အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးက ဖြတ်ကျော်ဝင်ရောက်ကာ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတဝန်းလုံးမှာလည်း ထိခိုက်ပျက်စီးမှု အကြီးအကျယ်ရှိခဲ့ပါတယ်။
မိုခါမုန်တိုင်းဟာ ချင်းပြည်နယ်ဘက်မှာလည်း မေလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ တစ်နာရီ မိုင် (၅၀) ကနေ (၇၀) အထိ တိုက်ခို က်ဝင်ရောက်ခဲ့ပြီး ချင်းပြည်နယ်မှာ ၁၇၀၀ ကျော်ပျက်စီးခဲ့တယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က မေလ ၁၇ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။
ချင်းပြည်နယ်က မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ၊ အရေးပေါ်ကူညီထောက်ပံ့ရေးဆောင်ရွက်မှုအခြေအနေ၊ နောက်ဆက်တွဲဖြစ်လာနိုင်သော အခြေအနေနဲ့ပတ်သက်ပြီး ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ အိုးအိမ်ပျက်စီးမှု ဘယ်လောက်လောက်ရှိလဲ/ ဆရာတို့ နောက်ဆုံးရရှိထားတဲ့ အခြေအနေ ပြောပြပေးလို့ရမလား။
ဖြေ။ ။ မေလ ၁၇ ရက်နေ့ချုပ်တဲ့စာရင်းအရဆိုလို့ရှိရင်တော့ ၁၇၇၀ ကျော်လောက် ထိခိုက်မှုရှိပါတယ်။ သို့သော်လည်း ပဲတာ အပြီးသတ် စာရင်းချုပ်မဖြစ်သေးပါဘူး၊ နောက်ထပ် စာရင်းတွေကတော့ တက်လာနေဆဲဖြစ်တယ်။ အဲ့တော့ ၁၉ ရက်နေ့ မနက်ပိုင်းအထိ ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ ဖလမ်းတို့မှာ ထိခိုက်မှု စာရင်းတွေက ဆက်တိုက်တက်လာနေ ဆဲဖြစ်ပါတယ်။ မင်းတပ်မြို့နယ်ဆိုလို့ရှိရင် ၁၇ ရက်နေ့တုန်းက အိမ်ခြေ ၃၆၄ အိမ်လို့ ဖော်ပြခဲ့ပေမဲ့ ၁၉ ရက်နေ့ ထုတ်ပြန်တဲ့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်တဲ့အရဆိုလို့ရှိရင် စုစုပေါင်း ၅၉၂ အိမ်၊ လူနေ အိမ်ပါတယ်၊ ဘာသာရေးအဆောက်အအုံပါတယ်။ ဆိုတော့ ၆၀၀ နီးပါးဖြစ်တာတွေ့ရပါတယ်။ ဆိုတော့ အကုန်ပေါင် းကြည့်လိုက်မယ်ဆိုရင် လက်ရှိအရ ပြန်ချုပ်လိုက်မယ်ဆိုရင် အိမ်ခြေပေါင်း ၂၀၀၀ ကျော် ထိခိုက်ပျက်စီးတယ်လို့ ပြောလို့ရပါတယ်။
မေး။ ။ အဲလိုပျက်စီးတယ်ဆိုတဲ့နေရာမှာ ဘယ်လောက်ထိဆိုးဆိုးဝါးဝါးပျက်စီးတာမျိုးလဲ။ ဥပမာအိမ်အမိုးလန်သွားတာမျိုးလား၊ တအိမ်လုံးပျက်စီးသွားတာမျိုးလား။
