• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Featured»“စစ်ဘေးရှောင်စာရင်းအတိကျသိနိုင်ဖို့နဲ့ လုံခြုံရေးအတွက် Refugee ID Card လုပ်ဆောင်ပေးတာဖြစ်တယ်”

“စစ်ဘေးရှောင်စာရင်းအတိကျသိနိုင်ဖို့နဲ့ လုံခြုံရေးအတွက် Refugee ID Card လုပ်ဆောင်ပေးတာဖြစ်တယ်”

0
By Editor on February 26, 2022 Featured

NGO United For Democratic Myanmar အဖွဲ့က တွဲဖက်အတွင်းရေးမှူး ကိုရစ်ချက်နဲ့ ဆက်သွယ်မေးမြန်းချက်

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင် ၃ သောင်းကျော်လောက်ရှိသွားပြီလို့သိရပါတယ်။ မီဇိုရမ်ပြည်နယ်အတွင်းမှာရှိ နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို မီဇိုရမ်ပြည်နယ်အစိုးရ Refugee ID Card တွေစတင်လုပ်ဆောင်ပေးနေပါတယ်။

ဘာကြောင့် ခုလိုစစ်ဘေးရှာင်တွေကို Refugee ID Card လုပ်ဆောင်ပေးရတာပါလဲ။ ဘယ်အကျိူးခံစားခွင့် ရှိလာနိုင်လဲ။ စစ်ဘေးရှောင်တွေအတွက်ဘယ်လိုအကျိူးဆက်တွေဖြစ်လာနိုင်သလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် အခြေစိုက် စစ်ဘေးရှောင်ကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ NGO United For Democratic Myanmar အဖွဲ့က တွဲဖက်အတွင်းရေးမှူး ကိုရစ်ချက်ကို Khonumthung ကဆက်သွယ်မေးမြန်းထားပါတယ်။

မေး – မီဇိုရမ်ပြည်နယ်မှာရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်တွေကို မီဇိုရမ်အစိုးရအနေနဲ့ Refugee ID Card ကို ဘာရည်ရွယ်ချက်နဲ့ လုပ်ပေးရတာလဲ။

ဖြေ – နံပါတ် (၁) အချက်အနေနဲ့ မီဇိုရမ်အစိုးရက မီဇိုရမ်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင် ဘယ်လောက်ရှိသလဲ ဆိုတာ မှတ်သားထားချင်သဘောဖြစ်တယ်။ နောက်တစ်ချက်ကတော့ သူတို့ရဲ့ လုံခြုံရေးအတွက်လည်းဖြစ်တယ်။ လုံခြုံရေးဆိုတဲ့နေရာမှာ မီဇိုရမ်ပြည်နယ်မှာ နေထိုင်တဲ့အတောအတွင်း တနေရာကနေတနေရာ ပြောင်းရွေ့တာဘဲ ဖြစ်ဖြစ်၊ မီဇိုရမ်ပြည်နယ်အတွင်း ခရီးသွားလာတဲ့အခါမှာဘဲဖြစ်ဖြစ် အဆင်ပြေနိုင်ဖို့အတွက် အဓိက ရည်ရွယ်ပြီး Refugee ID Card ကို လုပ်ပေးရခြင်းဖြစ်ပါတယ်။

မေး – ဒီ Refugee ID Card လုပ်ပေးခြင်းအားဖြင့် စစ်ဘေးရှောင်တွေအတွက် ဘယ်လိုအကျိုးခံစားခွင်တွေ ရှိလာနိုင်လဲ။

ဖြေ – အကျိုးခံစားခွင့်ဆိုတဲ့နေရာမှာ ဒီ Refugee ID Card ဟာ မီဇိုရမ်နိုင်ငံသားဖြစ်ခွင့် မဟုတ်သလို ဒီ ကဒ်ကို အသုံးပြုပြီးတော့ အလွဲသုံးစားမလုပ်ဖို့ကိုလည်း Refugee ID Card လုပ်ပေးတဲ့ တာဝန်ရှိသူတွေက ပြောထားတာ ရှိပါတယ်။ အဲဒါကြောင့် ခုနပြောသလို အကျိုးခံစားခွင့်ပိုင်းကတော့ ဘယ်လောက်ထိရှိမလဲဆိုတာ ပြောရ ခက်ပါတယ်။ ကျနော့ အမြင်အနေနဲ့ပြောရရင်တော့ မီဇိုရမ်အစိုးရကနေဘဲဖြစ်ဖြစ် အခြားသော NGO အဖွဲ့အစည်း ကနေဘဲဖြစ်ဖြစ် ကူညီ ထောက်ပံ့မှုများရှိရင် Refugee ID Card ကိုင်ဆောင်ထားတဲ့သူဘဲ ခံစားခွင့်ရှိလာနိုင်တယ်လို့ မြင်ပါတယ်။

