• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»“စားနပ္ရိကၡာျပတ္လပ္မႈဟာ ေရရွည္ျဖစ္လာရင္ အာဟာရခ်ိဳ႕တဲ့မႈေတြပါတိုးမ်ားလာမယ္”

“စားနပ္ရိကၡာျပတ္လပ္မႈဟာ ေရရွည္ျဖစ္လာရင္ အာဟာရခ်ိဳ႕တဲ့မႈေတြပါတိုးမ်ားလာမယ္”

0
By Editor on May 5, 2020 Khonumthung

#Zawgyi

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (ေအေအ) အၾကား စစ္ေရးပဋိပကၡေတြေၾကာင့္ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီ လဆန္းပို္င္းကစလို႔ ပလက္၀ၿမိဳ႕နယ္ဟာ ရခိုင္ျပည္နယ္နဲ႔ ဆက္သြယ္ေသာ ေရလမ္း/ကုန္လမ္းေတြ ျပတ္ေတာက္သြားခဲ့ၿပီး ကုန္စည္စီးဆင္းမႈဘာတစ္ခုမွမရွိေတာ့တာေၾကာင့္ စစ္ေဘးေရွာင္ျပည္သူေတြသာမက ၿမိဳ႕ခံလူထုေတြပါ စားနပ္ရိကၡာျပတ္လပ္တဲ့အေျခအေနနဲ႔ရင္ဆိုင္ႀကံဳေတြ႔ေနၾကရပါတယ္။

စစ္ေရးပဋိပကၡေတြေၾကာင့္ ပလက္၀ၿမိဳ႕ေပၚကို ထြက္ေျပးတိမ္းေရွာင္ေနၾကရတဲ့ စစ္ေဘးေရွာင္ျပည္သူ ၄၀၀၀ နီးပါးကို  ကမၻာ့စားနပ္ရိကၡာအစီစဥ္( WFP) ကေန ၿပီးခဲ့တဲ့ရက္ပိုင္းက လံုျခံဳေရးအခက္အခဲေတြၾကားထဲကေန ရိကၡာဆန္ေတြ ပလက္၀ၿမိဳ႕အထိ သြားေရာက္ေထာက္ပံ့ေပးႏုိင္ခဲ့ၾကပါတယ္။

ယခုလက္ရွိ ပလက္၀ၿမိဳ႕မွာရွိေနတဲ့ စစ္ေဘးေရွာင္ျပည္သူေတြရဲ့အေျခအေနကဘယ္လိုရွိပါသလဲ၊ ပလက္၀ၿမိဳ႕ရဲ့ စားနပ္ရိကၡာျပတ္လပ္မႈက ဘယ္ေလာက္ထိအေျခအေနဆိုးေနပါသလဲ၊ တကယ္လို စစ္ေရးပဋိပကၡေတြဒီထက္အရွိန္ျမင့္လာရင္ ပလက္၀ရဲ့အေျခအေနဘယ္လိုျဖစ္သြားႏုိင္ပါသလဲ ဒီကိစၥႏွင့္ပတ္သက္ၿပီး WFP- ျမန္မာရဲ့ ဆက္သြယ္ဆက္ဆံေရးအရာရွိ ကိုထက္ဦးလင္းကို ခုိႏူမ္းသုန္သတင္းဌာနမွ ဆက္သြယ္ေမး ျမန္းထားပါတယ္။

ေမး။      ။ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕က စစ္ေဘးေရွာင္ျပည္သူေတြအတြက္ WFP ကေန ေထာက္ပံ့တဲ့အေထာက္အပံ့ပစၥည္းေတြ ပလက္၀ၿမိဳ႕ကိုေရာက္သြားၿပီလို႔ ေမလ (၃) ရက္ေန႔က ထုတ္ျပန္တာေတြ႔ရပါတယ္။ အဲဒီအေထာက္ပံ့ပစၥည္းေတြ ဘာေတြဘာလဲ။ ဘယ္ေန႔ကေရာက္သြားတာပါလဲ။

