Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝစစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်အခဲရှိနေ၊ အရေးပေါ် ဆန်အကူအညီလိုအပ်

ပလက်ဝစစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်အခဲရှိနေ၊ အရေးပေါ် ဆန်အကူအညီလိုအပ်

0
By Editor on April 2, 2025 Headline

(004SS)

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒန်းကျေးရွာရှိ ပလက်ဝစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ ပြတ်လပ်မှုရှိနေပြီး အရေးပေါ် ဆန် အကူအညီ လို‌အပ်နေကြောင်း စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူထံမှ သိရသည်။

တွီဒန်းရွာရှိ ပလက်ဝစစစ်ဘေးရှောင်များကို ဒေသခံများက ဈေးရောင်းခွင့် ပိတ်ပင်ထားသည့်အပြင် နွေရာသီအတွင်း အလုပ်ရှားပါးသည့်အတွက် ငွေကြေးအခက်အခဲကြောင့် ရိက္ခာ ပြတ်လပ်နေသူများလည်း ရှိနေပြီဟု ပလက်ဝ စစ်ဘေးရှောင်များအရေး ဆောင်ရွက်နေသူ ဆလိုင်းမောဆက် က ပြောသည်။

“အထူးသဖြင့် ကျွန်တော်တို့က‌တော့ စားဖို့သောက်ဖို့၊ အဓိကဆန်ပေါ့၊ မဝယ်နိုင်တဲ့သူ တော်တော်လေး များနေပြီ။ အခုတောင်မှ အစားအသောက် ပြတ်လပ်တဲ့သူတွေတောင်‌ရှိနေပြီ။ အရင်ကတော့ အဆင်ပြေတယ်လို့ ပြောရမှာပေါ့နော် အခုကျတော့ ကုန်ထမ်းဖို့လဲ မရှိ၊ အငှားလိုက်ဖို့လဲ မရှိဆိုတော့ ပိုက်ဆံရှားတဲ့သဘောပေါ့နော်။ နောက်ဒီမှာ ဆိုင်ရောင်း ခွင့်လဲ မရှိတော့။ ဒီတိုင်းနေတယ် ဆိုလို့ရှိရင် နောက်လကျရင်တော့ ကျွန်တော်တို့ အိမ်မီးခိုထွက်မှာမဟုတ်ဘူးထင်တယ်။ ထမင်းချက်ဖို့ရှိမှာမဟုတ်ဘူး ထင်တယ်။ အခုကျွန်တော်တို့ ဦးဆောင်တဲ့သူတွေ အကူညီဟိုရှာ ဒီရှာနဲ့ ကိုယ့်ကိုကိုယ်တောင် သူတောင်းစားလိုလို ခံယူနေတာ မလွယ်ဘူး” ဟု ဆလိုင်းမောဆက်ကပြောသည်။

ပလက်ဝစစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများအနေဖြင့် အရေးပေါ် စားနပ်ရိက္ခာ ကူညီပေးနိုင်ရန် CHRO အပါအဝင် ၎င်းတို့လက်လှမ်းမီသမျှသော ချင်းအဖွဲ့အစည်းများထံ အကူအညီ တောင်းခံထားကြောင်းသိရပြီး လက်ရှိတွင် မည်သည့် အကူအညီမျှ မရရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

လာမည့် ‌မိုးရာသီအချိန်တွင် စစ်ဘေးရှောင်ပြည်သူများအတွက် ကုန်တင်ကုန်ချ လုပ်ငန်းများ ပြန်လည်ရှိလာနိုင်ပြီး၊ တနိုင်တပိုင်စိုက်ပျိုးထားသော ကောက်ပဲ သီးနှံများ ရိတ်သိမ်းနိုင်မည်ဖြစ်သောကြောင့် ယခု ဧပြီ၊ မေ နှင့် ဇွန်လအတွင်း အရေးပေါ်စားနပ်ရိက္ခာကူညီရန် လိုအပ်နေခြင်းဖြစ်သည်ဟု သိရသည်။

