Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နာဂရိုးရာနပန်းပွဲတွင် ချင်းနပန်းသမား (၅) ဦး ပါဝင်မည်

နာဂရိုးရာနပန်းပွဲတွင် ချင်းနပန်းသမား (၅) ဦး ပါဝင်မည်

0
By Editor on March 7, 2019 Khonumthung

အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် နာဂလဲန်းပြည်နယ်၏ မြို့တော် ကိုဟီးမားတွင် မတ်လ (၇) ရက်နေ့၌ကျင်းပမည့် နာဂရိုးရာနပန်းပြိုင်ပွဲတွင် ချင်းလူမျိုးနပန်းသမား (၅) ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

The Nagaland Wrestling Association (NWA) အဖွဲ့မှ ကြီးမှူးကျင်းပသည့် The 12th Open Naga Wrestling Meet 2019 (၁၂) ကြိမ်မြောက် နာဂရိုးရာနပန်းပြိုင်ပွဲ၌ အမေရိကန်တွင်နေထိုင်သော ချင်းနပန်းချန်ပီယံ Rung Lian Ceu နှင့်အတူ ချင်းနပန်းသမားများဖြစ်ကြသော Thawng Tling, Mang Hnin Thang, Tluang Zel Thang နှင့် Hrang Tin Thang တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မတ်လ (၇) ရက်နေ့ အိန္ဒိယစံတော်ချိန် (၉) နာရီတွင်စတင်ကျင်းပမည့် ယင်းနပန်းပြိုင်ပွဲတွင် နပန်းသမားအယောက် (၅၉) ပါဝင်ကြမည်ဖြစ်ပြီး ဆုငွေများအဖြစ် ပထမဆုငွေ – ရူပီ ၂သိန်း၊ ဒုတိယဆုငွေ – ရူပီ ၁သိန်းခွဲ၊ တတိယဆုငွေ – ရူပီ ၁သိန်း ဆုချီးမြှင့်ကြမည်ဖြစ်သည်။

ကိုဟီးမားမြို့တော်ကို ရောက်ရှိနေသော ဟားခါးမြို့အခြေစိုက် The Chinland Post အယ်ဒီတာ ဆလိုင်း Holy က “သူတို့ နာဂလဲန်းပြည်နယ်မှာ နာမည်ရတဲ့ နပန်းသမား (၅၉) ဦးရွေးထားတယ်၊ အဲဒီထဲမှာ ကျနော်တို့ ချင်းနပန်းသမားက (၅) ယောက်ပါတယ်၊ ပြိုင်ပွဲဝင်နပန်းသမားတွေက မဲနှိုက်ကြမယ်၊ ကိုယ်နဲ့ကျတဲ့သူနဲ့ယှဉ်ပြိုင်ရမယ်၊ ရှုံးရင်တော့ တခါတည်းထွက်ရမယ်’’ ဟု ခိုနူမ်းသုန်ကိုပြောသည်။

ချင်းနပန်းနှင့် နာဂရိုးရာနပန်းသည် စည်းမျဉ်းစည်းကမ်းကအစ ကွာခြားမှုရှိသည့်အတွက် နာဂနပန်းချန်ပီယံဟောင်း နည်းပြတစ်ယောက်က ချင်းနပန်းသမား (၅) ယောက်ကို နာဂနပန်းပွဲ၏ သဘောသဘာဝနှင့် စည်းမျဉ်းစည်းကမ်းများကို ယနေ့သင်ကြားပေးမည်ဟု ဆလိုင်း Holy က ပြောသည်။ အရပ် (၅) ပေ (၈) လက်မရှိပြီး ကိုယ်အလေးချိန်ပေါင် (၂၁၆) ရှိသည့် ချင်းနပန်းချန်ပီယံ Rung Lian Ceu သည် ပြည်တွင်း/ပြည်ပ ချင်းနပန်းပြိုင်ပွဲတွင် (၁၁) ကြိမ်ယှဉ်ပြိုင်ပြီး (၉) ကြိမ် ချန်ပီယံဆု ရရှိထားသူတစ်ယောက်ဖြစ်သည်။
(ဓာတ်ပုံ – The Chinland Post)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်၏ ချင်းပြည်အစိုးရတွင် ဝန်ကြီး ၂ ဦး ထပ်မံခန့်အပ်

ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်

၃ လအတွင်း တပ်ကြပ်တစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား (၁၉) ဦး အလင်းဝင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.