ေျဖ။       ။ စားနပ္ရိကၡာအေထာက္အပံ့ေတြကို ေမလ (၂) ရက္ေန႔မွာ ပလက္ဝျမိဳ႕ဆီ အေရာက္ပို႔နိုင္ခဲ့တာျဖစ္ပါတယ္။ WFP အေနနဲ႔ပလက္ဝျမိဳ႕ကို စားနပ္ရိကၡာအေထာက္အပံ့ေတြေပးပို႔တာ ဒီတစ္ေခါက္ဟာ ပထမဦးဆုံးေတာ့မဟုတ္ပါဘူး။ ၂၀၁၉ ခုနွစ္ေနွာင္းမွာလည္း အေရးေပၚစားနပ္ရိကၡာ လိုအပ္ခ်က္ေတြရွိလာတာ‌ ေၾကာင့္ အေထာက္အပံ့ေတြေပးပို႔ခဲ့ဖူးပါတယ္။ WFP အေနနဲ႔ဆန္အိတ္ တစ္ေထာင္ပို႔ေဆာင္ေထာက္ပံ့နိုင္ခဲ့တာျဖစ္ပါတယ္။ ဆန္သီးသန္႔တင္မဟုတ္ပဲ ေငြသားအေထာက္အပံ့နဲ႔အတူ တြဲဖက္ေထာက္ပံ့ေပးအပ္တာပါ။ WFP က ေထာက္ပံ့ေပးအပ္တဲ့ ဆန္ရိကၡာနဲ႔ေငြသားဟာ စားနပ္ရိကၡာအခက္အခဲအရွိဆုံး လူဦးေရ ၃,၇၀၀ အတြက္ တစ္လစာစားနပ္ရိကၡာလုံေလာက္ေစဖို႔ရည္ရြယ္ပါတယ္။

ေမး။      ။ အဲဒီအေထာက္အပံ့ေတြ ပလက္၀မွာပို႔တဲ့အခ်ိန္မွာဘယ္လိုအခက္အခဲေတြ ရင္ဆိုင္ခဲ့ၾကရလဲ။ ေသနတ္နဲ႔လည္း ပစ္ခတ္ခံခဲ့ရတယ္လို႔လည္းသိရလို႔။

ေျဖ။       ။ WFP ယာဥ္တန္းအေနနဲ႔ ျမန္မာနိုင္ငံအလယ္ပိုင္း‌ကေနတဆင့္ ဆမီးျမိဳ႕၊ ဆမီးျမိဳ႕ကေနတဆင့္ ပလက္ဝျမိဳ႕ဆိုျပီးေတာ့ ခရီးစဥ္ေရးဆြဲျပီး အ‌ေထာက္အပံ့ေတြပို႔ဖို႔စီစဥ္ခဲ့တာျဖစ္ပါတယ္။ လမ္းတစ္ေလ်ွာက္မွာ WFP က ဌားရမ္းစီစဥ္ထားတဲ့ ယာဥ္တန္းဟာ အခက္အခဲအမ်ိဳးမ်ိဳးၾကဳံေတြ႕ခဲ့ရပါတယ္။ မိုးသည္းထန္ျပီးရြာတာေၾကာင့္ လမ္းေတြမေကာင္းလို႔ ခက္ခက္ခဲခဲသြားခဲ့ရသလို၊ ဆမီးနဲ႔ ပလက္ဝအၾကားလမ္းေပၚမွာ ယာဥ္တန္းဟာ လက္နက္ငယ္မ်ားနဲ႔ အပစ္ခံခဲ့ရပါတယ္။ ယာဥ္အကူတစ္ဦး ဒဏ္ရာအနည္းငယ္ရရွိခဲ့ျပီး၊ ယာဥ္ငါးစီးအနက္ သုံးစီးထိမွန္ခဲ့ပါတယ္။ ဒါေပမယ့္ လမ္းခရီးဆက္နိုင္ခဲ့ျပီး ပလက္ဝျမိဳ႕ဆီ ေရလမ္းကေနတစ္ဆင့္ အေထာက္အပံ့ေတြကို အေရာက္ပို႔နိုင္ခဲ့ပါတယ္။ 