“ ကျွန်တော်ထင်တယ်၊ အခု အကူအညီတွေရခဲ့မယ်ဆိုရင် နံပါတ်တစ်ကတော့ ဆန်ပဲ။ အဲဒီဆန်တောင်မှ ဒီ ၃ လ အတွင်းပေါ့ ဇူလိုင် နောက်ပိုင်းကျရင်တော့ ကုန်ထမ်းကုန်ချတွေ ပြန်ရှိလာမယ်။ နောက် ဩဂုတ်လလောက်ကျရင်တော့ ‌နဲနဲပါးပါးတောင် ယာလုပ်ထားတဲ့ဟာတွေ ရလာတော့မှာဆိုတော့ နည်းနည်းသက်သာမယ်။ အခု‌ဒီ ဧပြီ၊ မေ၊ ဇွန်လအတွင်းကတော့ ကြပ်တည်းဖြစ်ဖို့ ပိုများတာပေါ့နော်။ ဆိုတော့ ဒီ ၃ လအတွင်း ကူညီနိုင်မယ်ဆိုရင်တော့ အဓိက ဆန်ပါပဲ၊ တခြားဟာရော မလိုအပ်ဘူးလားဆိုရင် လိုအပ်တယ်၊ ဒါပေမဲ့ ဒီဟာက ပိုအရေး‌ကြီးတာပေါ့လေ” ဟု ပလက်ဝစစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူက ပြောသည်။

လောင်တလိုင်ခရိုင်၊ တွီဒန်းရွာတွင် ပလက်ဝစစ်ဘေးရှောင် အိမ်ခြေ ၂၇၀ ကျော်ရှိပြီး လူဦးရေအားဖြင့် ၁၀၀၀ ကျော် ရှိသည့်အနက် စားနပ်ရိက္ခာအရေးပေါ် ကူညီရန် လိုအပ်သူမှာ အိမ်ခြေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

အထူးသဖြင့် စစ်ဘေးရှောင်ကျောင်းတွင် လုပ်အားပေး ‌ဆရာ၊ဆရာမများ၊ နိုင်ငံခြားမှ ပံ့ပိုးကူညီမည့်သူမရှိသောသူများသည် အရေးပေါ်ကူညီရန် လိုအပ်နေခြင်းဟု သိရသည်။

တွီဒန်းရွာရှိ ပလက်ဝစစ်ဘေးရှောင်များသည် ကုန်တင်ကုန်ချ လုပ်ငန်း၊ နေ့စားအလုပ်၊ ဈေးရောင်းခြင်းနှင့် ဒေသခံများမှ ခွင့်ပြုသောနေရာတွင် တောင်ယာစိုက်ပျိုးခြင်းများကို စားဝတ်နေရေးအတွက် လုပ်ကိုင်‌နေကြသည်။

ယခုနှစ်ဆန်းပိုင်းကစ၍ တွီဒန်းပလက်ဝစစ်‌ရှောင်များကို ရွာတာဝန်ရှိသူများမှ ရွာနှင့် အလှမ်းဝေးသောတစ်နေရာတွင် နေရာချပေးကာ ယင်းနေရာတွင် တဲအိမ်များပြန်ဆောက်၍ နေထိုင်ကြရသည်ဟု သိရသည်။

ထို့ကြောင့်လည်း စစ်ဘေးရှောင်များအနေဖြင့် နေရာထိုင်ခင်းအတွက် ပြန်လည်ကုန်ကျခဲ့ရကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလတွင် တွီဒန်းရွာတာဝန်ရှိသူများနှင့် ဒေသခံများက စစ်ဘေးရှောင်များ ဈေးဆိုင်ရောင်းခွင့် ပိတ်ပင်ထားသည်။

တွီဒန်း‌ရွာသည် လောင်တလိုင်မြို့နှင့် မိုင်တစ်ရာကျော် ကွာဝေးပြီး လိုင်းကားဖြင့် သွားပါက ၃ နာရီကျော်ကြာသွားရ သည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.