• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်း စာရေးဆရာမတစ်ဦး၏ မီဇိုးဘာသာနဲ့ရေးသားထားသော “Nuthlawi” စာအုပ်ထုတ်ဝေဖြန့်ချိ

ချင်း စာရေးဆရာမတစ်ဦး၏ မီဇိုးဘာသာနဲ့ရေးသားထားသော “Nuthlawi” စာအုပ်ထုတ်ဝေဖြန့်ချိ

0
By Editor on October 25, 2022 Khonumthung

ချင်းစာရေးဆရာမ Mai Sokhleipar ၏ မီဇိုးဘာသာစကားဖြင့်ရေးသားထားသော ” Nuthlawi” စာအုပ်မိတ်ဆက်ပွဲကို ယနေ့အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီက အိုင်ဇောလ်မြို့ Press Club တွင် ကျင်းပပြု လုပ်ခဲ့ကြသည်။

“Nuthlawi” A Flower in a Crack ဟု အမည်ပေးထားသော စာအုပ်သည် Mai Sokhleipar ၏ မီဇိုးဘာသာစကားဖြင့် ပထမဦးဆုံးအကြိမ်ရေးသားသည့် စာအုပ်ဖြစ်ပြီး သူမသည် ချင်းလူမျိုးများထဲမှ မီဇိုးဘာသာစကားဖြင့် ပထမဦးဆုံး စာအုပ်ရေးသားထုတ်ဝေနိုင်သူဟုလည်း ဆိုနိုင်မည်ဖြစ်သည်။

ယင်းစာအုပ်ကို မီဇိုးရမ်းပြည်နယ်တွင် နာမည်ကြီးစာရေးဆရာကြီးတစ်ဦးလည်းဖြစ်၊ Mizo Academy of Letter (MAL) ဥက္ကဌ Prof.R.L Thanmawia က အများပြည်သူဖတ်ရှုနိုင်ရန် ဖြန့်ချိ (Release) ပေးခဲ့သည်။

ယခုကဲ့သို့ ချင်းအမျိုးသမီးတစ်ဦးမှ မီဇိုးဘာသာစကားဖြင့် စာအုပ်ရေးသား ထုတ်ဝေလာခြင်းသည် ချင်း-မီဇိုးညီအကိုများ ပေါင်းစည်းညီညွတ်ရေး အတွက် ပေါင်းကူးတံတားသဖွယ် အကျိူးပြုလာနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း Prof.R.L Thanmawia က ပြောဆိုခဲ့သည်။

မြန်မာမှုပြုမည်ဆိုပါက တခုလတ် ဟု အမည်ရသော “Nuthlawi” စာအုပ်တွင် တခုလတ်အမျိုးသမီးများ၏ ဘဝ၊ ဟောင်းနွမ်းကြွေလွှင့်ခဲ့ရသော ပန်းတပွင့်၊ မြေခခဲ့ရသောပန်း သို့သော်လည်း ဘဝကိုအရှုံးမပေးပဲ ရဲရဲရင့်ရင့် ရင်ဆိုင် တိုက်ပွဲဝင်ပြီး ပြန်လည်ပွင့်လန်းလာသော ကျောက်ဆောင် ကျောက်တုံးကြားမှ ရုန်းထွက်လာသော ပန်းတစ်ပွင့်၏ အကြောင်းများကို ယခုစာအုပ်တွင် ဖတ်ရှုခံစားနိုင်မည်ဖြစ်သည်။

စာရေးဆရာမ Mai Sokhleipar သည် အသက် ၁၃ နှစ်အရွယ်ကတည်းက ကဗျာ၊ ဝတ္တုတို၊ ဆောင်းပါးများကို စတင်ရေးသားခဲ့ပြီး ချင်း (ဖလမ်း) ဘာသာစကားဖြင့် စာအုပ် ၄ အုပ် ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။

Chin Literature Award ကို ၂ ကြိမ်ရရှိခဲ့သူဖြစ်ပြီး Chin Community, USA က ၂၀၁၇ ခုနှစ်တွင် ပေးအပ်ခဲ့ပြီး Chin TV International ကလည်း ၂၀၂၀ ခုနှစ်တွင် ပေးအပ်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကြားကာလ ချင်းပြည်အစိုးရ ဖွဲ့စည်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော Chinland Council ဖွဲ့စည်းနိုင်ရေးကို အပြည့်အဝထောက်ခံကြောင်း HPO/CDF-Hualngoram ထုတ်ပြန်

တောထဲကို စစ်ဘေးရှောင်သော ခမ်းပတ်မြို့ဒေသခံ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး

“နှုံးဘူး” ဗျူဟာကုန်း အပြီးသိမ်းပိုက်နိုင်ရေး AA က အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်နေပြီ ယနေ့ တိုက်ပွဲများ ပြင်းထန်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 6, 2023

တောင်ဇလပ်မြေပေါ်က စစ်အာဏာရှင်ကို တွန်းလှန်နေကြသော ရဲမေများ………

December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.