ေမး။      ။ ပလက္၀ၿမိဳ႕နယ္ရဲ့ ရိကၡာျပတ္လပ္မႈအေျခအေနက ဘယ္ေလာက္ထိ ဆိုးဆိုး၀ါး၀ါးျဖစ္ေနလဲ။

ေျဖ။       ။ ပလက္ဝ‌ေဒသမွာ စစ္ေရးပဋိပကၡအေျခအေနပိုျပီးျပင္းထန္လာတာနဲ႔အတူ ကုန္သြယ္ေရးလမ္းေၾကာင္းေတြ ျပတ္ေတာက္သြားတာ လအတန္ၾကာရွိေနပါျပီ။ ဒီလိုျပတ္ေတာက္သြားတာေၾကာင့္ ေဒသတြင္း စားနပ္ရိကၡာေတြ တျဖည္းျဖည္း ျပတ္လပ္လာသလို ကုန္ေစ်းႏႈန္းေတြလည္း ျမင့္တက္လာတာ ကၽြန္ေတာ္တို႔ ေလ့လာသိရွိရပါတယ္။ တစ္ခ်ိန္တည္းမွာလည္း စစ္ေဘးေရွာင္ဦးေရလည္းတိုးလာေတာ့စားနပ္ရိကၡာအခက္အခဲဟာ ပိုလို႔ေတာင္ၾကီးမားလာပါတယ္။ မိသားစုအေတာ္မ်ားမ်ားဟာ ရွိတာေလးနဲ႔ ခက္ခက္ခဲခဲမွ်တစားေသာက္ေနရသလို တခ်ိဳ႕ဆိုရနိုင္သမွ်သစ္ဥသစ္ဖုေတြကို ရွာေဖြစားေသာက္ၾကရပါတယ္။ ကိုယ္ပိုင္ ေတာင္ယာသုံးကၽြဲႏြားရွိတဲ့ မိသားစုေတြကလည္း လုပ္ငန္းအတြက္မသုံးႏိုင္ေတာ့ပဲ ေရာင္းခ်လိုက္ရတဲ့သူ၊ စားသုံးလိုက္ရတဲ့သူေတြလည္းရွိပါတယ္။ အခုလိုအေျခအေနဟာ ေရရွည္ စိုက္ပ်ိဳးေရးအထြက္ႏႈန္းကိုပါ တိုက္ရိုက္ထိခိုက္ေစတာမို႔စိတ္ပူရမယ့္အေျခအေနပါ။

ေမး။      ။ ပလက္၀ၿမိဳ႕နယ္ျပည္သူေတြနဲ႔ စစ္ေဘးေရွာင္ေတြရဲ့ အဓိကလိုအပ္ခ်က္က ဘာေတြလဲ။

ေျဖ။       ။ ငတ္မြတ္ေခါင္းပါေရးကို ကမာၻ႕အနွံ႔အဆုံးသတ္ဖို႔ ၾကိဳးစားေနတဲ့ အဖြဲ႔အစည္းအေနနဲ႔ WFP ဟာ ပလက္ဝ‌ေဒသမွာ အဓိကအားျဖင့္ စားနပ္ရိကၡာျပတ္လပ္မႈဆက္ျပီးမေတြ႔ၾကဳံရဖို႔အေရးၾကီးတယ္လို႔ျမင္ပါတယ္။ စားနပ္ရိကၡာျပတ္လပ္မႈဟာ ေရရွည္ျဖစ္လာရင္ အာဟာရခ်ိဳ႕တဲ့မႈေတြပါတိုးမ်ားလာမယ့္အျပင္ အျခားက႑ေတြကိုပါ တစ္ဆင့္ျပီးတစ္ဆင့္ ထိခိုက္လာမွာျဖစ္ပါတယ္။ 

