Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

0
By Editor on June 28, 2025 Featured

ဆလိုင်းတင်မောင်ဦးသည် ၁၉၅၁ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့တွင် ချင်းတိုင်းရင်း သားများဖြစ်ကြ‌သော အဖ ဦးလှဒင် (သံတွဲ-ရခိုင်ပြည်နယ်ဇာတိ) နှင့် အမိ ဒေါ်နှင်းမြိုင် (တောင်ကုတ်-ရခိုင်ပြည်နယ်ဇာတိ) တို့မှ တောင်ငူမြို့‌တွင်မွေးဖွား သော သား/သမီးများအနက် အကြီးဆုံး‌သားဖြစ်သည်။ ဆလိုင်းတင်မောင်ဦးသည် ငယ်စဉ်ကတည်းကပင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် အဒေါ်နှင့်အတူ နေထိုင်ကြီးပြင်လာခဲ့သူသည်။

ဆလိုင်းတင်မောင်ဦးသည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် အသက် (၁၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး ၁၉၆၇ ခုနှစ် အသက် (၁၆) နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းကို အောင်မြင်ခဲ့သည်။ ဆလိုင်းတင်မောင်ဦးသည် အားကစားရေးရာ၌ ထူးချွန်သည်သာမက အနုပညာ၌လည်း တယောကို ကောင်းစွာတီးတတ်သူတစ်ဦးဖြစ်သည်။

နိုင်ငံရေးလှုပ်ရှားမှုများ

ဆလိုင်းတင်မောင်ဦးသည် ၁၉၆၉ ခုနစ် အသက် (၁၈) နှစ်တက္ကသိုလ် ကျောင်းသားဘဝ၊ နိုင်ငံရေးလှုပ်ရှားမှုများ၌ ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။ ဆလိုင်းတင်မောင်ဦး၏ နိုင်ငံရေးလှုပ်ရှားမှုများမှာ ၁၉၆၉ ခုနှစ် ၅ ကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲ‌ ကျောင်းသားလှုရှားမှု၊ ၁၉၇၀ ခုနှစ် ရန်ကုန်တက္ကသိုလ် ရွေရတုအရေး အခင်း ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၂ ခုနစ် ကျောင်းသား/အလုပ်သမားအရေးအခင်းလှုရှားမှု၊ ၁၉၇၂ ခုနှစ် အလုပ် သမားအရေးအခင်းလှုပ်ရှားမှု၊ ၁၉၇၃ ခုနစ် ဦးသန့်အရေးအခင်းလှုပ်ရှားမှု၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေး အခင်း လှုပ်ရှားမှုများတွင် ရှေ့တန်းမှ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

၁၉၇၂ ရန်ကုန်တက္ကသိုလ် ရွေရတုအရေးအခင်း၊ ကျောင်းသားလှုပ်ရှားမှုတွင်လည်း တတ်ကြွစွာပါဝင်ခဲ့သည်။ ထိုလှုပ် ရှားမှုကြောင့် အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ခြင်းခံခဲ့ရသည်။ သို့ရာတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီမှ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုအချိန် ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ထောင်မှ ပြန်လည်လွတ်‌မြောက်လာခဲ့သည်။

၁၉၇၄ ခုနှစ် ထောင်မှပြန်လည်လွတ်မြောက်လာပြီးနောက် ရန်ကုန်တက္ကသိုလ် ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီတွင် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ပြီး ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအတွက် ချင်းအမျိုးသားများ၏ နာမည်ရှေ့တွင် ဆလိုင်း (ရဲစွမ်းသတ္တိနဲ့ပြည့်စုံသူ) ဟူ၍လည်းကောင်း၊ ချင်းအမျိုးသမီးများ၏ နာမည်ရှေ့တွင် မိုင် (သားကောင်းရတနာများမွေးဖွားပေးသူ) ဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးစွဲရန်အတွက် အဆိုပြုခဲ့ပြီး အတည်ပြုနိုင်ခဲ့သည်။

၁၉၇၄ ခုနှစ် ဒီဇင်ဘာ (၅) ရက်‌တွင်ဖြစ်ပွားသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုး ဦးသန့်အရေးအခင်း ကျောင်း သားလှုပ်ရှားမှုတွင် ကျောင်းသားခေါင်းဆောင်အဖြစ် မဆလ ဦးနေဝင်းစစ်အစိုးအား ရဲ့ဝံ့စွာ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သူဖြစ် သည်။ ထိုအရေးအခင်းပြီးနောက် စစ်အာဏာရှင်အစိုးရ၏ ဖမ်းဆီးမှုကိုတိမ်းရှောင်ရန် ကျောင်းသားခေါင်းဆောင် ၅ ဦးနှင့် အတူ ထိုင်းနိုင်ငံနယ်စပ်သို့ တိမ်းရှောင်သွားခဲ့သည်။ ထိုသို့ တိမ်းရှောင်‌နေစဉ်ကာလအတွင်း လက်နက်ကိုင် လှုပ်ရှားမှုမပြုလုပ်ဘဲ မြေအောက်ကျောင်းသားလှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