ဖြေ။ ။ အများစုကတော့ အမိုးလန်တယ်၊ နံရံတွေပွင့်သွားတယ် အဲဒါတွေများတာပေါ့။ တစ်အိမ်လုံးကျွတ်ပြီးတော့ လန်ထွက်သွားတဲ့ဟာမျိုး၊ လွင့်သွားတဲ့ဟာမျိုး နည်းတာပေါ့။ သို့သော်လည်းပဲ အမိုးလန်သွားတယ်၊ အကာတွေပြုပ်သွား တယ်ဆိုတဲ့ဟာမျိုးဖြစ်တဲ့ အခါမှာ လူတွေက ပြန်နေထိုင်လို့မရတော့ဘူးပေါ့နော်။ ပြန်ပြီးတော့ ပြုပြင်ရတာပါပဲ။ ဆိုတော့ အရမ်းကြီးစိုးစိုးဝါးဝါးဖြစ်မသွားလို့ဆိုပြီးတော့ ကျွန်တော်တို့ပြန်ပြီးနေတယ်လို့တော့ မရဘူးပေါ့နော်။ အစကနေပြန်ပြီးတော့ ပြင်ရ၊ဆင်ရတဲ့အနေထားရှိပါတယ်။ နောက်တစ်ခုက အထူးသဖြင့် တောင်ပေါ်ဒေသဖြစ်တဲ့အခါကြတော့ နေအိမ်ရဲ့ ကြံ့ခိုင်မှုတွေ အစဆုံးပြန်လုပ်ရတဲ့အနေထားတော့ရှိပါတယ်။
မေး။ ။ ချင်းပြည်နယ်မှာ ဘယ်မြို့နယ်တွေမှာ ပျက်စီးဆုံးရှုံးမှုကအများဆုံးလို့သိထားရလဲ။
ဖြေ။ ။ ICNCC ကနေ ကောက်ခံရရှိထားတဲ့စာရင်းအရဆိုရင် အများဆုံးထိခိုက်တဲ့မြို့နယ်တွေထဲမှာဆိုလို့ရှိရင် မတူပီ မြို့နယ်ပေါ့နော်။ မေလ ၁၇ ရက်နေ့အထိ ရရှိထားတဲ့စာရင်းအရဆိုရင် အိမ်ခြေအလုံးရေပေါင်း ၈၈၀ ကျော် ရှိတာတွေ့ရ ပါတယ်။ ဒုတိယအများဆုံးကတော့ မင်းတပ်မြို့နယ်ပေါ့နော်၊ အိမ်ခြေ ၅၉၂ အိမ်ထိခိုက်တာဖြစ်တယ်။ တတိယကတော့ ပလက်ဝမြို့နယ်ဖြစ်တယ်။ မေလ ၁၇ ရက်နေ့အထိ စာရင်းရထားတာကတော့ ၂၂၀ ကျော်တယ်။ စာရင်းမရသေးတာ တွေလည်းရှိတယ် သံတောင်အနောက်ဖက်ခြမ်း လေးမြို့နယ်ဘက်ခြမ်းမှာ တယ်လီဖုန်းအဆက်သွယ်မရတဲ့အတွက် ကြောင့် အဲ့ဖက်မှာ စာရင်းက အခုချိန်ထိ စောင့်ဆိုင်းနေဆဲပေါ့နော်။ နောက် နံပါတ် (၄) ကတော့ ကန်ပလက်မြို့နယ်ဘ က်ကလည်း စာရင်းအရ အိမ်ခြေ ၁၁၀ ကျော် ကျွန်တော်တို့ ရထားတယ်။ နောက်ပြီးတော့ ဖလမ်းမြို့နယ်ပေါ့၊ နောက်ပြီး တော့ ဟားခါးမှာလည်း ထိခိုက်မှုရှိပါတယ် အဲ့တော့ အများဆုံးလေးမြို့နယ်လို့ပြောရရင်တော့ မတူပီ၊ မင်းတပ်၊ ပလက်ဝ ၊ ကန်ပလက်မြို့နယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။
မေး။ ။ ဒီမိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ လူသေဆုံးမှုတွေရှိလာ။
