• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန္ၿမိဳ႕ Covid-19 ေရာဂါတုန္႔ျပန္ေဆာင္ရြက္ႏုိ္င္ေရး အေရးေပၚအစီမံမ်ားခ်မွတ္ရန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားေတာင္းဆို

တီးတိန္ၿမိဳ႕ Covid-19 ေရာဂါတုန္႔ျပန္ေဆာင္ရြက္ႏုိ္င္ေရး အေရးေပၚအစီမံမ်ားခ်မွတ္ရန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားေတာင္းဆို

0
By Editor on April 13, 2020 Khonumthung

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္၊၊ တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ Covid-19 ကုသေစာင့္ေရွာက္မႈမ်ား ေဆာင္ရြက္ရန္ အေထာက္အကူျပဳပစၥည္းမ်ား ျပည့္စံုလံုေလာက္မႈမရွိသည့္အတြက္ အေရးေပၚလိုအပ္သည့္အစီမံမ်ား ခ်မွတ္ေဆာင္ရြက္ေပးရန္ တီးတိန္ႏွင့္ တြန္းဇံၿမိဳ႕နယ္တို႔မွ လႊတ္ေတာ္ကိုယ္စားလွယ္ (၄) ဦးက Coronavirus Disease19 (Covid-19) ထိန္းခ်ဴပ္ေရးႏွင့္ အေရးေပၚတံု႔ျပန္ေရးေကာ္မတီဥကၠဌ ဒု-သမၼတထံသုိ႔ ေတာင္းဆိုလိုက္သည္။

ျပည္ေထာင္စုက်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ တီးတိန္ၿမိဳ႕နယ္တြင္ Covid-19 ေရာဂါ ကူးစက္ခံထားရသူ (၃) ဦးရွိၿပီျဖစ္ကာ ၎တို႔ကို တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ကုသေပးလ်က္ရွိေသာ္လည္း အေထာက္အကူျပဳပစၥည္မ်ားမလံုေလာက္ေသာေၾကာင့္ အေရးေပၚလိုအပ္သည့္အစီမံမ်ား ခ်မွတ္ေဆာင္ရြက္ေပးႏုိင္ရန္ ခ်င္းျပည္နယ္တီးတိန္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ပူးက်င့္ရွင္းထန္၊ အမ်ဴိးသားလႊတ္ေတာ္ကိုယ္စာ လွယ္ ပူးဂင္ကမ္းလ်န္၊ တြန္းဇံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ပူးခမ္ခန္႔ထန္၊ အမ်ဴိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚက်ိန္ငိုက္မာန္တို႔က ဧၿပီလ ၁၂ ရက္ေန႔က စာေရးသားေတာင္းဆိုလိုက္ၾကျခင္းျဖစ္သည္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚက်ိန္ငိုက္မာန္က “ဒီဟာနဲ႔ဆက္စပ္ျပီး  cover လုပ္ဖို႔အတြက္လိုအပ္တဲ့ဟာ အမ်ားၾကီးရိွတယ္ အဲဒါေလးေတြ အခ်ိန္နဲ႔တေျပးညီ က်မတို႔အခ်ိန္မွီပို႔ဖို႔ ျပီးေတာ့ ေနာက္တစ္ခ်က္က မီး လွ်ပ္စစ္မီးက က်မတို႔ တီးတိန္ျမိဳ႕က မဟာဓာတ္အားလိုင္းေ တြမရေသးဘူး ခ်င္းျပည္နယ္မွာ Positive ေတြ႕႔တာ တီးတိန္ျဖစ္တဲ့အတြက္ေၾကာင့္ ေဆးရံုမွာ ၂၄ နာရီလွ်ပ္စစ္မီးက ရရိွဖုိ႔လိုအပ္တယ္ ျပီးတဲ့အခါက်ေတာ့ သူ (လူနာ)နဲ႔ ထိေတြ႔ခဲ့တဲ့ ကပ္တဲလ္ရြာက ျပည္သူေတြလည္း က်န္းမာေရး Medical cover လုပ္ေပးဖို႔လိုတယ္ စစ္ေဆးဖို႔လိုတယ္ ဓာတ္ခြဲစစ္ေဆးဖို႔လိုတယ္ အဲဒါေတြက်မတို႔ လုပ္ေပးမွရမွာ ဒါမွပဲ ဒီဟာထိန္းသိမ္းႏိုင္မွာ’’ ဟု ေျပာသည္။

ထို႔ကဲ့သုိ႔ အေထာက္အကူပစၥည္မ်ားလံုေလာက္မႈမရွိသည့္အတြက္ လူနာမ်ားအား လႊဲေျပာင္းေပးပို႔ရမည့္ Designate Hospital (သတ္မွတ္သည့္ေဆးရံု) သို႔ ေပးပို႔မည့္အစီအစဥ္တို႔အား တိက်စြာလမ္းညြန္သတ္မွတ္ေပးမည္ဆိုပါက ပိုမိုသင့္ ေလွ်ာ္ေကာင္းမြန္မည္ဟု ၎တို႔၏ေပးစားတြင္ေဖာ္ျပထားသည္။

