• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»နယူးဒေလီ UNHCR ရုံးရှေ့တွင် ချင်းဒုက္ခသည် ၃၀၀ ကျော် ကန့်ကွက်ဆန္ဒပြ

နယူးဒေလီ UNHCR ရုံးရှေ့တွင် ချင်းဒုက္ခသည် ၃၀၀ ကျော် ကန့်ကွက်ဆန္ဒပြ

0
By Editor on January 16, 2019 Khonumthung

အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်များသည် UNHCR ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်အနေဖြင့် နယူးဒေလီ UN ရုံးရှေ့တွင် ဒီကနေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ဒုက္ခသည်လူဦးရေ ၃၀၀ ကျော်တိုက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယခုကဲ့သို့ ကန့်ကွက်ဆန္ဒပြရသည့်အကြောင်းရင်းမှာ ပထမအကြိမ် notification interview ဖြေဆိုသူများကို ဒုတိယအကြိမ် အင်တာဗျူးမပြုလုပ်ဘဲ UN ကဒ်ကို သက်တမ်းတိုးပေးရန် နှင့် လက်ရှိအခြေအနေတွင် ချင်းဒုက္ခသည်များသည် နိုင်ငံတကာ ကာကွယ်မှု လိုအပ်နေသေးကြောင်း သိရှိနိုင်ရန် ဆန္ဒပြရခြင်းဖြစ်သည်ဟု နယူးဒေလီရှိ ချင်းဒုက္ခသည်များဆိုင်ရာ အဖွဲ့တို့မှ သဘောထားထုတ်ပြန်ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နယူးဒေလီမြို့ရှိ Chin Human Right Organization (CHRO) ရုံးတာဝန်ခံ Salai Cung Dawt က “မနက် ၁၁း၀၀ နာရီကနေ ညနေ ၅း၃၀ အထိ ပြဖို့တော့ စီစဉ်ထားတယ်။ ရဲတွေကို အကြောင်းကြားထားတယ်ထင်တယ်၊ ရဲတွေလာပြီးမေးမြန်တာတော့ရှိတယ် ဒါပေမယ့် ကျနော်တို့ ဆန္ဒပြရတဲ့အကြောင်းအရင်း ထုတ်ပြန်ချက်ကိုပြပြီး ကောင်းကောင်းမွန်မွန် ရှင်းပြခဲ့တယ်၊ ဆူဆူပူပူမလုပ်ဘဲ အေးအေးဆေးဆေး နေကြလို့ဘဲပြောသွားတယ်၊ ဘာမှ ပြဿနာတော့မရှိပါဘူ။ UN officer တစ်ယောက်က ကျနော်တို့ တောင်းဆိုထားတဲ့ ထုတ်ပြန်ချက် original ကို ယူတယ်၊ UN ဘက်ကတော့ ဘာမှတုန့်ပြန်မှုတော့မရှိသေးဘူး”ဟု ပြောသည်။

UN ဘက်က တုန့်ပြန်မှုမရှိပါက နဂိုစီစဉ်ထားသည့်အတိုင်း ၁၈ ရက်နေ့အထိ ဆက်လက်ဆန္ဒပြသွား ဖို့ရှိကြောင်း၊ လာမည့်အပတ်တွင်လည်း ဆန္ဒဆက်ပြဖို့ စီစဉ်ထားကြောင်း သို့သော် တရားဝင် ကြေညာ ချက် တော့ မရှိသေးဘူးဟု ၎င်းက ဆက်ပြောပါသည်။

အိန္ဒိယရောက် ချင်းဒုက္ခသည်များဆိုင်ရာအဖွဲ့တို့၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ (သို့) ချင်းပြည်နယ်ကို မပြန်ရဲသေးတဲ့ အကြောင်းရင်း Security, Education and Livelihoods ဆိုပြီး ကဏ္ဍသုံးခုဖြင့် ရေးသားဖော်ပြပြီး ထုတ်ပြန်ခဲ့သည်။

လုံခြုံရေးကဏ္ဍတွင် မြန်မာနိုင်ငံသည် ဒုက္ခသည်များအတွက် လုံခြုံမှုဘာအာမခံချက်မှမရှိသေးကြောင်း၊ မြန်မာတပ်မတော်နှင့် ချင်းအမျိုးသားတပ်ဦးတို့ အပစ်ရပ်စဲရေးလက်မှတ်ရေးထိုးထားသော်လည်း ပလက်ဝမြို့နယ် အတွင်း မြန်မာတပ်မတော်နှင့် ရက္ခိုင့် တပ်မတော်တို့ အကြိမ်ကြိမ်တိုက်ပွဲဖြစ်နေ သေးကြောင်း နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိအာဏာအကုန်လုံးသည် တပ်မတော် လက်တွင်သာ ရှိနေသေးကြောင်း ရေးသားဖော်ပြထားသ ည်။ ပညာရေးကဏ္ဍတွင် မြန်မာနိုင်ငံအစိုးရ အနေဖြင့် နိုင်ငံခြားကျောင်းဆင်း certificates များကို လက်မခံနိုင်သေးသောကြောင့် ပြည်ပ ရောက်ဒုက္ခသည်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးတွင် အခွင့်အလမ်းမရှိကြောင်း ဖော်ပြထားသည်။

ချင်းဒုက္ခသည်များအနေဖြင့် နေရပ်ပြန်ပါက ဘဝကိုအသစ်ကနေ ပြန်လည် စတင်မှာဖြစ်သည့်အတွက် မြန်မာနိုင်ငံအစိုးရအနေနဲ့ သော်လည်းကောင်း UNHCR အနေနဲ့သော် လည်းကောင်း ချင်းဒုက္ခသည် များ အတွက် ဘဝဖိုလုံမှုအစီအစဉ် ဘာမှ စီစဉ်ဆောင်ရွက် ထားခြင်း မရှိကြောင်း သဘောထား ထုတ်ပြန် ချက် တွင် ဖော်ပြသည်။

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    Editor
    • Website

    Related Posts

    ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

    ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

    တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

    Leave A Reply Cancel Reply

    • Featured Article
    January 31, 2023

    “၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

    January 30, 2023

    ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

    January 27, 2023

    ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

    January 20, 2023

    ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

    Covid19 – Stay Safe
    Leaderboard Ad
    Archives
    –
    Leaderboard Ad
    Copyright © 2015 Khonumthung News Group. Design & Developed by ExL.

    Type above and press Enter to search. Press Esc to cancel.