• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီ၏ သေဒဏ်စီရင်မှု ဆန့်ကျင်ရှုတ်ချပွဲ အိန္ဒိယအစိုးရက ခွင့်မပြု

စစ်ကောင်စီ၏ သေဒဏ်စီရင်မှု ဆန့်ကျင်ရှုတ်ချပွဲ အိန္ဒိယအစိုးရက ခွင့်မပြု

0
By Editor on August 2, 2022 Khonumthung

မြန်မာနိုင်ငံတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား စစ်ကောင်စီက မတရားသေဒဏ်စီရင်ခဲ့မှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့ကြသော်လည်း အိန္ဒိယအစိုးရက ခွင့်မပြုခဲ့ကြောင်း သိရသည်။

ထင်ရှားသောနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၈၈ မျိူးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့်ကိုကျော် မင်းယု (ခေါ်) ကိုဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းကိုဖြိုးဇေယျာသော်နှင့် အရပ်သားနှစ်ဦးဖြစ်သည့် ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့အား စစ်ကောင်စီက မတရားသေဒဏ်စီရင်ခဲ့မှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် နယူးဒေလီရောက် မြန်မာနိုင်ငံသားမျာက ဇူလိုင်လ ၃၀ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

နယူးဒေလီမြို့ ဂျန်တားမန်တားပန်းခြံရှေ့တွင် ဆန္ဒဖော်ထုတ်ကြမည့် အဆိုပါအစီစဉ်ကို နယူးဒေလီရဲတပ်ဖွဲ့က အစကနဦးတွင် ခွင့်ပြုထားပြီးဖြစ်သော်လည်း အချိန်နီးကပ်ခါမှ ခွင့်ပြုမိန့်ပြန်လည်ရုပ်သိမ်းသွားခြင်းဖြစ်သည်ဟု နယူးဒေလီမြို့ရှိ မြန်မာ့အရေးဦးဆောင်သူတစ်ဦးက ပြောသည်။

“အရင်ကလုပ်နေကြအတိုင်း စာရွက်နဲ့ ရဲစခန်းကို ခွင့်တင်တယ် သူတို့ဘက်က ခွင့်ပြုတယ်ဆိုပြီး အကြောင်းပြန်တယ်၊ ဒါပေမယ့် သွားခါနီးဆဲဆဲမှာ ရဲစခန်းကဖုန်းဆက်လာပြီး ခွင့်မပြုကြောင်းပြောလာတယ်။ ပြီးတော့ ဆန္ဒပြဦးဆောင်သူလူ ၁၂ ယောက်ကို ရဲစခန်းကိုခေါ်ပြီး ဆန္ဒပြဖို့ကို အထက်က ခွင့်မပြုကြောင်း ပြောတယ်။ ဆန္ဒပြမှာစိုးလို့ အချိန်ဆွဲပြီး ညနေ ၂ နာရီခွဲလောက်မှ ပြန်လွှတ်တယ်” ဟု ၎င်းကပြောသည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယသည် အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်ဆံရေးကောင်းမွန်လျှက်ရှိပြီး သံတမန်းနည်းနှင့်ဖြစ်စေ၊ စစ်ရေးနည်းဖြင့်ဖြစ်စေ စစ်ကောင်စီကို အကူအညီပေးနေသည့်နိုင်ငံဖြစ်သည်။

အိန္ဒိယအစိုးရမှ ယခုကဲ့သို့ ဆန္ဒပြခွင့် ဟန့်တားပိတ်ပင်လိုက်ခြင်းကြောင့် နယူးဒေလီရောက် မြန်မာနိုင်ငံသားများသည် အခြားသောနေရာတစ်ခုတွင် ခဏတာ ဆန္ဒဖော်ထုတ်နိုင်ခဲ့ကြသည်ဟု သိရသည်။

“ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ အခုလို ဟန့်တားပိတ်ပင်တာက လူအခွင့်‌ရေးချိုးဖောက်တယ်လို့ ကျွန်ပ်တို့သုံး သပ်တယ်။ အကယ်၍ ဆန္ဒပြခွင့်ပြုမယ်ဆိုရင် သူတို့သတ်မှတ်ထားတဲ့ Jantarmantar ဆိုတဲ့နေရာမှာ မင်း‌အောင်လိုင်ရဲ့ မတရား သေဒဏ်ချမှတ်မှုအပေါ် နိုင်ငံတကာအနေင့်ရော၊ အိန္ဒိယနိုင်ငံအနေနင့်ရော ရှုပ်ချဖို့ အဓိက မင်းအောင်လိုင်ကို အရေးယူဖို့တောင်ဆိုချင်တယ်။” ဟု နယူးဒေလီရောက်မြန်မာ့အရေး ဦးဆောင်သူ တစ်ဦးကပြောသည်။

အိန္ဒိယအစိုးရသည် အာဏာသိမ်းစစ်ကောင်စီအပေါ် အားပေးထောက်ခံသည့် သူ၏သဘောထားရပ်တည်ချက်ကို ပြောင်းလဲကာ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများအား ကူညီထောက်ခံမှုပေးရန် ဇူလိုင်လ ၂၅ ရက် နေ့ကလည်း မြန်မာနိုင်ငံက အရက်ဖက်အဖွဲ့အစည်းပေါင်း ၁၈၀ ကျော်က အိတ်ဖွင့်ပေးစာပေးအပ်ခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇန်မြို့နယ်၊ ဒါးရ်ခိုင်ရွာဟောင်းတွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၇ လုံး လောင်ကျွမ်းပြာကျ

ဇိုးတုန်နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.