ထို႔အျပင္ တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုသို႔ ကူးစက္ေရာဂါဆိုင္ရာကြ်မ္းက်င္ေသာ Technical Team အားေစလႊတ္ရန္ႏွင့္ လူနာ Case-1 နဲ႔ ထိေတြ႔မႈရွိသူမ်ားအား အျမန္ဆံုး Swab စစ္ေဆးေပးပါရန္၊ Swab နမူနာမ်ားအား အမ်ဴိးသားဓာတ္ခြဲဆိုင္ရာဌာန(ရန္ကုန္) သို႔ေပးပို႔ရာတြင္ သယ္ယူပို႔ေဆာင္ေရးႏွင့္ လမ္းေၾကာင္းမ်ားအား တာ၀န္ယူစီစဥ္ေပးႏိုင္ရန္အတြက္ ခ်င္းျပည္နယ္အစိုးရအဖြဲ႔အား လမ္းညြန္မွာၾကားေဆာင္ရြက္ေပးမည္ဆိုပါက တုန္႔ျပန္မႈအား ပိုမိုထိေရာက္မည္ဟု လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ေပးစာတြင္ေဖာ္ျပထားသည္။

တီးတိန္ၿမိဳ႕နယ္ ကပ္တဲလ္ေက်းရြာတြင္ အေမရိကန္ႏုိင္ငံမွျပန္ေရာက္လာသည့္ ခ်င္းအမ်ဴိးသားတစ္ဦး ႏွင့္ သူ၏ မိခင္ အပါအ၀င္ တီးတိန္ၿမိဳ႕ေပၚတြင္ ၎တို႔တည္းခိုခဲ့သည့္ အိမ္ရွင္တစ္ဦး စုစုေပါင္း (၃) ဦးတို႔သည့္ Covid-19 ေရာဂါကူးစက္ခံထားရျခင္းျဖစ္သည္။

လက္ရိွေရာဂါပိုးေတြ႕ရိွသည့္ တီးတိန္ျမိဳ႕နယ္သည္ အခ်ိန္နဲ႔တေျပးညီ ၀ိုင္း၀န္းကူညီေပးရမည့္အခ်ိန္ျဖစ္သည့္အေလ်ာက္ ျပည္နယ္အစိုးရစီမံေဆာင္ရြက္ပံုမ်ားအေပၚမွာလည္း အားနည္းခ်က္မ်ားရွိသည္ဟု တြန္းဇံျမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚက်ိန္ငိုက္မာန္ကေျပာသည္။

“ဒီခ်ိန္မွာ ျဖစ္တဲ့ေနရာမွာ အခ်ိန္နဲ႔တေျပးညီ၀ိုင္းလုပ္ေပးရမဲ့အခ်ိန္ေလ ၀ိုင္းလုပ္ေပးရမယ့္တာန္ရိွတယ္ အားနည္းတယ္လို႔ေျပာခ်င္ပါတယ္ ခ်င္းျပည္နယ္အစိုးရ ဖြဲ႔အားနည္းတယ္’’ ဟု ေဒၚက်ိန္ငိုက္မာန္ကေျပာသည္။

ခ်င္းျပည္နယ္အစိုးရေျပာေရးဆိုခြင့္ရွိသူ စည္ပင္၀န္ၾကီး ဦးစိုးထက္ “က်ေနာ္တို႔မွာ ဒီေရာဂါမ်ိဳးကျဖစ္ဖူးတဲ့ဟာ မဟုတ္ဘူး ဒီလို Isolate (သီးျခားခြဲထား) ဒီေရာဂါကုသႏိုင္ဖို႔အတြက္ က်ေနာ္တို႔ဆီမွာအဆင္သင့္မရိွႏိုင္ဘူး၊ က်ေနာ္တို႔ အဲဒီေရာဂါျဖစ္မွ ဒီဟာေတြကို ကုသဖို႔အတြက္ ျပည္နယ္ကလုပ္ရတာျဖစ္တဲ့အတြက္ ဒါအားနည္းခ်က္ေတာ့ရိွပါတယ္၊ အစိုးရအဖြဲ႕ကေတာ့ ဒါျမန္မာျပည္မွာ ပထမဆံုးေရာဂါနံပတ္ (၁) ကဒီကျဖစ္တာဆိုေတာ့ က်ေနာ္တို႔အေလးထားျပီးေတာ့ ေဆာင္ရြက္ေနပါတယ္” ဟု ေျပာသည္။

