ပလက်ဝတွင် စစ်ကောင်စီက လူ ၅ ဦးဆက်လက်ဖမ်းဆီးထားဆဲ

0

ချင်းပြည်နယ် ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူ (၁၈) ဦးထဲမှ ၅ ဦးကိုပြန်မလွှတ်သေးပဲ ဆက်လက်ဖမ်းဆီးထားဆဲဟု သိရသည်။

“ဟိုတနေ့က ၆ ယောက်ကျန်သေးတာ အဲဒီထဲမှာ ဆေးရုံကဝန်ထမ်း ဦးဝှေ့ရန်းက ပြန်ပြီးတော့ခေါ်တယ် ဒါပေမယ့်ပြန်လွတ်လိုက်ပြီလို့ကြားတယ် ၆ ဦးထဲက တစ်ယောက်ပြန်လွတ်တယ် ၅ ယောက်ကျန်သေးတာပေါ့ ဘာကြောင့်မလွတ်သေးတာလဲတော့မသိဘူး သူတို့အထက်ကိုတင်ပြတဲ့ဟာ ပြန်မရောက်သေးတာလား အဲလိုတော့ကြားလိုက်တယ်” ဟု ပလက်ဝမြို့ခံတစ်ဦးကပြောသည်။

ပလက်ဝမြို့ ထွေအုပ်ရုံးရှေ့ နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် မေလ ၂၈ ရက်နေ့မနက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွင်အလုပ်လုပ်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၂ ဦးကို ပြန်လည်လွှတ်ပေးကာ (၆) ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး တစ်ဦးမှာ မကြာသေးမှီကပြန်လွတ်ကာ ယခုချိန်ထိ (၅) ဦးထိန်းသိမ်းထားဆဲဖြစ်သည်။L

Share.

About Author

Leave A Reply