၁၉၇၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပြီး ဇွန်လ ၆ ရက်နေ့တွင်ဖြစ်ပွားသော ရွှေတိဂုံကျောင်းသား အရေးအခင်းတွင် ထပ်မံဦးဆောင်ပါဝင်ခဲ့သည်။ ထို့ကြောင့် မဆလ အစိုးရအာဏာရှင်များမှ ဆန္ဒပြသော ကျောင်း သားများကို ဇွန်လ ၁၁ ရက်တွင် လိုက်လံဖမ်းဆီးပြီး ကြီးလေးသောပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ သို့သော် ဆလိုင်း တင်မောင်ဦးမှာ အဖမ်းအဆီးမခံရဘဲ ၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက်တွင်ပြုလုပ်မည့် သခင်ကိုယ်တော်မှိုင်း၏ အသက် ၁၀၀ ပြည့် မှိုင်းရာပြည့်အရေးအခင်းဖြစ်မြောက်အောင် ဦးဆောင်ကြိုးပမ်းနေစဉ် ၁၉၇၆ ခုနှစ် မတ်လ ၁၉ ရက်တွင် ကမာရွတ် ပတ္တမြားခြံတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ မှိုင်းရာပြည့်အရေးအခင်းတွင် ဆလိုင်းတင်မောင်ဦးနှင့်အတူ ဖခင်ဖြစ်သူ ဦးမြဒင်နှင့် အစ်ကိုဖြစ်သူ ဆလိုင်းလှဆွေတို့လည်း အဖမ်းခံခဲ့ရသည်။ ညီမဖြစ်သူ ထိုစဉ်က နဝမတန်းတက် ရောက်နေသော မိုင်ပိုပိုတင် (ခေါ်) မလှမြိုင်မှာလည်း အစ်ကိုဖြစ်သူနှင့် ဖခင်တို့ အဖမ်းခံရပြီးနောက် မှိုင်းရာပြည့်အရေး အခင်းတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သဖြင့် အဖမ်းခံခဲ့ရပြန်သည်။

နောက်ဆုံးနေ့များ

ဆလိုင်းတင်မောင်ဦး၏ ညီမဖြစ်သူ အထက်တန်းကျောင်းသူ မိုင်ပိုပိုဒင် (ခ) မလှမြိုင်အား ထောင်ဒဏ် (၉) နှစ်၊ ညီ ဖြစ်သူ (၉) တန်းကျောင်းသား ဆလိုင်းလှရ‌ရွှေအား ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့ပြီး မိဘနှစ်ပါးအား ထောင်ဒဏ် (၅) နှစ် အသီးသီးချမှတ်ခဲ့သည်။ ဆလိုင်းတင်မောင်ဦးအား အင်းစိန်ထောင် အမှောင်တိုက် နံပါတ် ၁ ၌ ချုပ်နှောင်ထားပြီး အဖမ်းအဆီးခံ ကျောင်းသားများအား စစ်ခုံရုံးတင်စီရင်ရာတွင် ဆလိုင်းတင်မောင်ဦးမှာ စစ်အာဏာရှင်များ၏ မတရား အငြိုးထား သေဒဏ်ပေးခြင်းခံခဲ့ရသည်။

စစ်ခုံရုံးတွင် ပြင်ဆင်ချက်တင်လျှင် ပြစ်ဒဏ်လျှော့ပေးမည်ဟုပြောခဲ့သော်လည်း “မင်းတို့ ငါ့ခန္ဒာကိုယ်သာသတ်လို့ ရမယ် ငါ့ရဲ့ယုံကြည်ချက်နှင့် ရပ်တည်ချက်က်ုတော့ ဘယ်တော့မှ သတ်လို့ရမယ်မဟုတ်ဘူး၊ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး” ဟု ရဲရဲ‌တောက်ပြောခဲ့သူဖြစ်သည်။

ဤသို့ဖြင့် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက် (၄) နာရီတွင် မိဘဆွေမျိုးများအား အကြောင့်ကြားအသိပေးခြင်းမရှိဘဲ စစ်အာဏာရှင်များ၏ တစ်လျှိုးဝှက်စွာ မတရားကြိုးစာ သတ်ဖြတ်ကွပ်မျက် ခုနစ်ခံခဲ့ရသည်။ ဆလိုင်းတင်‌မောင်ဦး သည် ကြိုးစင်ပေးသတ်ဖြတ်ကွပ်မျက်ရာ တွင် ချက်ချင်းမသေလျှင် သူနိုင်သည်ဟုပြောဆိုကာ နောက်ဆုံးထွက်သက် အချိန်ထိ ရဲဝံ့စွာ ရပ်တည်သွားခဲ့သည်။ မြန်မာ့သမိုင်းတွင် ဤကဲ့သို့ ကျောင်းသားခေါင်းဆောင်တစ်ဦးအား တိတ်တ ဆိတ်စွာ ကြိုးစင်ပေးကွပ်မျက်ခြင်းမှာ မကြုံစဖူးဖြစ်ရပ်တစ်ခုဖြစ်သည်။

ဆလိုင်းကေပီထွန်းလင်းအောင်
ချင်းကျောင်းသားသမဂ္ဂ (စစ်တွေ)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.