တီးတိန္ျမိဳ႕ျပည္သူ႔ေဆးရံု  ၂၄ နာရီ လွ်ပ္စစ္မီးရရိွေရးအတြက္ ေရအားလွ်ပ္စစ္ျဖင့္ တစ္ေန႔ (၈) နာရီခြဲ လွ်ပ္စစ္မီးေပးလ်က္ရွိေၾကာင္း က်န္ ၁၅ နာရီမွာမီးစက္ျဖင့္ လွ်ပ္စစ္မီးႏိုင္ရန္စီစဥ္ထားျပီး ဒီဇယ္ကုန္က်စရိတ္ တစ္လလွ်င္ က်ပ္ ၁၂၅ သိန္းေက်ာ္ အကုန္ၾကခံျပီးေဆာင္ရြက္ရန္ စီစဥ္ထားေနေၾကာင္း စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။ ျပည္ေထာင္စုက်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ျမန္မာႏုိင္ငံတြင္ Covid-19 ေရာဂါကူးစက္ခံထားရသူ (၄၁) ရွိၿပီး ေသဆံုးသူ (၄) ဦးထိရွိၿပီျဖစ္သည္။

#Unicode

#Zawgyi

By လားနွန် – ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် Covid-19 ကုသစောင့်ရှောက်မှုများ ဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများ ပြည့်စုံလုံလောက်မှုမရှိသည့်အတွက် အရေးပေါ်လိုအပ်သည့်အစီမံများ ချမှတ်ဆောင်ရွက်ပေးရန် တီးတိန်နှင့် တွန်းဇံမြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ် (၄) ဦးက Coronavirus Disease19 (Covid-19) ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဒု-သမ္မတထံသို့ တောင်းဆိုလိုက်သည်။

ပြည်ထောင်စုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တီးတိန်မြို့နယ်တွင် Covid-19 ရောဂါ ကူးစက်ခံထားရသူ (၃) ဦးရှိပြီဖြစ်ကာ ၎င်းတို့ကို တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ကုသပေးလျက်ရှိသော်လည်း အထောက်အကူပြုပစ္စည်များမလုံလောက်သောကြောင့် အရေးပေါ်လိုအပ်သည့်အစီမံများ ချမှတ်ဆောင်ရွက်ပေးနိုင်ရန် ချင်းပြည်နယ်တီးတိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပူးကျင့်ရှင်းထန်၊ အမျိူးသားလွှတ်တော်ကိုယ်စာ လှယ် ပူးဂင်ကမ်းလျန်၊ တွန်းဇံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပူးခမ်ခန့်ထန်၊ အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မာန်တို့က ဧပြီလ ၁၂ ရက်နေ့က စာရေးသားတောင်းဆိုလိုက်ကြခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မာန်က “ဒီဟာနဲ့ဆက်စပ်ပြီး  cover လုပ်ဖို့အတွက်လိုအပ်တဲ့ဟာ အများကြီးရှိတယ် အဲဒါလေးတွေ အချိန်နဲ့တပြေးညီ ကျမတို့အချိန်မှီပို့ဖို့ ပြီးတော့ နောက်တစ်ချက်က မီး လျှပ်စစ်မီးက ကျမတို့ တီးတိန်မြို့က မဟာဓာတ်အားလိုင်းေ တွမရသေးဘူး ချင်းပြည်နယ်မှာ Positive တွေ့တာ တီးတိန်ဖြစ်တဲ့အတွက်ကြောင့် ဆေးရုံမှာ ၂၄ နာရီလျှပ်စစ်မီးက ရရှိဖို့လိုအပ်တယ် ပြီးတဲ့အခါကျတော့ သူ (လူနာ)နဲ့ ထိတွေ့ခဲ့တဲ့ ကပ်တဲလ်ရွာက ပြည်သူတွေလည်း ကျန်းမာရေး Medical cover လုပ်ပေးဖို့လိုတယ် စစ်ဆေးဖို့လိုတယ် ဓာတ်ခွဲစစ်ဆေးဖို့လိုတယ် အဲဒါတွေကျမတို့ လုပ်ပေးမှရမှာ ဒါမှပဲ ဒီဟာထိန်းသိမ်းနိုင်မှာ’’ ဟု ပြောသည်။

ထို့ကဲ့သို့ အထောက်အကူပစ္စည်များလုံလောက်မှုမရှိသည့်အတွက် လူနာများအား လွှဲပြောင်းပေးပို့ရမည့် Designate Hospital (သတ်မှတ်သည့်ဆေးရုံ) သို့ ပေးပို့မည့်အစီအစဉ်တို့အား တိကျစွာလမ်းညွန်သတ်မှတ်ပေးမည်ဆိုပါက ပိုမိုသင့် လျှော်ကောင်းမွန်မည်ဟု ၎င်းတို့၏ပေးစားတွင်ဖော်ပြထားသည်။