ေမး။      ။ ပလက္၀ၿမိဳ႕နယ္ စားနပ္ရိကၡာျပတ္လပ္မႈကိစၥကို ဘယ္လိုနည္းလမ္းေတြနဲ႔ေျဖရွင္းသင့္ပါသလဲ။

ေျဖ။       ။ လက္ရွိအခ်ိန္မွာ အေရးေပၚလိုအပ္တာကေတာ့ ေဒသျပန္လည္တည္ျငိမ္သြားျပီး ကုန္သြယ္ေရးနဲ႔ ေထာက္ပံ့‌ေရးလမ္းေၾကာင္းေတြ ျပန္ပြင့္သြားဖို႔လို႔ျမင္ပါတယ္။ စားနပ္ရိကၡာအခက္အခဲေရရွည္မျဖစ္ေအာင္WFP အေနနဲ႔ လိုအပ္ခ်က္ရွိေနသမွ် ဆက္လက္ေထာက္ပံ့သြားႏိုင္ဖို႔ၾကိဳးစားေနပါတယ္။

ေမး။      ။ ပလက္၀စစ္ေဘးေရွာင္ေတြအတြက္ WFP အေနနဲ႔ ဘာေတြဆက္လုပ္ဖို႔ရွိလဲ။‌‌

‌‌ေျဖ။       ။ ေဒသအတြင္းမွာ စားနပ္ရိကၡာျပတ္လပ္မႈရွိေနေသးေရြ႕ WFP က ဆက္ျပီးအကူအညီအေထာက္အပံ့ေတြေပးနိုင္ဖို႔ ၾကိဳးစားသြားမွာျဖစ္ပါတယ္။ စားနပ္ရိကၡာအခက္အခဲနဲ႔အတူ ဖြားေတာ္ဖက္ျဖစ္တဲ့ အဟာရခ်ိဳ႕တဲ့မႈကို ကာကြယ္နိုင္ဖို႔၊ တြန္းလွန္နိုင္ဖို႔အာဟာရအ‌ေထာက္အပံ့ေတြကိုလဲ လိုအပ္ခ်က္နဲ႔အညီ အထူးသျဖင့္ ကေလးငယ္ေတြနဲ႔ ကေလးမိခင္ေတြအတြက္ ေထာက္ပံ့သြားဖို႔ရွိပါတယ္။ WFP ဟာပလက္ဝ‌ေဒသမွာပဲမဟုတ္ပဲ ခ်င္းျပည္နယ္တစ္ခုလုံး စားနပ္ရိကၡာမဖူလုံတဲ့ ‌ေဒသေတြမွာ အာဟာရအေထာက္အပံ့ေတြ၊ ေက်ာင္းတြင္းအာဟာရေကၽြးေမြးတဲ့အစီအစဥ္ေတြ၊ လမ္း၊ တံတား၊ ေတာင္ယာစိုက္ခင္းစတဲ့  လူထုပိုင္ အေျခခံအေဆာက္အဦးအေသးစားေတြ တည္ေဆာက္တဲ့ လုပ္ငန္းအကူအညီေတြကို တိုးခ်ဲ႕ေပးအပ္သြားဖို႔ ၾကိဳးစားေနတာပါ။ ဒီလိုအေထာက္အပံ့လုပ္ငန္းေတြကို ကခ်င္၊ ရွမ္းနဲ႔ ရခိုင္ျပည္နယ္ေတြအပါအဝင္ ျမန္မာနိုင္ငံရဲ့ တိုင္းေဒသၾကီး နဲ႔ ျပည္နယ္ (၁၂) ခုမွာ ေဆာင္ရြက္ေပးအပ္ေနပါတယ္။