မေး – အခု လက်ရှိမှာ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်ဘယ်လောက်ရှိသွားပြီလဲ။

ဖြေ – ဒီကိစ္စတော့ တိတိကျကျ ဖြေရခက်ပါတယ်။ ဘာလို့လဲဆိုတော့ မီဇိုရမ်ပြည်နယ် မြို့နယ်အသီးသီးမှာ စစ်ဘေးရှောင်တွေရှိကြတယ်။ စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ စာရင်းကိုတော့ အလွယ်တကူသိနိုင်ပေမဲ့ အပြင်မှာ နေထိုင်တဲ့ စစ်ဘေးရှောင်စာရင်းတွေကိုတော့ တိတိကျကျ မှတ်ထားဖို့ ခက်ပါတယ်။ နောက်ပြီး တချို့စစ်ဘေးရှောင် တွေက နေရပ်ပြန်သွားတဲ့သူတွေလည်း ရှိနေတော့ ခန့်မှန်းခြေပြောရရင်တော့ လက်ရှိမီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင် ဦးရေ ၃၀၀၀၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ မီဇိုရမ်အစိုးရအနေနဲ့ကလည်း စာရင်းကို အတိအကျ မပြုစုနိုင်တဲ့အတွက် စစ်ဘေးရှောင်စာရင်းကို တိတိကျကျသိလိုတဲ့အတွက် ခုလို Refugee ID Card ကို လုပ်ဆောင် ပေးရခြင်းလည်း ဖြစ်ပါတယ်။

မေး – အဲဒီအထဲကနေ စစ်ဘေးရှောင်ဘယ်နှစ်ယောက်ကို Refugee ID Card ကို ထုပ်ပေးနေပြီလဲ။

ဖြေ – တစ်မြို့နယ်နဲ့တစ်မြို့နယ် လုပ်တဲ့အချိန်ကာလမတူကြဘူး။ ကျနော်တို့ သိရသလောက်ဆိုရင် ကျန်ဖိုင်းခရိုင်မှာ ၄၂၅၅ ဦး လုပ်ပြီးသွားပြီ။ ကျန်ဖိုင်းခရိုင်မှာရှိတဲ့ စစ်ဘေးရှောင်အားလုံးကို ဖေဖော်ဝါရီလအတွင်း အကုန်ပြီးစီးလုပ်ပေး မယ်လို့လည်း ကြားထားတယ်။ အခြားမြို့နယ်တွေ မှာတော့ အခုမှ စပြီး ဆောင်ရွက်နေတာတွေ ရှိတယ်။ အမြန်ဆုံးရနိုင်အောင်တော့ အစိုးရကလည်း ဆောင်ရွက်ပေးနေပါတယ်။

မေး – Refugee ID Card ကို မလုပ်ချင်တဲ့ စစ်ဘေးရှောင်တွေရော ရှိသလား။

ဖြေ – ရှိပါတယ်။ အဓိကတော့ ကြောက်ကြတာပေါ့နော်။ Refugee ID Card ရှိရင် မြန်မာပြည်ကို ပြန်ရမှာမဟုတ်တော့ ဘူးလို့ ထင်ထားတဲ့သူတွေလည်းရှိသလို မြန်မာပြည်ပြန်တော့မှာမို့ မလုပ်တော့ဘူးဆိုတဲ့သူတွေလည်း ရှိကြတယ်။

မေး – မီဇိုရမ်ရောက်နေတဲ့ စစ်ဘေးရှောင်တွေရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိလဲ။ စားဝတ်နေရေးပိုင်းမှာ ဘယ်လို ရပ်တည်ကြလဲ။