ဖြေ။ ။ ကျွန်တော်တို့ ၁၉ ရက်နေ့အထိ စုစည်းကောက်ခံထားရတဲ့ အချက်လက်မှာဆိုလို့ဆိုရင် လူသေဆုံးမှုနဲ့ ပက်သက်ပြီးတော့မှ အခုချိန်ထိ တင်ပြလာတာ မရှိသေးဘူးဖြစ်နေတယ်။ တစ်ခုတော့ ရှိတာပေ့ါလေ ကျွန်တော်တို့ ရရှိထားတဲ့ အချက်လက်တွေက ၈၀ ရာခိုင်နှုန်းပဲလွှမ်းခြုံသေးတာကြောင့်မို့လို့ ၁၀၀ ရာခိုင်နှုန်း ပြောလို့မရသေးဘူး၊ တစ်ချို့ကျန်သေးတဲ့ ဒေသကနေပြီးတော့ ဖုန်းမရသေးတဲ့ဒေသတွေ၊ ကျွန်တော်တို့လက်လှမ်းမီနိုင်သေးတဲ့ဒေသတွေမှာ ဘယ်လိုဖြစ်သလဲ ကျွန်တော်တို့မသိရသော်လည်းပဲ ၁၉ ရက်နေ့အထိ ကျွန်တော်တို့ရရှိထားတဲ့ အချက်လက်တွေ အရတော့ လူသေဆုံးမှုတော့ မရှိသေးဘူးလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။
မေး။ ။ အခုလက်ရှိမှာ မုန်တိုင်းသင့်ပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေက ဘာတွေပါလဲ။
ဖြေ။ ။ လက်ရှိ မုန်တိုင်းဒဏ်ခံရတဲ့ပြည်သူတွေအတွက် လတ်တလော လိုအပ်တဲ့ ဥစ္စာတွေကတော့ သောက်သုံးရေေ ပါ့နော်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် တောင်ပေါ်ဒေသတွေမှာ လေတိုက်တဲ့အခါမှာ ရှိတဲ့ရေအရင်းမြစ်တွေက ပျက်စီးသွား တယ်။ နောက်ချောင်းရေက မိုးရေနဲ့ပါတဲ့အတွက်ကြောင့်မို့ နောက်သွားတယ်။ ဆိုတော့ လောလောဆယ်မှာ သောက်သုံး ရေက အရေးပေါ်လိုအပ်တာပေါ့လေ။ အခြေနေတွေငြိမ်သွားရင်တော့ တစ်ပတ်လောက်ကြာသွားရင်တော့ တောင်ကျေ ချာင်းတွေက ပြန်သောက်လို့ရမယ့်အနေထားတော့ရှိတယ်ပေါလေ။ ဒုတိယကတော့ စားနပ်ရိက္ခပေါ့နော်။ တော်တော်များ များမှာ စပါးကျီတွေ ပျက်ဆီးသွားတာရှိတယ်၊ အထူသဖြင့် မတူပီမြို့နယ် ဇိုသုန်ဒေသမှာ အိမ်ခြေပေါင်း ၃၀၀ နီးပါးထိခို က်ပျက်စီးတဲ့အခါမှာ စပါးကျီးတော်တော်များများပါသွားတာရှိတယ်။ ပြီးတော့ မင်းတပ်မြို့နယ်မှာလည်း ဒီအတိုင်းပဲ စပါးကျီးတွေပါသွားတာရှိတယ်။ လောလောဆယ်ဒီတစ်ရက်နှစ်ရက်အတောတွင်းမှာတော့ သိသာချင်မှသိသာမှာဖြစ်ပေမဲ့ အနည်းဆုံးတစ်ပတ်လောက်နောက်ပိုင်းဆိုလို့ရှိရင်တော့ စားနပ်ရိက္ခက ဒုက္ခရောက်လာနိုင်တယ်။
နောက်တစ်ခုကတော့ ဆေးဝါးကတော့ ဒီလိုမျိုးမုန်တိုင်းဖြစ်တဲ့နောက်ပိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာက လိုအပ်တာဖြစ်တဲ့အတွက်ကြောင့် ဆေးဝါးတွေလိုအပ်မယ်။ နောက်တစ်ခုကတော့ မိုးကာပေါ့နော်၊ အခုနေအိမ်တော်တော်များများက အမိုးပွင့်သွားတာပဲ၊ ခေါင်မိုးတွေလန်သွားတယ်၊ အမိုးတွေအကာတွေလွင့်သွားတယ်။ အဲ့ဒီအတွက်ကြောင့်မို့ မိုးကာတော့ မဖြစ်မနေလိုအပ်တယ်။ မကြာခင်မှာ မိုးရာသီကလည်းရောက်လာတော့မှာဖြစ်တဲ့ အတွက်ကြောင့်မို့ ဒီအမိုးအကာတော့ မဖြစ်မနေလိုအပ်တယ်ပေါ့။ နောက်ဆုံးတစ်ခုကတော့ မုန်တိုင်းကြောင့် ရွာချင်း ဆက်လမ်းတွေတော်တော်များများပျက်သွားတယ်၊ တောင်ပေါ်ဒေသဖြစ်တဲ့အတွက် ပြိုကျတယ်။ ကျွန်တော်တို့ ရထားတဲ့ ဓာတ်ပုံတွေအရဆိုလို့ရှိရင် တောင်ကြားလမ်းပေါ့နော်၊ တောင်ကမ်းပါးယံဖောက်ထားတာတွေ တောင်ပြို သွား တယ်၊ ပြိုတဲ့အခါ လမ်းပိတ်သွားတယ်၊ ပျက်သွားတယ် အဲ့ဒါတွက်ကြောင့်မို့ တစ်ရွာနှင့်တစ်ရွာ ဆက်သွယ်ဖို့၊ အထူးသဖြင့် နောက်တစ်ပတ်နှစ်ပတ်အတွင်းမှာ ရိက္ခာတွေသယ်တဲ့ ကိစ္စတွေလုပ်ဖို့အတွက်ဆိုလို့ရှိရင် ဒီရွာချင်းဆက်လမ်း တွေက ပြင်ဖို့လိုအပ်တယ်။ ဆိုတော့ သောက်သုံးရေရယ်၊ စားနပ်ရိက္ခရယ်၊ ဆေးဝါးရယ်၊ အမိုးအကာရယ်၊ နောက်ပြီးတော့ ရွာချင်းဆက်လမ်းတွေပြင်ဖို့လိုအပ်တဲ့ လုပ်အားခ စက်ကိရိယာတွေကတော့ ကျွန်တော်တို့ အရေးပေါ်လိုအပ်တာပေါ့။
မေး ။ ။ ကူညီဆောင်ရွက်မှုပိုင်းမှာကော ဆရာတို့အနေနဲ့ဘာတွေဆောင်ရွက်နေပြီလဲ။
ဖြေ။ ။ မုန်တိုင်းမကျခင် ICNCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ပူးပေါင်းပြီးတော့ မြို့နယ်တွေအတွက် ရန်ပုံငွေေ တွပေးထားတာတွေရှိပါတယ် အများကြီးတော့မဟုတ်ပါဘူး တစ်မြို့နယ်ကို သိန်း အစိတ်/သုံးဆယ် လောက်ကြိုပြီးတော့ ပို့ပေးထားတာတွေရှိပါတယ်။ အဓိက ဘာအတွက်သုံးဖို့လဲဆိုလို့ရှိရင် ဒီဆက်သွယ်ရေး ပိတ်ကျမသွားဖို့ နောက်ပြီးတော့ အရေးပေါ် ကယ်ဆယ်ရေးကိစ္စ စီမံဆောင်ရွက်တာဖြစ်ပါတယ်။ လက်ရှိအနေထားမှာတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်း အနေနဲ့ကတော့ မိမိတို့မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ မိုခါတုန်ပြန်ရေး ကော်မတီတွေက ဆောင်ရွက်နေတာရှိပါတယ်။ အဲ့တော့ လက်ရှိမှာတော့ ကျွန်တော်တို့ အချက်လက်တွေရရှိဖို့အတွက် ပြီးတော့ ဒီအချက်လက်တွေကနေ ထိခိုက်မှုတွေ၊ လိုအပ်တဲ့ အကူညီလိုအပ်ချက်တွေကို ကျွန်တော်တို့က စမ်းစစ်သုံးသပ်တဲ့အနေအထားဖြစ်ပါတယ်။ ဆိုတော့ အချက်လ က်တွေ အားလုံးစုံညီသွားပြီဆိုရင်တော့ ကျွန်တော်တို့ ကူညီဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်ပိုင်းကို သွားရမှာဖြစ်ပါတယ်။