#Unicode

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ) အကြား စစ်ရေးပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းပိ်ုင်းကစလို့ ပလက်ဝမြို့နယ်ဟာ ရခိုင်ပြည်နယ်နဲ့ ဆက်သွယ်သော ရေလမ်း/ကုန်လမ်းတွေ ပြတ်တောက်သွားခဲ့ပြီး ကုန်စည်စီးဆင်းမှုဘာတစ်ခုမှမရှိတော့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေသာမက မြို့ခံလူထုတွေပါ စားနပ်ရိက္ခာပြတ်လပ်တဲ့အခြေအနေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

စစ်ရေးပဋိပက္ခတွေကြောင့် ပလက်ဝမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ ၄၀ဝ၀ နီးပါးကို ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်( WFP) ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက လုံခြုံရေးအခက်အခဲတွေကြားထဲကနေ ရိက္ခာဆန်တွေ ပလက်ဝမြို့အထိ သွားရောက်ထောက်ပံ့ပေးနိုင်ခဲ့ကြပါတယ်။

ယခုလက်ရှိ ပလက်ဝမြို့မှာရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့အခြေအနေကဘယ်လိုရှိပါသလဲ၊ ပလက်ဝမြို့ရဲ့ စားနပ်ရိက္ခာပြတ်လပ်မှုက ဘယ်လောက်ထိအခြေအနေဆိုးနေပါသလဲ၊ တကယ်လို စစ်ရေးပဋိပက္ခတွေဒီထက်အရှိန်မြင့်လာရင် ပလက်ဝရဲ့အခြေအနေဘယ်လိုဖြစ်သွားနိုင်ပါသလဲ ဒီကိစ္စနှင့်ပတ်သက်ပြီး WFP- မြန်မာရဲ့ ဆက်သွယ်ဆက်ဆံရေးအရာရှိ ကိုထက်ဦးလင်းကို ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေး မြန်းထားပါတယ်။

မေး။ ။ ချင်းပြည်နယ် ပလက်ဝမြို့က စစ်ဘေးရှောင်ပြည်သူတွေအတွက် WFP ကနေ ထောက်ပံ့တဲ့အထောက်အပံ့ပစ္စည်းတွေ ပလက်ဝမြို့ကိုရောက်သွားပြီလို့ မေလ (၃) ရက်နေ့က ထုတ်ပြန်တာတွေ့ရပါတယ်။ အဲဒီအထောက်ပံ့ပစ္စည်းတွေ ဘာတွေဘာလဲ။ ဘယ်နေ့ကရောက်သွားတာပါလဲ။

ဖြေ။ ။ စားနပ်ရိက္ခာအထောက်အပံ့တွေကို မေလ (၂) ရက်နေ့မှာ ပလက်ဝမြို့ဆီ အရောက်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ WFP အနေနဲ့ပလက်ဝမြို့ကို စားနပ်ရိက္ခာအထောက်အပံ့တွေပေးပို့တာ ဒီတစ်ခေါက်ဟာ ပထမဦးဆုံးတော့မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်နှောင်းမှာလည်း အရေးပေါ်စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိလာတာ‌ ကြောင့် အထောက်အပံ့တွေပေးပို့ခဲ့ဖူးပါတယ်။ WFP အနေနဲ့ဆန်အိတ် တစ်ထောင်ပို့ဆောင်ထောက်ပံ့နိုင်ခဲ့တာဖြစ်ပါတယ်။ ဆန်သီးသန့်တင်မဟုတ်ပဲ ငွေသားအထောက်အပံ့နဲ့အတူ တွဲဖက်ထောက်ပံ့ပေးအပ်တာပါ။ WFP က ထောက်ပံ့ပေးအပ်တဲ့ ဆန်ရိက္ခာနဲ့ငွေသားဟာ စားနပ်ရိက္ခာအခက်အခဲအရှိဆုံး လူဦးရေ ၃,၇၀ဝ အတွက် တစ်လစာစားနပ်ရိက္ခာလုံလောက်စေဖို့ရည်ရွယ်ပါတယ်။

