• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တာဟန်းစျေးအနီး နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

တာဟန်းစျေးအနီး နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

0
By Editor on May 11, 2022 Khonumthung

ကလေးမြို့ တာဟန်းရပ်ကွက် (တာဟန်းစျေးအနီး) KT ထမင်းဆိုင်အိမ်ပေါ်သို့ ယမန်နေ့ည ၁၀ နာရီခွဲဝန်းကျင်ခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ခေါင်မိုးနှင့် အပေါ်ထပ် ပျက်စီးသွားခဲ့ပြီး အိမ်ရှင်အမျိုးသမီးနှင့် သမီးငယ်တို့၏ လက်မောင်းတွင် ဒဏ်ရာအနည်းငယ်ရရှိကြပြီး စိုးရိမ်စရာမရှိကြောင်း သိရသည်။

“အိမ်ရှင်တွေက အိမ်အပေါ်ထပ်မှာအိပ်ကျတာ၊ သူတို့အိပ်တဲ့ကုတင်အနီး အိမ်ခေါင်မိုးပေါ်မှာ လက်နက်ကြီးက ကျလာတာ၊ အိမ်ပေါ်ထပ်ကတော့ တော်တော်လေးပျက်စီးသွားတယ်၊ ဘုရားကယ်လို့ပေါ့ လူမေသေတာ” ဟု တာဟန်းဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ည (မေလ ၁၀ ရက်) ၈ နာရီကျော်ကျော်ခန့်ကစ၍ ကလေးမြို့ စန်းမြို့၊ တာဟန်း၊ တောင်ဖီလာ စသည့်ရပ်ကွက်များတွင် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီးနောက် ၁၀ နာရီခွဲဝန်းကျင်ခန့်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့ကလည်း တာဟန်းရပ်ကွက် နယ်မြေ ၁၂ The Methodist (Mission Veng) ဘုရားကျောင်းအနီး လူနေအိမ်မျက်နှာစာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တာဟန်းရပ်ကွက်တွင် နေအိမ်တလုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၊ အိမ်ရှင်အမျိုးသားဒဏ်ရာရ

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.