ချင်းပြည်နယ် ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ္ခြဲမွ ရဲတပ်သား မောင် ရာလ်လှေထန်း၊ ကိုယ်ပိုင်အမှတ်-၂၈၂၂၉၇ သည် CDM ပြုလုပ်မည့် ၀န်ထမ်းများ၏ သတင်းအချက်အလက်များ စုံစမ်းခြင်း၊ CNDF ၏ အင်အားမည်မျှရှိသည်ကို စုံစမ်းခြင်း၊ ၎ အနီးပတ်၀န်းကျင်ရှိ မိဘပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေခြင်းတို့ကြောင့် (၁၈/၁၁/၂၀၂၁) ရက်နေ့တွင် ဖလမ်းမြို့နယ် တစ်နေရာ၌ ဖမ်းဆီးခေါ်ဆောင် ထိန်းသိမ်းထားကြောင်း CNDF မှထုတ်ပြန်သည်။
ဖလမ်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမွ ၀န်ထမ်းများအား မတရားအာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်၍ Civil Disobidience Movement တွင် ပါ၀င်ကြရန်၊ ထိုသို့ လိုက္နာမွုမရွိသူမ်ားကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း CNO/CNDF မွ (၀၇/၀၉/၂၀၂၁) ရက်နေ့တွင် နောက်ဆုံးအကြိမ် သတိပေးထားပြီး ဖြစ်သည်။
CDM ပြုလုပ်ခြင်းမရှိပဲ အကြမ်းဖက် စစ်ကောင်စီအား ပံ့ပိုးပေးလျက်ရှိသော အကြမ်းဖက်လက်ပါးစေ အဆိုပါ ရဲ၀န်ထမ်းအား နိုင်ငံတကာ စစ်ခုံရုံး စစ်ဥပဒေနဲ့အညီ ရေးဆွဲထားသော CNO/CNDF စစ်ဥပဒေဖြင့် လုံခြုံသည့် တစ်နေရာတွင် လိုအပ်သည့် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ကာ ထိန်းသိမ်းထားသည်။