• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဗိတိသျှကို ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ချင်းတော်လှန်ရေးအထိမ်းအမှတ်ကျောက်တိုင် စိုက်ထူမည်

ဗိတိသျှကို ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ချင်းတော်လှန်ရေးအထိမ်းအမှတ်ကျောက်တိုင် စိုက်ထူမည်

0
By Editor on September 4, 2019 Khonumthung

By လားနွန် – ပထမကမ္ဘာစစ်အတွင်း ပြင်သစ်စစ်မြေပြင်သို့ စစ်မှုထမ်းရန် ဗြိတိသျှအစိုးရ၏ လူစုဆောင်းမှုကို ဆန့်ကျင်ပြီး လက်နက်ကိုင်တော်လှန်ခဲ့ကြသည့် ချင်းတော်လှန်ရေးအထိမ်းအမှတ် ကျောက်တိုင်ကို ချင်းပြည်နယ် ဟားခါးမြို့တွင် စိုက်ထူကြမည်ဟု သိရသည်။

“ကျနော်တို့အခု မြန်မာ့သမိုင်းကြည့်မယ်ဆိုရင်တော့ တောင်သူလယ်သမားအရေးတော်ပုံရော ကျောင်းသားအရေးတော်ပုံတို့ဆိုရင်တော့သူတို့ထက်ကျနော်တို့က ပိုစောနေတယ်၊ အင်္ဂလိပ်တွေက လူစုဆောင်းတယ်
တစ်မြို့မှာ တစ်ထောင်စီတောင်းထားတာပေါ့နော် အဲဒီချိန်မှာ တီးတိန်က တစ်ထောင်သွားတယ် ဖလမ်းက ခြောက်ရာသွားတယ် ဒါပေမဲ့ ဟားခါးစော်ဘွားတွေ ပြည်သူလူထုတွေက
ဟိုမှာသေမယ့်အစားဒီမှာသေတာပိုကောင်းတယ်ဆိုပြီး မသွားပဲနဲ့ အင်္ဂလိပ်တွေကိုတိုက်မယ်ဆိုပြီးတော့ သူတို့စစ်ဆင်ရေးလုပ်တာပေါ့လေ လုပ်တော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဟားခါးနယ်မှာ ရွာပေါင်း (၂၀) ရွာလောက်ကို
မီးရှုခံရတယ် ပြီးတော့ ဖမ်းပြီးတော့ ထောင်ထဲမှာ (၆) ယောက်အထိ အသက်ဆုံးရှုံးခဲ့ရတယ် အဲဒါကြောင့် ကျနော်တို့က အင်္ဂလိပ်တွေကို သူများထက် စောပြီးတော့ တော်လှန်ခဲ့ကြတယ်ဆိုတဲ့ အထိမ်းအမှတ်နဲ့ သူတို့အသက်ကို စတေးခဲ့တဲ့ လူကြီးတွေကို ဂုဏ်ပြုသောအားဖြင့် လုပ်ခြင်းဖြစ်ပါတယ်” ဟု ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ပူးဇိုဘွဲ့ကပြောသည်။

ပထမကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားလာသည့်အချိန်တွင် ပြင်သစ်စစ်မြေပြင်၌ စစ်မှုထမ်းရန်အတွက် ဗြိတိသျှအစိုးရသည် ချင်းပြည်နယ်တခွင်တွင် လုပ်သားစုဆောင်းခြင်းများပြုလုပ်ခဲ့ကြသည်။ ထိုလုပ်ရပ်အား ချင်းလူမျိုးများက မကျေမနပ်ဖြစ်ကြပြီး ချင်းပြည်ရှိ ဗြိတိသျှအစိုးရအား တော်လှန်ခဲ့ကြခြင်းဖြစ်သည်။

ဟားခါးနယ် Farrawn ရွာသူကြီး Pu Hreng Awr ခေါင်းဆောင်သော ချင်းမျိုးချစ်စစ်သည်တော်များသည် ၁၉၁၇ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဗြိတိသျှစစ်သားများရှိရာ ဟားခါးစခန်းကို စတင်သွားရောက်တိုက်ခိုက်ခဲ့ရာမှ ချင်းပြည်သမိုင်းတွင် အကြီးဆုံးတော်လှန်ရေးတစ်ခုဖြစ်ခဲ့သည့် ဟားခါးတော်လှန်ရေးကြီး (The Famous Hakha Revolution) စတင်ခဲ့သည်ဟု ချင်းသမိုင်းသုတေသီ ဆလိုင်းဗန်ကျူံးလျန်က သူ၏ ဟားခါးနယ်မှ “Lai Ral” ခေါ် ချင်းတော်လှန်ရေးကြီး စတင်ခြင်း နှင့် ဗြိတိသျှစစ်တပ်၏ ချင်းတောင်စစ်ဆင်ရေး (၁၉၁၇ နိုဝင်ဘာလ – ၁၉၁၈ ဧပြီလ) ဆိုသည့် ဆောင်းပါးထဲတွင် ရေးသားထားသည်။

ချင်းတော်လှန်ရေးကျောက်တိုင်စိုက်ထူရန်တွက် ရန်ပုံငွေကို ဒီဇင်ဘာလအထိရှာဖွေကာ လာမည့် ၂၀၂၀ ခုနှစ် ချင်းအမျိုးသားနေ့မတိုင်ခင်အပြီးတည်ဆောက်ရန် စီစဉ်ထားကြောင်း ဟားခါးမြို့ပန်းခြံတွင် စိုက်ထူမည်ဟု သိရသည်။

(ဓာတ်ပုံ – ဆလိုင်းဗန်ကျူံးလျန် Facebook မှ ကူးယူသည်။)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.