ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် ဇူလိုင်လ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၂၀ ဦး တွေ့ရှိခဲ့ပြီး လက်ရှိ ၁၉ ဦး ဆေးကုသမှုခံယူနေကြောင်းသိရသည်။
“ကိုဗစ်ပိုးတွေ့က အယောက် ၂၀ တော့ရှိတယ်၊ အရင်ဆုံးပိုးတွေ့တော့ ကျန်းမာသွားလို့ ဆင်းခွင့်ပြု လိုက်ပြီဆိုတော့ အခု ၁၉ ယောက်ဖြစ်မှာ၊ အများအားဖြင့် အောက်ပြည် ရန်ကုန်ကနေ လာတဲ့သူတွေ စီမှာ တွေ့တာ၊ စစ်ဖြစ်မှာစိုးရိမ်လို့ နေရာအသီးသီးကို ထွက်ပြေး၊ ရှောင်တဲ့သူတွေရှိတယ်၊ အခု သူ တို့ပြန်လာတဲ့သူမှာတွေ့တာ၊ မြို့တွင်းမှာ တွေ့တဲ့သူမရှိဘူး ခရီးဝေးကနေ လာတဲ့သူစီမှာပေါ့၊ အခုပိုး တွေ့တဲ့သူအားလုံးက ဆေးရုံမှာပဲ၊ ကျန်းမာရေးအကုန်ကောင်းကြတယ်၊” ဟု မတူပီမြို့ခံတစ်ဦး ကပြောသည်။
မတူပီမြို့က ကိုဗစ်ပိုးတွေ့လူနာများနှင့် ထိစပ်မှုရှိသောကြောင့် ကွာရန်တင်းဝင်နေရသူ လူဦးရေ ၅၀ ဝန်းကျင်ခန့်ရှိပြီး န.တ.လ ကျောင်း နှင့် အိမ်တွင်းမှု အသက်မွေးကျောင်းတို့တွင် အသွားအလာကန့် သတ်ထားရှိကြောင်းလည်းသိရသည်။
ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်နေခြင်းကြောင့် မတူမြို့နယ်၊ လိုင်လင်းပီမြို့ အဝင် အထွက်များကို ဇူလိုင်လ ၁၀ ရက်နေ့ကစပြီး ၃၁ ရက်နေ့အထိ ယာယီပိတ်ထားကြောင်းကို လည်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာမသိမ်း ယခင် ကိုဗစ် ၁၉ ပထမ နှင့် ဒုတိယလှိုင်းကာလတွင် Covid -19 ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးနှင့် ကုသရေးအပိုင်းများတွင် အစိုးရနှင့် အရပ်ဖက်အဖွဲ့အ စည်းများ ပူးပေါင်းပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သော်လည်း စစ်အာသိမ်းပြီးနောက် စစ်ကောင်စီက ကိုဗစ်ရောဂါကာကွယ်ထိန်း ချုပ်ရေးပိုင်းတွင် ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်းမရှိသည့်အတွက် အရပ်ဖက်အဖွဲ့အစည်း ပရဟိတအဖွဲ့ အစည်းများက ကိုယ့်နည်းကိုယ်ဟန်ဖြင့် လုပ်ဆောင်နေကြရသည်။