• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့က လူမှုရေးအဖွဲ့ ဦးဆောင်သူတစ်ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်တရားစွဲဆို

တီးတိန်မြို့က လူမှုရေးအဖွဲ့ ဦးဆောင်သူတစ်ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်တရားစွဲဆို

0
By Editor on July 13, 2022 Khonumthung

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် PDF-Zoland ၏ သတိပေးစာကို အသံချဲ့စက်ဖြင့် လိုက်လံကြေညာပေးခဲ့သော လူမှုရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုအင်ခတ်မွန်ကို ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံရပြီး လက်ရှိတွင် အမှုစစ်ဆေး ရင်ဆိုင်နေရသည်ဟု သိရသည်။

“သူကိုတော့ မနေ့ကအမှုစစ်တယ်။ အမိန့်တော့ မချသေးဘူး။ အမှုစစ်တဲ့ကာလဖြစ်သေးတယ်။ သူက ရဲစခန်းအချုပ်ထဲမှာပဲ။ ဒီဖက်ကတော့တတ်နိုင်သမျှ ရပ်မိရမ်ဖဖက်ကလည်း အများကြီးကူညီဆောင်ရွက်ဖို့ပြင်ထားတယ်” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော PDF-Zoland သည် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က တီးတိန်မြို့နယ်အတွင်းရှိ Non-CDM ပညာရေးဝန်ထမ်း၊ ဘော်ဒါဆောင်များ၊ ကျောင်းသားမိဘများ၊ မြို့မိမြို့ဖများနှင့် ဘာသာရေးခေါင်းဆောင်များ သိစေရန်ဟုဆိုကာ အသိပေးစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတိပေးစာထုတ်ပြန်ချက်ကို လော်စပီကာဖြင့် လိုက်လံကြေညာပေးသောကြောင့် Shalom Youth Committee လူမှုကူညီရေး အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကိုလျန်းရှန်းမုန်နှင့် ကိုအင်ခတ်မွန်တို့ကို စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးကို တီးတိန်မြို့ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ကိုအင်ခတ်မွန်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်တရားစွဲဆိုကာ အသံချဲ့စက်ထားရှိသည့် အိမ်ရှင်ဖြစ်သူ ကိုလျန်းရှန်းမုန်ကို ဇူလိုင်လ ၅ ရက်နေ့က ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ကိုအက်ခတ်မွန် ပြန်လည်လွှတ်မြောက်နိုင်ရေးအတွက် တီးတိန်မြို့မှ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိ/ရပ်ဖများကလည်း အသနားခံစာတင်ထားကြသည်ဟု သိရသည်။

ပုဒ်မ ၅၀၅ (ခ) သည် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူအား ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.