ဖြေ – စစ်ဘေးရှောင်တွေရဲ့ လက်ရှိအခြေအနေဆိုတဲ့နေရာမှာ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်အများစုကတော့ စစ်ဘေးရှောင်စခန်းတွေမှာနေကြတယ်။ တချို့ကတော့ အဆင်ပြေတဲ့နေရာမှာ အိမ်ငှားပြီး နေကြတယ်။ တချို့ကတော့ လုပ်ငန်းခွင်တွေမှာနေကြတယ်။ အများသောအားဖြင့် စစ်ဘေးရှောင်တွေက နယ်စပ် ဒေသဖြစ်တဲ့ Champhai, Hnahthial, Saiha, Lawngtlai မြို့နယ်အပြင် Aizawl, Lunglei စတဲ့ မြို့တွေမှာ နေကြတာများတယ်။ စားဝတ်နေရေးနဲ့ပတ်သက်ရင်တော့ မီဇိုရမ်အစိုးရ၊ အသင်းတော်၊ NGO အဖွဲ့အစည်းများ နှင့် ပြည်သူလူထုတွေက နေရာထိုင်ခင်းကအစ စားဝတ်နေရေးပိုင်းကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့လာတာ တစ်နှစ် ကျော်သွားပြီဖြစ်တယ်။ အများသောအားဖြင့် မြို့ကြီးတွေမှာနေတဲ့ စစ်ဘေးရှောင်တွေ အများစုက အဆင်ပြေနေပေမယ့် နယ်စပ်တောရွာ စစ်ဘေးရှောင်စခန်းတွေမှာနေတဲ့သူတွေတော့ အဆင်သိပ်မပြေကြ တဲ့သူတွေလည်း ရှိတယ်လို့ သိရတယ်။

မေး- ဒါဆိုရင် စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးပိုင်းကို မီဇိုရမ်ပြည်နယ်အစိုးရ၊ အသင်းတော်၊ NGO စတဲ့အဖွဲ့အစည်းတွေက အဓိကကူညီထောက်ပံ့ကြတာဆိုတော့ ရေရှည်အတွက် ဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ – အခု သွားနေတဲ့ပုံစံက မီဇိုရမ်အစိုးရ၊ NGO၊ အသင်းတော်၊ ပြည်သူလူထုကနေ အတတ်နိုင်ဆုံး ထောက်ပံ့မှုတော့ ရထားပါတယ်။ ခုဆိုရင် တစ်နှစ်ကျော်ပြီပေါ့။ မြန်မာပြည် ပြည်တွင်းစစ်ကလည်း ဘယ်လောက်ကြာမယ် မသိရတဲ့အတွက် ရေရှည်မှာတော့ အခက်အခဲ ရှိလာနိုင်တယ်လို့မြင်ပါတယ်။ စစ်ဘေးရှောင်တွေကို ပြည်နယ်အဆင့်ကနေဘဲမဟုတ်ဘဲနဲ့ အိန္ဒိယဗဟိုအစိုးရရဲ့ အသိအမှတ်ပြု ကူညီထောက်ပံ့မှုက အရေးကြီးတယ်။ ဒါကိုလည်း မီဇိုရမ်အစိုးရအနေနဲ့လည်း ကြိုးစားနေဆဲဖြစ်ပါတယ်။

Zawgyi

“စစ္ေဘးေရွာင္စာရင္းအတိက်သိႏိုင္ဖို႔နဲ႔ လံုျခံဳေရးအတြက္ Refugee ID Card လုပ္ေဆာင္ေပးတာျဖစ္တယ္”

NGO United For Democratic of Myanmar အဖြဲ႔က တြဲဖက္အတြင္းေရးမႉး ကိုရစ္ခ်က္နဲ႔ ဆက္သြယ္ေမးျမန္းခ်က္

ခိုႏူမ္းသုန္သတင္း၊ ၂၆ ေဖေဖာ္ဝါရီ ၂၀၂၂

ခ်င္းျပည္နယ္ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ အိႏိၵယႏိုင္ငံအေရွ႕ေျမာက္ေဒသ မီဇိုရမ္ျပည္နယ္မွာ ျမန္မာႏိုင္ငံကေန ထြက္ေျပးတိမ္းေရွာင္ေနတဲ့ စစ္ေဘးေရွာင္ ၃ ေသာင္းေက်ာ္ေလာက္ရွိသြားၿပီလို႔သိရပါတယ္။ မီဇိုရမ္ျပည္နယ္အတြင္းမွာရွိ ေနၾကတဲ့ စစ္ေဘးေရွာင္ျပည္သူေတြကို မီဇိုရမ္ျပည္နယ္အစိုးရ Refugee ID Card ေတြစတင္လုပ္ေဆာင္ေပးေနၿပီလို႔ သိရပါတယ္။

