(004SS)
ချင်းပြည်နယ်၊ တီးတိန်မြို့အနီး ဆဲဇန် (Sezang) ကျေးရွာတွင် လူနေအိမ် ၂ လုံး ယမန်နေ့က မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
မတ်လ ၂၆ ရက်ည ၁၀ နာရီ ခွဲဝန်းကျင်ခန့်မှ မနက် ၁ နာရီကျော်အထိ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံ မှသိရသည်။
မီးလောင်းမှုကြောင့် လူထိခိုက်သေဆုံးခြင်းမရှိသော်လည်း ပစ္စည်းတစ်စုံ တစ်ရာ ထုတ်ယူနိုင်ခြင်းမရှိဘဲ ပျဉ်ထောင်အိမ် ၂ လုံး အကုန်လောင် ကျွမ်းပြာကျခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“အိမ်မီးလောင်တော့ သူတို့ ဘာမှ မထုတ်နိုင်ခဲ့ဘူး၊ သူတို့ကျတော့ အဝတ်တစ်ထည််ကိုယ်တစ်ခုနဲ့ ကိုယ်လွတ်ရုန်းနိုင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။
မီးလောင်သည့် နေအိမ်နှစ်လုံးမှာ ဦးထောင်ခန့်ခိုင်နှင့် ဦးဒမ်ဆွမ်းခိုင်တို့၏ နေအိမ်ဖြစ်ပြီး မီးလောင်ရခြင်းအ ေကြာင်းအရင်းအား မသိရသေးကြောင်း ဒေသခံများကေပြာသည်။
ဆဲဇန်ကျေးရွာသည် တီးတိန်မြို့မှ ၁ မိုင်ဝန်းကျင်ခန့်သာ ကွာဝေးပြီး တီးတိန်- ကလေးလမ်းမေဘးတွင် တည်ရှိေသာ ကျေးရွာတစ်ရွာဖြစ်သည်။