Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မဆာတွီရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီက ၅ ဦးထက်မနည်း သေဆုံး

မဆာတွီရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီက ၅ ဦးထက်မနည်း သေဆုံး

0
By Editor on July 19, 2023 Headline

(06SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်း၊ ဆောမြို့နယ်အကြားတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ယနေ့တိုက်ပွဲပြင်းထန်ရာ စစ်ကောင်စီက ၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိကြောင်း ချင်းကာကွယ်ရေးတပ်- ကန်ပက်လက်၊ Khonu တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယနေ့ ဇူလိုင် ၁၈ ရက် မနက် ၇ နာရီမှ ၈ နာရီအထိ ကန်ပက်လက်မြို့နယ်၊ မဆာတွီရွာနှင့် ဆောမြို့နယ်၊ ဆွဲလဲကျင်း ရွာကြားမှာ အင်အား ၃၀၀ ခန့်ရှိသော စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်ခဲ့ ခြင်းဖြစ်သည်။

“CDF က တစ်ယောက် မစိုးရိမ် ဒဏ်ရာရထားတယ်။ စကစ ဘက်က ၅/၆ ဦး အနည်းဆုံး ကျမယ်လို့ ဒုတပ်ရင်းမှူး ပြောပါတယ်။ အသေးစိတ် မသိရသေးဘူး။ တက်လာတဲ့ စကစတွေကို အသင့်စောင့်နေတဲ့ ကျနော်တို့ CDF လူငယ်တွေက စပစ်တယ်။ တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နိုင်ဖွယ် ရှိတယ်။ တိုက်ပွဲနဲ့ အနီးစပ်ဆုံး မဆာတွီရွာမှာ ရွာသား တစ်ဦးမှ မရှိကြတော့ပါဘူး”ဟု Khonu တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တိုက်ပွဲတွင် အထိနာသော စစ်ကောင်စီသည် ယနေ့ မနက် ၁၁ နာရီခန့်တွင် တိုက်လေယာဉ် (၂) စီး အသုံးပြုကာ တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် မဆာတွီကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပထမတစ်ကြိမ်တွင် တိုက်လေယာဉ် (၂) စီးဖြင့် တစ်ကြိမ်၊ ဒုတိယအကြိမ်တွင် လေယာဉ် (၁) စီးဖြင့် တစ်ကြိမ်၊ နောက်ဆုံးတွင် တိုက်လေယာဉ် (၂) စီးဖြင့် တစ်ကြိမ်၊ သုံးကြိမ်တိုင်တိုက် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“လေယာဉ်နဲ့ ၃ ကြိမ်မြောက် လာတိုက်နေပါတယ်။ လေယာဉ်နဲ့ ၇ မီနစ်လောက် အပေါ်မှာ စောင့်ပြီး ပစ်သွားတယ်။ လေယာဉ်ကြောင့် BCM ဘုရားကျောင်းတစ်ကျောင်းနဲ့ အရပ်သားအိမ်တချို့ ပျက်စီးသွားတယ်။ လူငယ်တွေ မထိခိုက်ပါဘူး။ လူတွေ မထိခိုက်ပါဘူး” ဟု Khonu တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဇူလိုင် ၁၄ ရက်က ဆောမြို့နယ်၊ ရင်းကဲရွာအနီးတိုက်ပွဲတွင် ချင်းကာကွယ်ရေး ပူးပေါင်းအဖွဲ့က ၅ ဦး ကျဆုံးပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ၀ါဒဖြန့် ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ လက်နက်နှင့် ရိက္ခာဖြည့်တင်းရန် ကြိုးစားနေသော စစ်ကောင်စီ စစ်ကြောင်းကို ချင်းအမျိုးသားတပ် (CNA)၊ ကန်ပက်လက် – CDF အပါအဝင် ချင်း-မကွေးအစပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဇူလိုင်လ ၁၄ ရက်မှ ယနေ့အထိ ကြားဖြတ်တိုက်ခိုက်နေလျက်ရှိသည်။

ချင်း-မကွေး နယ်စပ်မှ အရပ်သားပြည်သူ နှစ်ထောင်နီးပါးသည် စစ်ဘေးရှောင်နေရပြီး၊ စစ်ကြောင်းမှာ လချီ ကြာမြှင့်နိုင်သောကြောင့် စစ်ဘေးရှောင်များနှင့် ကာကွယ်ရေးတပ်ဖွဲ့များအတွက် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

ကလေးမြို့မှာ စစ်မှုထမ်းရန် လူငယ်များဖမ်းဆီးမှု ဆက်လက်ရှိနေ

ဟားခါးမြို့နယ် လေကြောင်းဗုံးကြဲခံရမှုတွင် ပြင်းထန်ဒဏ်ရာရရှိသည့် ဖခင်ဖြစ်သူပါ ထပ်မံသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.