ဘာေၾကာင့္ ခုလိုစစ္ေဘးရွာင္ေတြကို Refugee ID Card လုပ္ေဆာင္ေပးရတာပါလဲ။ ဘယ္အက်ဴိးခံစားခြင့္ ရွိလာႏိုင္လဲ။ စစ္ေဘးေရွာင္ေတြအတြက္ဘယ္လိုအက်ဴိးဆက္ေတြျဖစ္လာႏိုင္သလဲ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး မီဇိုရမ္ျပည္နယ္ အေျခစိုက္ စစ္ေဘးေရွာင္ကူညီေရးအဖြဲ႔တစ္ခုျဖစ္တဲ့ NGO United For Democratic of Myanmar အဖြဲ႔က တြဲဖက္အတြင္းေရးမႉး ကိုရစ္ခ်က္ကို Khonumthung ကဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး – မီဇိုရမ္ျပည္နယ္မွာေရာက္ရွိေနၾကတဲ့ စစ္ေဘးေရွာင္ေတြကို မီဇိုရမ္အစိုးရအေနနဲ႕ Refugee ID Card ကို ဘာရည္ရြယ္ခ်က္နဲ႕ လုပ္ေပးရတာလဲ။

ေျဖ – နံပါတ္ (၁) အခ်က္အေနနဲ႕ မီဇိုရမ္အစိုးရက မီဇိုရမ္ျပည္နယ္အတြင္းမွာ စစ္ေဘးေရွာင္ ဘယ္ေလာက္ရွိသလဲ ဆိုတာ မွတ္သားထားခ်င္သေဘာျဖစ္တယ္။ ေနာက္တစ္ခ်က္ကေတာ့ သူတို႕ရဲ႕ လံုၿခံဳေရးအတြက္လည္းျဖစ္တယ္။ လံုၿခံဳေရးဆိုတဲ့ေနရာမွာ မီဇိုရမ္ျပည္နယ္မွာ ေနထိုင္တဲ့အေတာအတြင္း တေနရာကေနတေနရာ ေျပာင္းေရြ႕တာဘဲ ျဖစ္ျဖစ္၊ မီဇိုရမ္ျပည္နယ္အတြင္း ခရီးသြားလာတဲ့အခါမွာဘဲျဖစ္ျဖစ္ အဆင္ေျပႏိုင္ဖို႕အတြက္ အဓိက ရည္ရြယ္ၿပီး Refugee ID Card ကို လုပ္ေပးရျခင္းျဖစ္ပါတယ္။

ေမး – ဒီ Refugee ID Card လုပ္ေပးျခင္းအားျဖင့္ စစ္ေဘးေရွာင္ေတြအတြက္ ဘယ္လိုအက်ဳိးခံစားခြင္ေတြ ရွိလာႏိုင္လဲ။

ေျဖ – အက်ဳိးခံစားခြင့္ဆိုတဲ့ေနရာမွာ ဒီ Refugee ID Card ဟာ မီဇိုရမ္ႏိုင္ငံသားျဖစ္ခြင့္ မဟုတ္သလို ဒီ ကဒ္ကို အသံုးျပဳၿပီးေတာ့ အလြဲသံုးစားမလုပ္ဖို႕ကိုလည္း Refugee ID Card လုပ္ေပးတဲ့ တာဝန္ရွိသူေတြက ေျပာထားတာ ရွိပါတယ္။ အဲဒါေၾကာင့္ ခုနေျပာသလို အက်ဳိးခံစားခြင့္ပိုင္းကေတာ့ ဘယ္ေလာက္ထိရွိမလဲဆိုတာ ေျပာရ ခက္ပါတယ္။ က်ေနာ့ အျမင္အေနနဲ႕ေျပာရရင္ေတာ့ မီဇိုရမ္အစိုးရကေနဘဲျဖစ္ျဖစ္ အျခားေသာ NGO အဖြဲ႕အစည္း ကေနဘဲျဖစ္ျဖစ္ ကူညီ ေထာက္ပံ့မႈမ်ားရွိရင္ Refugee ID Card ကိုင္ေဆာင္ထားတဲ့သူဘဲ ခံစားခြင့္ရွိလာႏိုင္တယ္လို႕ ျမင္ပါတယ္။

