• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တမူးမြို့နယ် ကျွန်းပင်သာရွာက ဖမ်းဆီးခံရသော ချင်းလူငယ် ၄ ဦး ပြန်လည်လွတ််မြောက်လာ

တမူးမြို့နယ် ကျွန်းပင်သာရွာက ဖမ်းဆီးခံရသော ချင်းလူငယ် ၄ ဦး ပြန်လည်လွတ််မြောက်လာ

0
By Editor on July 30, 2021 Khonumthung

စစ်တိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ မင်းသာကျေးရွာအုပ်စု ကျွန်းပင်သာရွာက ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီက ၁၅ ရက်အကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဇူလိုင်လ ၂၆ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

“၂၆ ရက်နေ့က လူငယ် ၄ ယောက်ကို ပြန်လွတ်ပေးခဲ့ပြီ၊ သူတို့က ဘာအပြစ်မှမလုပ်ထားလို့နေမှာ၊ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းတယ်၊ သူတို့က ၃-၄ လလောက် အပြင်မထွက်ခိုင်းဘူး၊ အိမ်မှာပဲနေဖို့ပြောတယ်၊ ကျန်းမာရေးတော့ကောင်းကြတယ်၊ သူတို့မေးမြန်းတာတွေအရ PDF တွေနဲ့ ပက်သက်မှုရှိတယ်ဆိုတဲ့ သံသယစိတ်နဲ့ ဖမ်းတာနေမှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျွန်းပင်သာကျေးရွာက အဖမ်းခံရသည့် ချင်းလူငယ် ၄ ဦးမှာ ကိုဟင်လင်းမာန်၊ ဦးရမ်လင်မုံ၊ ကိုဆွန်မင်ထန်၊ ကို Lal Lin San တို့ဖြစ်ကြဖြစ်ပြီး ၎င်းတို့ကို ဇူလိုင်လ ၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၁၀ ရက်နေ့ညတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က တမူးခရိုင်၊ နောင်ကတ်ရွာသစ်က ချင်းလူငယ် ၄ ဦးကို ပစ်သတ်ခဲ့ပြီး အလောင်းဖျောက်ခဲ့ကြသည်။

ကျွန်းပင်သာကျေးရွာသည် တမူးမြို့မှ ၁၉ မိုင်ခန့်ကွာဝေးပြီး ကူကီးချင်းမျိုးနွယ်စု အများဆုံးနေထိုင်ကြကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.