မေး။ ။ အဲဒီအထောက်အပံ့တွေ ပလက်ဝမှာပို့တဲ့အချိန်မှာဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ကြရလဲ။ သေနတ်နဲ့လည်း ပစ်ခတ်ခံခဲ့ရတယ်လို့လည်းသိရလို့။

ဖြေ။ ။ WFP ယာဉ်တန်းအနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း‌ကနေတဆင့် ဆမီးမြို့၊ ဆမီးမြို့ကနေတဆင့် ပလက်ဝမြို့ဆိုပြီးတော့ ခရီးစဉ်ရေးဆွဲပြီး အ‌ထောက်အပံ့တွေပို့ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ WFP က ဌားရမ်းစီစဉ်ထားတဲ့ ယာဉ်တန်းဟာ အခက်အခဲအမျိုးမျိုးကြုံတွေ့ခဲ့ရပါတယ်။ မိုးသည်းထန်ပြီးရွာတာကြောင့် လမ်းတွေမကောင်းလို့ ခက်ခက်ခဲခဲသွားခဲ့ရသလို၊ ဆမီးနဲ့ ပလက်ဝအကြားလမ်းပေါ်မှာ ယာဉ်တန်းဟာ လက်နက်ငယ်များနဲ့ အပစ်ခံခဲ့ရပါတယ်။ ယာဉ်အကူတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး၊ ယာဉ်ငါးစီးအနက် သုံးစီးထိမှန်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းခရီးဆက်နိုင်ခဲ့ပြီး ပလက်ဝမြို့ဆီ ရေလမ်းကနေတစ်ဆင့် အထောက်အပံ့တွေကို အရောက်ပို့နိုင်ခဲ့ပါတယ်။

မေး။ ။ ပလက်ဝမြို့နယ်ရဲ့ ရိက္ခာပြတ်လပ်မှုအခြေအနေက ဘယ်လောက်ထိ ဆိုးဆိုးဝါးဝါးဖြစ်နေလဲ။

ဖြေ။ ။ ပလက်ဝ‌ဒေသမှာ စစ်ရေးပဋိပက္ခအခြေအနေပိုပြီးပြင်းထန်လာတာနဲ့အတူ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်သွားတာ လအတန်ကြာရှိနေပါပြီ။ ဒီလိုပြတ်တောက်သွားတာကြောင့် ဒေသတွင်း စားနပ်ရိက္ခာတွေ တဖြည်းဖြည်း ပြတ်လပ်လာသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာတာ ကျွန်တော်တို့ လေ့လာသိရှိရပါတယ်။ တစ်ချိန်တည်းမှာလည်း စစ်ဘေးရှောင်ဦးရေလည်းတိုးလာတော့စားနပ်ရိက္ခာအခက်အခဲဟာ ပိုလို့တောင်ကြီးမားလာပါတယ်။ မိသားစုအတော်များများဟာ ရှိတာလေးနဲ့ ခက်ခက်ခဲခဲမျှတစားသောက်နေရသလို တချို့ဆိုရနိုင်သမျှသစ်ဥသစ်ဖုတွေကို ရှာဖွေစားသောက်ကြရပါတယ်။ ကိုယ်ပိုင် တောင်ယာသုံးကျွဲနွားရှိတဲ့ မိသားစုတွေကလည်း လုပ်ငန်းအတွက်မသုံးနိုင်တော့ပဲ ရောင်းချလိုက်ရတဲ့သူ၊ စားသုံးလိုက်ရတဲ့သူတွေလည်းရှိပါတယ်။ အခုလိုအခြေအနေဟာ ရေရှည် စိုက်ပျိုးရေးအထွက်နှုန်းကိုပါ တိုက်ရိုက်ထိခိုက်စေတာမို့စိတ်ပူရမယ့်အခြေအနေပါ။

မေး။ ။ ပလက်ဝမြို့နယ်ပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေရဲ့ အဓိကလိုအပ်ချက်က ဘာတွေလဲ။