မေး။ ။ အခုလက်ရှိ ကူညီဆောင်ရွက်မှုပိုင်းမှာ ဘယ်လိုအခက်ခဲတွေရင်ဆိုင်ရလဲ။
ဖြေ။ ။ အခက်ခဲကတော့ အချက်လက်တွေ အချိန်မှီမရရှိနိုင်တာပေါ့လေ။ လမ်းပန်းဆက်သွယ်ရေးအခက်ခဲတယ်၊ ကျွန်တော်တို့ တယ်လီဖုန်လိုင်းတွေက အာဏာမသိမ်းခင်က ဖြတ်တောက်ခံရတာရှိတယ်။ ဥပမာ ပလက်ဝမြို့နယ် ဆိုလို့ရှိရင် တယ်လီဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ အာဏာမသိမ်းခင်က ဖြတ်ခံထားရတယ်။ အာဏာသိမ်းပြီးတဲ့ နောက်မှာ မြို့နယ်တော်တော်များများမှာ အထူးသဖြင့် ကျေးလက်တွေမှာပေါ့ တယ်လီဖုန်းလိုင်းမရဘူး၊ အင်တာနက်လိုင်း မရဘူး။ အဲ့ဒီအတွက်ကြောင့်မို့ ကျွန်တော်တို့က မုန်တိုင်းမတိုက်ခင်ကတည်းက သတိပေးတဲ့အပိုင်းမှာလည်း တော်တော် လေး ခက်ခက်ခဲခဲဆောင်ရွက်ခဲ့ရတဲ့ အခြေနေမျိုးရှိသလို အခုချိန်မှာလည်း အဲ့ဒီဒေသနဲ့ချိတ်ဆက် ဆက်သွယ်ရတဲ့အပိုင်း မှာ အများကြီးအခက်ခဲရှိတယ်။ ချက်ချင်း ရွာအထိ အချိန်နင့် တစ်ပြေးညီ ကျွန်တော်တို့ မသွားနိုင်ဘူး၊ သူတို့ ဘာလို အပ်သလဲဆိုတာ ကျွန်တော်တို့စီအချိန်မီ မရောက်နိုင်ဘူး၊ ကျွန်တော်တို့ဘက်က သူတို့စီမေးမြန်းတဲ့အခါမှာလည်း အချိန်မီမရောက်နိုင်တဲ့ကိစ္စအများကြီးရှိပါတယ်။
နံပါတ် (၁) ဆက်သွယ်ရေးပေါ့နော်။ နံပါတ် (၂) ကတော့ လုံခြုံရေးပေါ့။ စစ်ကောင်စီဘက်က မြေပြင်ထိုးစစ်ပဲဖြစ်ဖြစ် လေကြောင်းပစ်ခတ်မှုပဲဖြစ်ဖြစ် မရှိဘူးလို့ ကျွန်တော်တို့ ပြောလို့မရဘူး။ ဒီရက်ပိုင်း မင်းတပ်မြို့နယ်ထဲမှာ စကစဖက်က လေကြောင်းတိုက်ခိုက်တဲ့ဟာမျိုး ကျွန်တော်တို့ တွေ့ရတယ်၊ ကြုံရတယ်ပေါ့လေ၊ ဆိုတော့ မေလ ၁၃ ရက်နေ့မှာကိုက မင်းတပ်မြို့နယ်ဘက်မှာ စကစဖက်က လေကြောင်းတိုက်ခိုက်မှုရှိတယ်လို့ အစီရင်ခံတင်ပြချက်တွေ ကျွန်တော်တို့ ရရှိ တယ်။ အဲ့တော့ စကစဖက်က မြေပြင်ထိုးစစ်ပဲဖြစ်ဖြစ်၊ လေကြောင်းတိုက်ခိုက်မှုပဲဖြစ်ဖြစ် ဒီအတောတွင်းမှာ မဖြစ်လာ ဘူးလို့ ပြောလို့မရဘူး၊ ဆိုတော့ လုံခြုံမှုမရှိဘူးဆိုလို့ရှိရင် ဒီကူညီကယ်ဆယ်ရေးလုပ်ငန်းဟာ ဘယ်လိုမှ လုပ်နိုင်မယ့် အနေထားတော့ မရှိဘူးပေါ့နော်။ နံပါတ် (၃) ကတော့ လိုအပ်တဲ့နယ်မြေတွေကို လုံလုံခြုံခြုံ အချိန်မီ ဘယ်လိုမျိုး ပို့ပေးနိုင်မလဲ၊ လိုအပ်တဲ့ ပစ္စည်တွေ၊ စားနပ်ရိက္ခတွေ အမိုးကာတွေ ဘယ်လိုမျိုးပို့ပေးနိုင်မလဲဆိုတဲ့ ကိစ္စဖြစ်တယ်။ ကျွန်တော်တို့က ဘယ်လိုဆောင်ရွက်ရမလဲဆိုတာသိတယ် သို့သော် လိုအပ်တဲ့အရင်းအမြစ်တွေ ငွေကြေးကအစ၊ လိုအပ်တဲ့ပစ္စည်းကအစ ဆန်ရိက္ခာ၊ လိုအပ်တဲ့မိုးကာကအစ၊ ဒီပစ္စည်းတွေကို ကျွန်တော်တို့ ဘယ်မှာရနိုင်မလဲ ဘယ်ကနေ ဘယ်လိုပို့နိုင်မလဲ ဆိုတဲ့ဟာက စိန်ခေါ်မှုဖြစ်ပါတယ်။
ကျွန်တော်တို့ ဒီလိုဆောင်ရွက်တဲ့အခါမှာ ရံပုံငွေကတော့ ထိခိုက်မှုအများဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်ဘက်ကို ကျွန်တော်တို့ သွားကြတာဖြစ်တယ်။ လိုလည်းလိုအပ်တယ်၊ သွားဖို့လည်းလိုတယ်။ ထိခိုက်မှုအများဆုံးက ရခိုင်ပြည်နယ်ဖြစ်တယ်။ အဲ့တော့ NUG အစိုးရဖက်ကလည်း အမေရိကန် ဒေါ်လာ ၁ သန်း ဘတ်ဂျက်ချထားတယ်ဆိုတာ ကျွန်တော်တို့ ကြားရ တယ်။ နောက် အမေရိကန်နိုင်ငံကလည်း ဒေါ်လာ ၂ သိန်း ချင်း နဲ့ ရခိုင်အတွက် ပြင်ဆင်ထားတယ်လို့ ကျွန်တော်တို့ ကြားရတယ်။ သို့သော် ဒီရန်ပုံငွေတွေကို ဘယ်လို Channel လုပ်မလဲ၊ ဘယ်လိုအချိန်မီပို့မလဲ ဆိုတဲ့ ကိစ္စတွေက ကျွန်တော်တို့ စဉ်စားစရာဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့ ပြည်ပမှာရှိတဲ့ ချင်းအဖွဲ့စည်းတွေကလည်း ဝိုင်းဝန်း ကူညီပေးကြဖို့လိုပါတယ်။ ရံပုံငွေမရှိဘူးဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ဒီကူညီကယ်ဆယ်ရေးလုပ်ငန်းတွေက အောင်အောင်မြင်မြင်နဲ့ဆောင်ရွက်နိုင်ဖို့ ခက်ခဲပါတယ်။
မေး။ ။ ပြန်လည်ထူထောင်ရေးပိုင်းမှာ ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေရှိလာနိုင်လဲ။
ဖြေ။ ။ ပြန်လည်ထူထောင်ရေးအပိုင်းမှာကတော့ အထူသဖြင့် အရင်းအမြစ်တွေ ငွေရေးကြေးကအစ ဒါတွေဟာ စိန်ခေါ်မှုကြီးလာနိုင်တယ်၊ နောက်တစ်ခုကတော့ အခုချိန်ကာလမှာ တော်လှန်ရေး ခုခံတော်လှန်စစ် ဆင်နွဲနေတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လုံခြုံရေးက အင်မတန်မှအခက်ခဲ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်လိမ့်မယ်၊ အဲ့တော့ အရင်းမြစ်တွေ အထူးသဖြင့် ကျွန်တော်တို့ ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ လမ်းပန်းဆက်သွယ်ရေးအပိုင်းပဲဖြစ်ဖြစ် အိမ်ဆောက်ပစ္စည်းတွေ သယ်တာပြုတာဖြစ်ဖြစ် အဲ့ဒီပိုင်းမှာ စကစဘက်က ခြိမ်းခြောက်မှု၊ အန္တရာယ်ပြုမှုတွေ ဖြစ်လာနိုင်တယ်။ အဲ့တော့ တစ်ချိန်တည်းမှာပဲ လိုအပ်ချက်အရ စကစဖက်က ဝင်ရောက်မှုကလည်းရှိလာနိုင်တယ်။ အခုပင်လျင် စကစဖက်ကနေပြီးတော့ သဘာဝဘေးသင့်မြို့နယ်ဖြင့် ကြေညာထားတဲ့ ပလက်ဝ၊ မတူပီ၊ ဟားခါး၊ တီးတိန်စတဲ့မြို့နယ်တွေကို ပြန်လည်ထူထောင်ရေး ကြီးကြပ်ကွက်ကဲဖို့ဆိုပြီးတော့ စစ်တပ်အရာရှိကြီးတွေကို တာဝန်ပေးအပ်ထားတဲ့အရာတွေရှိတယ်။ ဆိုတော့ အဲ့သည့်နောက်ကွယ်မှာ ဘာလာနိုင်သလဲဆိုလို့ရှိရင် ကူညီကယ်ဆယ် ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာနိုင်တယ်။ စစ်တပ်အင်အားဖြည့်လာနိုင်တယ်။
နောက်ပြီးတော့ UN agency တို့ INGO တို့ ဝင်လာခိုင်းပြီးတော့ စစ်တပ်ဖက်ကလည်း နယ်မြေစိုးမိုးမှုဝင်လာနိုင်တဲ့ အနအထားမျိုး ဖြစ်လာနိုင်တယ်။ အဲ့ဒီအချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ထိပ်တိုက် ထိတွေ့ပစ်ခတ်မှုရှိ တယ်ဆိုလို့ရှိရင် စစ်ကောင်စီဖက်ကနေပြီးတော့ ဒီဒေသကာကွယ်ရေးဖက်ကို လူသားချင်းစာနာထောက်ထားမှု အကူညီ တွေ ပိတ်ဆို့တဲ့သူတွေ၊ အကြမ်းဖက်မှုတွေ စသဖြင့် စွပ်စွဲမှုတွေဖြစ်လာနိုင်တယ်။ အဲ့တော့ ခြုံပြီးတော့ပြောမယ်ဆိုလို့ရှိရင် ပြန်လည်ထူထောင်ရေးကာလဟာ ပိုပြီးတော့ စိန်ခေါ်မှုကြီးလာမယ်။ အထူးသဖြင့် တော်လှန်ရေးအဖွဲ့စည်းတွေ အတွက်လည်းပဲ တော်တော်ကြီးကို စိန်ခေါ်မှုကြီးတဲ့အနေအထား၊ တစ်ဖက်ကနေ ပြည်သူလူထုကို စကစဖက်ကနေပြီးတော့ ငွေရေးကြေးနဲ့သော်လည်းကောင်း မြူဆွယ်တဲ့ကိစ္စဖြစ်လာနိုင်တယ်။
မေး။ ။တခြားဘာများဖြည့်စွပ်ပြောချင်တာရှိလဲ။
ဖြေ။ ။ မုန်တိုင်းနဲ့ပတ်သက်ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် မိုခါမုန်တိုင်းထိခိုက်မှုအများဆုံးဖြစ်တဲ့ဟာ ရခိုင်ပြည်နယ် ဖြစ်တယ်။ အဲ့တော့ ရခိုင်ပြည်နယ်မှာ ထိခိုက်ပျက်စီးမှုအများကြီးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အများကြီး စိတ်မကောင်းဖြစ်ရတယ်၊ထပ်တူခံစားရတယ်။ ချင်းပြည်နယ်ထဲမှာ အများဆုံး အိမ်ခြေ ၂၀၀၀ နီးပါးထိခိုက်တယ်လို့ ပြောသော်လည်းပဲ၊ ရခိုင်ပြည်နယ်မှာ ထိခိုက်တဲ့ပမာနနဲ့ နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် အများကြီးမရှိဘူးပေါ့နော်။ အဲ့လိုပြောတဲ့အချိန်မှာ ရခိုင်ပြည်နယ်မှာ ဆုံးရှုံးမှု အများကြီးကြုံတွေ့နေတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများကို ကိုယ်ချင်းစာတယ်။ နိုင်ငံတကာအနေနဲ့လည်း ဝိုင်းဝန်းကူညီပေးကြပါလို့ ဖော်ပြချင်တယ်။ တစ်ချိန်တည်းမှာပဲ၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးအနည်းဆုံး ၄၀၀ ကျော်၊ သေဆုံးခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်းတက်လာတဲ့အခါမှာ ဒီဥစ္စာသည် ကျွန်တော်တို့ တော်တော်လေး Shock ဖြစ်ရတယ်ပေါ့နော် စိတ်မကောင်းလည်းဖြစ်ရတယ်။ စကစ ဖက်က တော့ ၆ ဦးလောက်ပဲသေတယ်ဆိုပြီးတော့ ထိခိုက်မှုအနည်းဆုံးဖြစ်တယ်ဆိုပြီးတော့ စကစ ခေါင်းဆောင်တွေက ပြောတာပေါ့လေ။
ဒါပေမဲ့ တကယ့်တကယ်မြေပြင်အရ ရိုဟင်ဂျာလူမျိုးတွေမပါရင်တောင်မှ ထိခိုက်မှုက တော်တော်များတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်နား အဲ့ဖက်မှာတောင်မှ ရွာတစ်ရွာမှာ ၁၂ ယောက်လောက်သေတယ်ဆိုတဲ့ဟာမျိုးပေါ့လေ။ ကျွန်တော်တို့ သတင်းကြားရတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ နာဂစ်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ လူသေဆုံးမှုက နည်းတာပေါ့နော်။ သို့သော် ရိုဟင်ဂျာလူမျိုး အနည်းဆုံးအယောက် ၄၀၀ သေရတယ်ဆိုတာက တော်တော်လေး Shock ဖြစ်စရာဖြစ်တယ်ပေါ့လေ။ ဆိုတော့ အဲ့မှာ မေးခွန်း အများကြီးထုတ်စရာရှိတယ်။ စကစက တကယ်ကိုပဲ ဒီရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီးတော့ လျစ်လျူရှုခဲ့သလား၊ စဉ်းစားစရာပေါ့လေ၊ ကျွန်တော်တို့ ချင်းပြည်နယ်ထဲမှာ ထိခိုက်မှုလည်း မှန်ပါ တယ်။ ချင်းပြည်နယ်ကိုလည်း ကူညီပေးပါ။ ထိုထက်မက ထိခိုက်တဲ့ ရခိုင်ပြည်နယ်ကိုလည်း ရှိသမျှ ဝိုင်းပြီးတော့ ကူညီ ပေးကြရအောင် ပြီးတော့ ကျွန်တော်တို့ ခရစ်ယာန်များဖြစ်တဲ့အတွက်ကြောင့်ဆုတောင်းပေးရအောင် ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာနဲ့ အားလုံး ချင်းပြည်နယ်ရော ရခိုင်ပြည်နယ်ရော ပြန်လည်ပြီးတော့ ပြုံးထလာနိုင်ဖို့ ကျွန်တော်တို့လည်း ကြိုးစားအားထုတ်ကြရအောင်လို့ အားပေးချင်ပါတယ်။