• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မတူပီမြို့နယ် ကြားကာလ ပြည်သူ့ပညာရေးအတွက် ရံပုံငွေရှာဖွေပွဲပြုလုပ်မည်

မတူပီမြို့နယ် ကြားကာလ ပြည်သူ့ပညာရေးအတွက် ရံပုံငွေရှာဖွေပွဲပြုလုပ်မည်

0
By Editor on March 8, 2023 Khonumthung

မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်မှုဖြင့် မတူပီမြို့နယ်အတွင်း ဖော်ဆောင်နေသော ကြားကာလ ပြည်သူ့ပညာရေးအတွက် ရံပုံငွေရှာဖွေပွဲ တေးဂီတဖျော်ဖြေရေးအစီစဉ်တရပ်ကို မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့ CYLA ခန်းမတွင် မတ်လ ၁၁ ရက်နေ့၌ ကျင်းပပြုလုပ်ကြမည်ဟု သိရသည်။

ကြားကာလ ပြည်သူ့ပညာရေး ဆက်လက်ရှင်သန်လည်ပတ်နိုင်ရန်နှင့် ခက်ခဲသည့်ကျောင်းသားများတွက် ကျောင်းသုံးကိရိယာများ အဆင်ပြေချောမွေ့စေရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ရံပုံငွေရှာဖွေမှုအစီစဉ်ကို ပြုလုပ်ရခြင်းဖြစ်သည်ဟု မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများနဲ့ ကြားကာလပညာရေး ဆက်လက်လည်ပတ်နိုင်ရေးအတွက် ခုလိုရံပုံငွေရှာဖွေဖို့ ခုလိုစီစဉ်ရတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ယင်းတေးဂီတဖျော်ဖြေရေးအစီစဉ်တွင် နိုင်ငံကျော်အဆိုတော် ဒေးဗစ်လိုင်နှင့်အတူ Matupians အဖွဲ့၊ အဆိုတော် Esther Saudaw တို့ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ပြီး မတူပီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦး Pathang, ဦး Lal Min Thang ၊ ဦး Ral Peng နှင့် ဘုတ်အဖွဲ့အကြံပေး ဆရာကြီး ဦးလှပိုး (TEO-ငြိမ်း) တို့မှလည်း Short Speech များ ပြောကြားမည်ဟု သိရသည်။

နိုင်ငံတကာမှပြည်သူများ ပါဝင်ကြည့်ရှုနိုင်ရန် Matupians Page မှ Live လွှတ်တင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်မှုဖြင့် မတူပီမြို့နယ်အတွင်း ကြားကာလပြည်သူ့ပညာရေး ကျောင်းပေါင်း ၁၄၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ကြပြီး ကျောင်းသူကျောင်းသားပေါင်း ၉၀၀၀ ကျော်ကို ကျောင်းဆရာ၊ဆရာမ ၄၀၀ ကျော်ဖြင့် ပညာသင်ကြားပေးနိုင်ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNA နှင့် YPDF တို့အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

CDF-Kanpetlet အတွက် “နွားနောက် တစ်ကောင်ယူ၊ ခေါ်နူးအတွက် လှူ” ကံစမ်းမဲအစီစဉ်စတင်

အရေးတော်ပုံအောင်မြင်သည့်အထိ လက်တွဲတိုက်ပွဲဝင်ကြရန် ပြည်သူလူထုကို CNF တိုက်တွန်း

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.