လိုင်လင်းပီမြို့မှ မတူပီမြို့နယ်ဘက်သို့ စစ်ကြောင်းထွက်လာသည့် အကြမ်းဘက်စစ်ကောင်စီနှင့် CDF-Matupi တို့သည် ရဲန်ခဲန်းနှင့် အမ်လိုင်ကျေးရွာကြားတွင် ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်း (၉) နာရီမှ (၁၀) နာရီထိ ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်မှ ၃ ဦးသေဆုံးပြီး ၂ ယောအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း CDF-Matupi က ထုတ်ပြန်သည်။
CDF-Matupi ဘက်မှ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်များသည် ရဲန်ခဲန်းကျေးရွာသို့ တပ်ဆုတ်ကာ ကျေးရွာမှ ပြည်သူပိုင်နေအိမ် (၃) လုံး မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။