ေမး – အခု လက္ရွိမွာ မီဇိုရမ္ျပည္နယ္မွာ စစ္ေဘးေရွာင္ဘယ္ေလာက္ရွိသြားၿပီလဲ။

ေျဖ – ဒီကိစၥေတာ့ တိတိက်က် ေျဖရခက္ပါတယ္။ ဘာလို႕လဲဆိုေတာ့ မီဇိုရမ္ျပည္နယ္ ၿမိဳ႕နယ္အသီးသီးမွာ စစ္ေဘးေရွာင္ေတြရွိၾကတယ္။ စစ္ေဘးေရွာင္စခန္းေတြမွာရွိတဲ့ စာရင္းကိုေတာ့ အလြယ္တကူသိႏိုင္ေပမဲ့ အျပင္မွာ ေနထိုင္တဲ့ စစ္ေဘးေရွာင္စာရင္းေတြကိုေတာ့ တိတိက်က် မွတ္ထားဖို႕ ခက္ပါတယ္။ ေနာက္ၿပီး တခ်ဳိ႕စစ္ေဘးေရွာင္ ေတြက ေနရပ္ျပန္သြားတဲ့သူေတြလည္း ရွိေနေတာ့ ခန္႕မွန္းေျခေျပာရရင္ေတာ့ လက္ရွိမီဇိုရမ္ျပည္နယ္မွာ စစ္ေဘးေရွာင္ ဦးေရ ၃၀၀၀၀ ေက်ာ္ေလာက္ရွိမယ္လို႕ ခန္႕မွန္းရပါတယ္။ မီဇိုရမ္အစိုးရအေနနဲ႕ကလည္း စာရင္းကို အတိအက် မျပဳစုႏိုင္တဲ့အတြက္ စစ္ေဘးေရွာင္စာရင္းကို တိတိက်က်သိလိုတဲ့အတြက္ ခုလို Refugee ID Card ကို လုပ္ေဆာင္ ေပးရျခင္းလည္း ျဖစ္ပါတယ္။

ေမး – အဲဒီအထဲကေန စစ္ေဘးေရွာင္ဘယ္ႏွစ္ေယာက္ကို Refugee ID Card ကို ထုပ္ေပးေနၿပီလဲ။

ေျဖ – တစ္ၿမဳိ႕နယ္နဲ႕တစ္ၿမဳိ႕နယ္ လုပ္တဲ့အခ်ိန္ကာလမတူၾကဘူး။ က်ေနာ္တို႕ သိရသေလာက္ဆိုရင္ က်န္ဖိုင္းခရိုင္မွာ ၄၂၅၅ ဦး လုပ္ၿပီးသြားၿပီ။ က်န္ဖိုင္းခရိုင္မွာရွိတဲ့ စစ္ေဘးေရွာင္အားလံုးကို ေဖေဖာ္ဝါရီလအတြင္း အကုန္ၿပီးစီးလုပ္ေပး မယ္လို႕လည္း ၾကားထားတယ္။ အျခားၿမဳိ႕နယ္ေတြ မွာေတာ့ အခုမွ စၿပီး ေဆာင္ရြက္ေနတာေတြ ရွိတယ္။ အျမန္ဆံုးရႏိုင္ေအာင္ေတာ့ အစိုးရကလည္း ေဆာင္ရြက္ေပးေနပါတယ္။

ေမး – Refugee ID Card ကို မလုပ္ခ်င္တဲ့ စစ္ေဘးေရွာင္ေတြေရာ ရွိသလား။

ေျဖ – ရွိပါတယ္။ အဓိကေတာ့ ေၾကာက္ၾကတာေပါ့ေနာ္။ Refugee ID Card ရွိရင္ ျမန္မာျပည္ကို ျပန္ရမွာမဟုတ္ေတာ့ ဘူးလို႕ ထင္ထားတဲ့သူေတြလည္းရွိသလို ျမန္မာျပည္ျပန္ေတာ့မွာမို႕ မလုပ္ေတာ့ဘူးဆိုတဲ့သူေတြလည္း ရွိၾကတယ္။