ထို့အပြင် တီးတိန်မြို့ပြည်သူ့ဆေးရုံသို့ ကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်သော Technical Team အားစေလွှတ်ရန်နှင့် လူနာ Case-1 နဲ့ ထိတွေ့မှုရှိသူများအား အမြန်ဆုံး Swab စစ်ဆေးပေးပါရန်၊ Swab နမူနာများအား အမျိူးသားဓာတ်ခွဲဆိုင်ရာဌာန(ရန်ကုန်) သို့ပေးပို့ရာတွင် သယ်ယူပို့ဆောင်ရေးနှင့် လမ်းကြောင်းများအား တာဝန်ယူစီစဉ်ပေးနိုင်ရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့အား လမ်းညွန်မှာကြားဆောင်ရွက်ပေးမည်ဆိုပါက တုန့်ပြန်မှုအား ပိုမိုထိရောက်မည်ဟု လွှတ်တော်ကိုယ်စားလှယ်များ၏ပေးစာတွင်ဖော်ပြထားသည်။

တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာတွင် အမေရိကန်နိုင်ငံမှပြန်ရောက်လာသည့် ချင်းအမျိူးသားတစ်ဦး နှင့် သူ၏ မိခင် အပါအဝင် တီးတိန်မြို့ပေါ်တွင် ၎င်းတို့တည်းခိုခဲ့သည့် အိမ်ရှင်တစ်ဦး စုစုပေါင်း (၃) ဦးတို့သည့် Covid-19 ရောဂါကူးစက်ခံထားရခြင်းဖြစ်သည်။

လက်ရှိရောဂါပိုးတွေ့ရှိသည့် တီးတိန်မြို့နယ်သည် အချိန်နဲ့တပြေးညီ ဝိုင်းဝန်းကူညီပေးရမည့်အချိန်ဖြစ်သည့်အလျောက် ပြည်နယ်အစိုးရစီမံဆောင်ရွက်ပုံများအပေါ်မှာလည်း အားနည်းချက်များရှိသည်ဟု တွန်းဇံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မာန်ကပြောသည်။

“ဒီချိန်မှာ ဖြစ်တဲ့နေရာမှာ အချိန်နဲ့တပြေးညီဝိုင်းလုပ်ပေးရမဲ့အချိန်လေ ဝိုင်းလုပ်ပေးရမယ့်တာန်ရှိတယ် အားနည်းတယ်လို့ပြောချင်ပါတယ် ချင်းပြည်နယ်အစိုးရ ဖွဲ့အားနည်းတယ်’’ ဟု ဒေါ်ကျိန်ငိုက်မာန်ကပြောသည်။

ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက် “ကျနော်တို့မှာ ဒီရောဂါမျိုးကဖြစ်ဖူးတဲ့ဟာ မဟုတ်ဘူး ဒီလို Isolate (သီးခြားခွဲထား) ဒီရောဂါကုသနိုင်ဖို့အတွက် ကျနော်တို့ဆီမှာအဆင်သင့်မရှိနိုင်ဘူး၊ ကျနော်တို့ အဲဒီရောဂါဖြစ်မှ ဒီဟာတွေကို ကုသဖို့အတွက် ပြည်နယ်ကလုပ်ရတာဖြစ်တဲ့အတွက် ဒါအားနည်းချက်တော့ရှိပါတယ်၊ အစိုးရအဖွဲ့ကတော့ ဒါမြန်မာပြည်မှာ ပထမဆုံးရောဂါနံပတ် (၁) ကဒီကဖြစ်တာဆိုတော့ ကျနော်တို့အလေးထားပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

တီးတိန်မြို့ပြည်သူ့ဆေးရုံ  ၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် ရေအားလျှပ်စစ်ဖြင့် တစ်နေ့ (၈) နာရီခွဲ လျှပ်စစ်မီးပေးလျက်ရှိကြောင်း ကျန် ၁၅ နာရီမှာမီးစက်ဖြင့် လျှပ်စစ်မီးနိုင်ရန်စီစဉ်ထားပြီး ဒီဇယ်ကုန်ကျစရိတ် တစ်လလျှင် ကျပ် ၁၂၅ သိန်းကျော် အကုန်ကြခံပြီးဆောင်ရွက်ရန် စီစဉ်ထားနေကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ ပြည်ထောင်စုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ခံထားရသူ (၄၁) ရှိပြီး သေဆုံးသူ (၄) ဦးထိရှိပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့အနောက်တောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းသေဆုံး၊ အမျိုးသား ၃ ဦး ထိခိုက် ဒါဏ်ရာရ

ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကန်ပက်လက်မြို့အဝင်တွင် ချင်းအလံလွှင့်ထူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.