသည်။ လက်နက်ကိုင်လမ်းစဉ်သို့ပိုမိုဦးစားပေးသွားလေသည်။
သို့တိုင်အောင် ၄င်းတို့သည် တရားဝင်ထုတ်ပြန်ကြေငြာချက်များတွင် Zomi အား ချင်းမျိုးနွယ်စုများအားလုံး (Chin-Kuki-Mizo-Zomi) နှင့်သက်ဆိုင်သည် ဆိုသည့် အနက်ဖြင့်လည်းကောင်း၊ ယခင် ၁၉၈၈ ခုနှစ် First World Zomi Convention ၏ သဘောတူညီချက်ကိုဆက်လက်လိုက်နာ သယောင်ဖော်ပြထားရှိပေသည်။ သို့သော်လည်း ပေါ်ပေါက်လာသော Zomi Reunification Organization (ZRO) သည် ZORO ကိုဆန့်ကျင်ထွက်လာသော တီးတိန် (ကမ်ဟောင်) ဘာသာစကား ပြောမျိုးနွယ်များလွှမ်းမိုးသော၊ မျိုးနွယ်စုအခြေပြုအဖွဲ့အစည်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုကြောင့် နောက်ဆုံးသုံးသပ်ရပါက #ဇိုမီးအိုင်ဒီယာနှစ်မျိုးရောထွေးမှု၊ #အမျိုးသားရေးနှင့်လက်နက်ကိုင်လမ်းစဥ်ရောထွေးမှု၊ #မီဇိုးနှင့်ဇိုမီးအုပ်စုကြီးအကြားနိုင်ငံရေးအပေးအယူမညီညွှတ်ခြင်းများ ကိုပညာယူစရာများတွေ့ရှိနိုင်ပါသည်။
ထို ဇိုမီးပြန်လည်စည်းရုံးရေးအစည်းအရုံးသည် ယနေ့ထက်တိုင် မဏိပူရနယ်တွင်တည်ရှိနေကာ လက်နက်ကိုင်အားဖြင့်လည်း ချင်းပြည်နယ်အတွင်းအနည်းငယ်လှုပ်ရှား မှုရှိနေသော်လည်း အခြား ကူကီးခံယူသောမျိုးနွယ်များ၊ Pakan ခေါ် ရှေးကူကီး (Old Kuki) အုပ်စုများ၊ ချင်းခံယူသောအုပ်စုများအား စည်းရုံးနိုင်ခြင်းမရှိသကဲ့သို့ မီဇိုးအုပ်စုများနှင့်လည်း လက်တွဲနိုင်ခြင်း မရှိချေ။ နောင်အနာဂတ်တွင် ချင်းတမျိုးသားလုံးစည်းလုံးရေးအတွက် မည်သို့ဆက်လက်ဆောင်ရွက်မည်ကို စိတ်ဝင်တစား စောင့်ကြည့်ရန်ဖြစ်ပါတော့သည်။
အချက်အလက်ခုနှစ်မှားယွင်းပါက ပြင်ဆင်ဖြည့်စွက်ပေးနိုင်ပါသည်။