• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

0
By Editor on January 21, 2023 Khonumthung

စစ်ကိုင်းတိုင်း၊ တမူးမြို့ ရွေးကောက်ပွဲကော်မရှင်ရုံးကို ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်းက တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ABSDF တပ်ရင်း (၅) ပူပေါင်းတပ်ဖွဲ့ က မီးရှို့ခဲ့ပါတယ်။

စစ်ကောင်စီက အတင်းအကြပ်ပြုလုပ်ဖို့ ကြိုးပမ်းနေတဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိပေးတားမြစ်တဲ့အနေနဲ့ ရွေးကောက်ပွဲအတွက် စာရွက်စာတမ်းတွေထိန်းသိမ်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးကို မီးရှို့ခဲ့တာဖြစ်တယ်လို့ တမူးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် ဦး ထန်ဆေး က ပြောပါတယ်။

“ဒီအတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ရွေးကောက်ပွဲကို အကောင်ထည်ဖော်ပေးမဲ့ ကော်မရှင်ရုံးကို ကျွန်တော်တို့က သတိပေးတဲ့အနေနဲ့ မီးရှို့ဖျက်ဆီးတာဖြစ်တယ်။”လို့ ဦးထန်ဆေးကပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ပက်သက်ဆက်နွယ်သော မည်သည့်အဆောက်အဦး သို့မဟုတ် လူပုဂ္ဂိုလ် တွေကို ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်း တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဆိုပါတယ်။

တမူးခရိုင် တမူးမြို့မှာ ရွေးကောက်ပွဲအတွက် စစ်ကောင်စီလက်အောက်ခံ လဝက နဲ့ ထွေအုပ်ဝန်ထမ်းတွေက ရပ်ကွ က်အလိုက် အိမ်ထောင်စုစာရင်းနဲ့ လူဦးရေ တွေ လိုက်ကောက်နေတဲ့အချိန်မှာ ခုလို ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ ခံလိုက်ရတာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မြန်မာနိုင်ငံအနှံ့ လူဦးရေစာရင်း ကောက်ယူနေပြီး တော်လှန်ရေးအင်အားစုတွေဘက်ကလည်း တားမြစ်နိုင်ဖို့ ကြိုးစားနေပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူ့ရင်ခွင်ခိုလှုံမည့်သူများအတွက် အထူးခြွင်းချက်ကာလအဖြစ် မူဝါဒချမှတ်ဖော်ဆောင်နေကြောင်း NUG၊ CNF နှင့် တော်လှန်ရေးအင်အားစုများ ပူးတွဲကြေညာ

စကစ လက်နက်ကြီးကြောင့် ဖလမ်းမြို့နယ်က အသက် ၁၀၀ ကျော်အရွယ် အဖွားအိုတစ်ဦး သေဆုံး

ကလေးမြို့မြောက်ပိုင်း၊ ဒိုးဝိုင်းချောင်းရွာဖက်တွင် စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်နေသောကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.