ေမး – မီဇိုရမ္ေရာက္ေနတဲ့ စစ္ေဘးေရွာင္ေတြရဲ႕ လက္ရွိအေျခအေနက ဘယ္လိုရွိလဲ။ စားဝတ္ေနေရးပိုင္းမွာ ဘယ္လို ရပ္တည္ၾကလဲ။

ေျဖ – စစ္ေဘးေရွာင္ေတြရဲ႕ လက္ရွိအေျခအေနဆိုတဲ့ေနရာမွာ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးတိမ္းေရွာင္လာၾကတဲ့ စစ္ေဘးေရွာင္အမ်ားစုကေတာ့ စစ္ေဘးေရွာင္စခန္းေတြမွာေနၾကတယ္။ တခ်ဳိ႕ကေတာ့ အဆင္ေျပတဲ့ေနရာမွာ အိမ္ငွားၿပီး ေနၾကတယ္။ တခ်ဳိ႕ကေတာ့ လုပ္ငန္းခြင္ေတြမွာေနၾကတယ္။ အမ်ားေသာအားျဖင့္ စစ္ေဘးေရွာင္ေတြက နယ္စပ္ ေဒသျဖစ္တဲ့ Champhai, Hnahthial, Saiha, Lawngtlai ၿမဳိ႕နယ္အျပင္ Aizawl, Lunglei စတဲ့ ၿမဳိ႕ေတြမွာ ေနၾကတာမ်ားတယ္။ စားဝတ္ေနေရးနဲ႕ပတ္သက္ရင္ေတာ့ မီဇိုရမ္အစိုးရ၊ အသင္းေတာ္၊ NGO အဖြဲ႕အစည္းမ်ား ႏွင့္ ျပည္သူလူထုေတြက ေနရာထုိင္ခင္းကအစ စားဝတ္ေနေရးပိုင္းကို အတတ္ႏိုင္ဆံုး ကူညီေထာက္ပံ့လာတာ တစ္ႏွစ္ ေက်ာ္သြားၿပီျဖစ္တယ္။ အမ်ားေသာအားျဖင့္ ၿမဳိ႕ႀကီးေတြမွာေနတဲ့ စစ္ေဘးေရွာင္ေတြ အမ်ားစုက အဆင္ေျပေနေပမယ့္ နယ္စပ္ေတာရြာ စစ္ေဘးေရွာင္စခန္းေတြမွာေနတဲ့သူေတြေတာ့ အဆင္သိပ္မေျပၾက တဲ့သူေတြလည္း ရွိတယ္လို႕ သိရတယ္။

ေမး- ဒါဆိုရင္ စစ္ေဘးေရွာင္ေတြရဲ႕ စား၀တ္ေနေရးပိုင္းကို မီဇိုရမ္ျပည္နယ္အစိုးရ၊ အသင္းေတာ္၊ NGO စတဲ့အဖြဲ႔အစည္းေတြက အဓိကကူညီေထာက္ပံ့ၾကတာဆိုေတာ့ ေရရွည္အတြက္ ဘယ္လိုျဖစ္လာႏိုင္လဲ။

ေျဖ – အခု သြားေနတဲ့ပုံစံက မီဇိုရမ္အစိုးရ၊ NGO၊ အသင္းေတာ္၊ ျပည္သူလူထုကေန အတတ္နိုင္ဆုံး ေထာက္ပံ့မွုေတာ့ ရထားပါတယ္။ ခုဆိုရင္ တစ္ႏွစ္ေက်ာ္ၿပီေပါ့။ ျမန္မာျပည္ ျပည္တြင္းစစ္ကလည္း ဘယ္ေလာက္ၾကာမယ္ မသိရတဲ့အတြက္ ေရရွည္မွာေတာ့ အခက္အခဲ ရွိလာနိုင္တယ္လို့ျမင္ပါတယ္။ စစ္ေဘးေရွာင္ေတြကို ျပည္နယ္အဆင့္ကေနဘဲမဟုတ္ဘဲနဲ႔ အိႏၵိယဗဟိုအစိုးရရဲ့ အသိအမွတ္ျပဳ ကူညီေထာက္ပံ့မွုက အေရးႀကီးတယ္။ ဒါကိုလည္း မီဇိုရမ္အစိုးရအေနနဲ႔လည္း ႀကိဳးစားေနဆဲျဖစ္ပါတယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.