Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝဘက်မှ AA အင်အား ၁၈၀ ခန့် မတူပီမြို့သို့ စစ်ကြောင်းထိုးလာဟုဆို

ပလက်ဝဘက်မှ AA အင်အား ၁၈၀ ခန့် မတူပီမြို့သို့ စစ်ကြောင်းထိုးလာဟုဆို

0
By Editor on June 25, 2024 Khonumthung

(006SV)

ချင်းလဲန်းကောင်စီ (CC) နှင့် ချင်းညီနောင်အဖွဲ့ (CB) တို့ မတူပီမြို့သိမ်းစစ်ဆင်ရေးများကို အပြိုင်အဆိုင် ထိုးစစ်ဆင်နေချိန်တွင် ပလက်ဝမြို့ဘက်မှ ULA/ AA က အင်အား ၁၈၀ ခန့်ဖြင့် မတူပီမြို့သို့ စစ်ကြောင်းထိုးလာနေကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၃ ရက်က ULA/AA ထိန်းချုပ်ထားသော ပလက်ဝမြို့နယ်ဘက်မှ AA တပ်ဖွဲ့ဝင် အင်အား ၁၈၀ ခန့်သည် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၂၊ သတင်းနှင့် ပြန်ကြားရေးဌာနက ဇွန်လ ၂၄ ရက်က သတင်းထုတ်ပြန်သည်။

ထိုသို့ စစ်ကြောင်းထိုးလာသော CDF- မတူပီ၊ တပ်မဟာ – ၁ ဦးဆောင်သည့် AA ပူးပေါင်းတပ်ဖွဲ့မှ ဇွန်လ ၂၄ ရက် နေ့လယ် ၁၁ နာရီခန့်တွင် မတူပီမြို့နယ်၊ လေဆင်းကျေးရွာနေ ပြည်သူတစ်ဦး ဦးမင်းစိုးကို ပစ်ခတ်မှုကြောင့် ပေါင်ကျိုးဒဏ်ရာရရှိခဲ့ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၂၊ သတင်းနှင့် ပြန်ကြားရေးဌာနကထုတ်ပြန်သည်။

ယခုကဲ့သို့ ပြည်သူများအား ပစ်ခတ်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း CDF- မတူပီ၊ တပ်မဟာ – ၂ က ထုတ်ပြန်သည်။

ယင်းပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ CDF- မတူပီ၊ တပ်မဟာ – ၁ ကို ဆက်သွယ်နေသော်လည်း မရသေးပါ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်၏ အတုအယောင်ကျင်းပရမည့် ချင်းအမျိုးသားနေ့သို့ ပြည်သူများ ပါဝင်ခြင်းမပြုရန် CDF-Hakha အသိပေး

BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး အာဏာသိမ်းစစ်ကော်မရှင်ထံ လက်နက်ချပူးပေါင်း

ချင်းဒုက္ခသည်အများစုနေထိုင်သည့် နယူးဒေလီမြို့ရပ်ကွက်တစ်ခုမှာ နေ့ခင်းကြောင်တောင် ကလေးခိုးမှုဖြစ်ပွား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.