ဖြေ။ ။ ငတ်မွတ်ခေါင်းပါရေးကို ကမ္ဘာ့အနှံ့အဆုံးသတ်ဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းအနေနဲ့ WFP ဟာ ပလက်ဝ‌ဒေသမှာ အဓိကအားဖြင့် စားနပ်ရိက္ခာပြတ်လပ်မှုဆက်ပြီးမတွေ့ကြုံရဖို့အရေးကြီးတယ်လို့မြင်ပါတယ်။ စားနပ်ရိက္ခာပြတ်လပ်မှုဟာ ရေရှည်ဖြစ်လာရင် အာဟာရချို့တဲ့မှုတွေပါတိုးများလာမယ့်အပြင် အခြားကဏ္ဍတွေကိုပါ တစ်ဆင့်ပြီးတစ်ဆင့် ထိခိုက်လာမှာဖြစ်ပါတယ်။

မေး။ ။ ပလက်ဝမြို့နယ် စားနပ်ရိက္ခာပြတ်လပ်မှုကိစ္စကို ဘယ်လိုနည်းလမ်းတွေနဲ့ဖြေရှင်းသင့်ပါသလဲ။

ဖြေ။ ။ လက်ရှိအချိန်မှာ အရေးပေါ်လိုအပ်တာကတော့ ဒေသပြန်လည်တည်ငြိမ်သွားပြီး ကုန်သွယ်ရေးနဲ့ ထောက်ပံ့‌ရေးလမ်းကြောင်းတွေ ပြန်ပွင့်သွားဖို့လို့မြင်ပါတယ်။ စားနပ်ရိက္ခာအခက်အခဲရေရှည်မဖြစ်အောင်WFP အနေနဲ့ လိုအပ်ချက်ရှိနေသမျှ ဆက်လက်ထောက်ပံ့သွားနိုင်ဖို့ကြိုးစားနေပါတယ်။

မေး။ ။ ပလက်ဝစစ်ဘေးရှောင်တွေအတွက် WFP အနေနဲ့ ဘာတွေဆက်လုပ်ဖို့ရှိလဲ။

ဖြေ။ ။ ဒေသအတွင်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုရှိနေသေးရွေ့ WFP က ဆက်ပြီးအကူအညီအထောက်အပံ့တွေပေးနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ စားနပ်ရိက္ခာအခက်အခဲနဲ့အတူ ဖွားတော်ဖက်ဖြစ်တဲ့ အဟာရချို့တဲ့မှုကို ကာကွယ်နိုင်ဖို့၊ တွန်းလှန်နိုင်ဖို့အာဟာရအ‌ထောက်အပံ့တွေကိုလဲ လိုအပ်ချက်နဲ့အညီ အထူးသဖြင့် ကလေးငယ်တွေနဲ့ ကလေးမိခင်တွေအတွက် ထောက်ပံ့သွားဖို့ရှိပါတယ်။ WFP ဟာပလက်ဝ‌ဒေသမှာပဲမဟုတ်ပဲ ချင်းပြည်နယ်တစ်ခုလုံး စားနပ်ရိက္ခာမဖူလုံတဲ့ ဒေသတွေမှာ အာဟာရအထောက်အပံ့တွေ၊ ကျောင်းတွင်းအာဟာရကျွေးမွေးတဲ့အစီအစဉ်တွေ၊ လမ်း၊ တံတား၊ တောင်ယာစိုက်ခင်းစတဲ့ လူထုပိုင် အခြေခံအဆောက်အဦးအသေးစားတွေ တည်ဆောက်တဲ့ လုပ်ငန်းအကူအညီတွေကို တိုးချဲ့ပေးအပ်သွားဖို့ ကြိုးစားနေတာပါ။ ဒီလိုအထောက်အပံ့လုပ်ငန်းတွေကို ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေအပါအဝင် မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ် (၁၂) ခုမှာ ဆောင်ရွက်ပေးအပ်နေပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.