Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပြည်သူ့ရင်ခွင်ခိုလှုံမည့်သူများအတွက် အထူးခြွင်းချက်ကာလအဖြစ် မူဝါဒချမှတ်ဖော်ဆောင်နေကြောင်း NUG၊ CNF နှင့် တော်လှန်ရေးအင်အားစုများ ပူးတွဲကြေညာ

ပြည်သူ့ရင်ခွင်ခိုလှုံမည့်သူများအတွက် အထူးခြွင်းချက်ကာလအဖြစ် မူဝါဒချမှတ်ဖော်ဆောင်နေကြောင်း NUG၊ CNF နှင့် တော်လှန်ရေးအင်အားစုများ ပူးတွဲကြေညာ

0
By Editor on November 28, 2023 Khonumthung

(006SV)

ပြည်သူ့ရင်ခွင်ခိုလှုံလာကြမည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များအတွက် အထူးခြွင်းချက်ကာလအဖြစ် လွတ်ငြိမ်းချမ်းသာခွင့်မူဝါဒကို ချမှတ်ဖော်ဆောင်နေသောကြောင့် အချိန်မနှောင်းခင် ပြည်သူ့ရင်ခွင့် ခိုလှုံကြရန် NUG၊ CNF အပါအဝင် တော်လှန်ရေးအင်းအားစုများက စုပေါင်းတိုက်တွန်းလာသည်။

လွတ်ငြိမ်းချမ်းသာခွင့်မူဝါဒတွင် စစ်မြေပြင်မှာ ပြည်သူ့တော်လှန်ရေးအင်အားစုများထံ လက်နက်အပ်နှံလျက် ပြည်သူကို သစ္စာခံမည့်အကြောင်း သဘောထားဖော်ပြလာသူများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း ပြုလုပ်မည် မဟုတ်ဘဲ မိသားစုထံ ပြန်လိုက ပြန်နိုင်အောင် ကူညီစီစဉ်ပေးမည်၊ မိသားစုဝင်များ အတူပါလာလျှင် ၎င်းတို့၏ ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် လုံခြုံရေးကို တာဝန်ယူမည်၊ ပြန်လည်အခြေချ နေထိုင်နိုင်ရန် လိုအပ်သော ထောက်ပံ့မှုများကို အစွမ်းကုန်ကူညီဆောင် ရွက်ပေးမည်ဟု  ပူးတွဲထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်မတော်သား၊ ရဲတပ်ဝင်များ၊ ပြည်သူ့စစ်များနှင့် အတင်း အဓမ္မရှေ့တန်း စေလွှတ်ခံ ရသူများအတွက် အထူးတိုက်တွန်းတွန်းချက်နှိုးဆော်ချက်” ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ Kachin Ginra People’s Embrace Zinlum Komiti (KPEZ)၊ ချင်းအမျိုးသားတပ်ဦး CNF၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့က ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်မှာ ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့များမှ တစ်ဦးချင်းဖြစ်စေ၊ တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်းရင်သား တော်လှန်ရေးအင်အားစုနှင့် t.me/MyanmarPeople တယ်လီဂရမ်အကောင့်သို့ ဆက်သွယ်၍ စစ်အုပ်စုကို စွန့်ခွာကာ ပြည်သူ့ရင်ခွင့်သို့ ခိုလှုံရန် ထပ်မံတိုက်တွန်းလာခြင်းဖြစ်သည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေးဟူသော တူညီ ရည်မှန်းချက်များဖြင့် မဟာဗျူဟာမြောက် ထိုးစစ်များကို မြန်မာနိုင်ငံအနှံအပြားတွင် စုစည်းညီညွတ်စွာ စတင်ဆင်နွှဲနေသည်ဟု ယင်းပူးတွဲထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ပြည်သူ့ နွေဦးတော်လှန်ရေး ၃ နှစ်ခန့်အတွင်း တစ်နိုင်ငံလုံးအနှံ့အပြားမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် စုစုပေါင်း ၁၄၀၀၀ ကျော်သည် ပြည်သူ့ရင်ခွင့်ခိုလှုံပြီးနောက် လက်ရှိအချိန်တွင် ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ ဘေးကင်း လုံခြုံသောနေရာတွင် နေထိုင်လျက်ရှိကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.