Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်-မတူပီလမ်းတွင် CDF- Mindat နှင့်် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က အကျအဆုံးအရှိ

မင်းတပ်-မတူပီလမ်းတွင် CDF- Mindat နှင့်် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က အကျအဆုံးအရှိ

0
By Editor on March 29, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှ မတူပီမြို့သို့ ထွက်ခွါသည့် တင့်ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်းနှင့် CDF-Mindat တပ်ဖွဲ့တို့ မတ်လ ၂၆ ရက်နေ့ကစ၍ နှစ်ဖက်ထိတွေ့မှု စတင်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိ ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် CDF-Mindat တပ်ဖွဲ့တို့သည် မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်း မိုင်တိုင်အမှတ် ၁၆ တွင် မတ်လ ၂၆ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးခန့်သေဆုံးခဲ့သည်ဟု CDF-Mindat ကထုတ်ပြန်သည်။

ယခုလက်ရှိတွင် မင်းတပ်-မတူပီလမ်းကြောင်းတစ်လျှောက်ရှိ ဖုန်းလိုင်းများကို စစ်ကောင်စီတပ်ဖွဲ့က ဖြတ်တောက်ထားပြီး တိ်ုက်ပွဲဖြစ်ပွားမှုအသေးစိတ်ကိုမူမသိရသေးကြောင်း CDF- Mindat မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

“ အနောက်ဖက်တကျောကို ဖုန်းလိုင်းတွေဆက်သွယ်မှုအကုန်ဖျက်ခံထားရတယ်။ ရှေ့တန်းဝင်နေတဲ့ရဲဘော် တွေနဲ့တောင် ဆက်သွယ်လို့မရဘူး။ လုံးဝအဆက်အသွယ်က ဖြတ်ပစ်လိုက်တာ။ တိုက်ပွဲက သူတို့က တောက်လျှောက်ပဲ လက်နက်ကြီး တွေနဲ့ပစ် ဖြည်းဖြည်းချင်းနဲ့ ရွေ့လာတဲ့ သဘောရှိတယ်” ဟု CDF- Mindat မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

မကွေးတိုင်း၊ ကျောက်ထုဘက်မှ မင်းတပ်မြို့သို့ရောက်ရှိလာသည့် တင့်ကားနှစ်စီးနှင့် ကားအစီး ၈၀ ကျော်ပါသော စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်မြို့မှ မတူပီမြို့သို့ မတ်လ ၂၅ ရက်နေ့က ဆက်လက်ထွက်ခွါကာ CDF-Mindat တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၇ ရက်နေ့က မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်း မိုင်တိုင်အမှတ် ၂၃- ၂၄ တွင် ညအိပ်ကာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထွက်ခွါလာပြီး နှစ်ဖက်ထိတွေ့မှုများတောက်လျှောက်ဖြစ်လာနိုင်သည်ဟု သိရသည်။

မင်းတပ်မြို့နှင့် မတူပီမြို့သည် ၁၀၂ မိုင် ခန့်ကွာဝေးပြီး စစ်ကောင်စီယာဉ်တန်းသည် ယနေ့ညတွင် မင်းတပ်မြို့နယ်အတွင်း မိုင်တိုင် ၃၀၊ ၃၁ တွင် ညအိပ်ကြမည်ဟု ခန့်မှန်းရပြီး မတူပီမြို့သို့ ဝင်ရောက်ရန် အနည်းဆုံး ရက်သတ္တပတ်နှင့် ဆယ်ရက်ခ န့် ကြာမြင့်နိုင်ကြောင်း CDF- Mindat ပြောရေးဆိုခွင့်ရှိသူကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်မှာ မူးယစ်းဆေးဝါးတားဆီးကာကွယ်ရေးဥပဒေပြဌာန်းပြီး နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည်

မတ်လလယ်မှာ လွှတ်တော်များ ခေါ်ယူပြီး၊ ဧပြီလဆန်းပိုင်းမှာ စစ်အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပြောင်းပေးမည်ဟု ဆို

ဆော – ကျောက်ထု – မင်းတပ် လမ်းပိုင်းကို လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့်ကန့်သတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.