• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်တွင် အိန္ဒိယပြန် Facility Quarantine ၀င်နေသူတစ်ဦး သေဆုံး

တီးတိန်တွင် အိန္ဒိယပြန် Facility Quarantine ၀င်နေသူတစ်ဦး သေဆုံး

0
By Editor on June 26, 2020 Khonumthung

#Zawgyi

အိန္ဒိယနိုင်ငံမှပြန်လာပြီး ချင်းပြည်နယ် တီးတိန်မြို့နယ် ဒီိမ်ပီးကျေးရွာတွင် Facility Quarantine ၀င်နေသူ အသက် (၃၁) နှစ်အရွယ် အမျိုးသားတစ်ဦးသည် ယနေ့နံနက်ပိုင်းက သေဆုံးသွားသည်ဟု သိရသည်။

အဆိုပါအမျိုးသားသည် ဒီမ်ပီးကျေးရွာတွင် ဇွန်လ (၁၀) နေ့က Facility Quarantine ၀င်ရောက်ပြီး ယမန်နေ့ (ဇွန်လ ၂၅) က ကိုယ်ပူချိန်မြင့်တက်လာသည့်အတွက် တီးတိန်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ယနေ့နံနက်ပိုင်းတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု တီးတိန်မြို့ Covid-19 Emergency Committee Volunteer အဖွဲ့မှ ကိုမုန်နိုးကပြောသည်။




Photos Crd: CS Mung No

#Zawgyi

အိန္ဒိယနိုင်ငံမှပြန်လာပြီး ချင်းပြည်နယ် တီးတိန်မြို့နယ် ဒိီမ်ပီးကျေးရွာတွင် Facility Quarantine ဝင်နေသူ အသက် (၃၁) နှစ်အရွယ် အမျိူးသားတစ်ဦးသည် ယနေ့နံနက်ပိုင်းက သေဆုံးသွားသည်ဟု သိရသည်။

အဆိုပါအမျိူးသားသည် ဒီမ်ပီးကျေးရွာတွင် ဇွန်လ (၁၀) နေ့က Facility Quarantine ဝင်ရောက်ပြီး ယမန်နေ့ (ဇွန်လ ၂၅) က ကိုယ်ပူချိန်မြင့်တက်လာသည့်အတွက် တီးတိန်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ယနေ့နံနက်ပိုင်းတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု တီးတိန်မြို့ Covid-19 Emergency Committee Volunteer အဖွဲ့မှ ကိုမုန်နိုးကပြောသည်။

“မနေ့က ကိုယ်ပူချိန်တအားတက်တော့ ညနေပိုင်းမှာ တီးတိန်မြို့ဆေးရုံကို သယ်လာကြတယ်၊ ဒါပေမယ့် ဒီနေ့မနက်ပိုင်းမှာ ဆုံးသွားတယ်၊ သူ့မှာ အရင်ကတည်းက ငှက်ဖျားရောဂါအခံရှိတယ်လို့သိရတယ်’’ ဟု ကိုမုန်နိုးကပြောသည်။

အဆိုပါသေဆုံးသူ၏ အာခေါင်တုဖတ်များကို ယနေ့နံနက်ပိုင်းတွင် ရယူပြီးနောက် တီးတိန်မြို့တွင် မြေမြှပ်လိုက်ကြ သည်ဟု ၎င်းကဆက်ပြောသည်။

ဒိမ်ပီးကျေးရွာသည် တီးတိန်မြို့မှ ၂ မိုင်ခန့်ကွာဝေးပြီး ယခုသေဆုံးသူနှင့်အတူ Facility Quarantine ဝင်နေသူ ၄ ဦးခန့်ရှိသည်ဟုသိရသည်။

Photos Crd: CS Mung No

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.