ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မိုင်းနင်းမိ၍ ခြေထောက်နှင့် မျက်စီ ၂ လုံးအပါအဝင် တကိုယ်လုံးဒဏ်ရာရရှိ ကာ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေရသော စစ်ဘေးရှောင်ဒေါ်ဝင်းခင်သည် အကူအညီလိုအပ်နေသည်ဟု သိရသည်။
ပလက်ဝမြို့၊ မြို့မရပ်ကွက် ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် အသက် (၄၂) နှစ်အရွယ် ဒေါ်ဝင်းခင်သည် ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က မြို့အနီးရုပ်ချောင်းထဲတွင် ဟင်းရှာထွက်စဉ် မိုင်းနင်းမိ၍ ပေါက်ကွဲကာ မျက်စီ ၂ လုံး၊ ယာခြေထောက်ပြတ်သွားသည့်အပြင် တကိုယ်လုံ းဒဏ်ရာရရှိခဲ့သည်။
ပလက်ဝမြို့ဆေးရုံတွင် ၂ ရက်ဆေးကုသမှုခံယူပြီးနောက် ဇွန်လ ၂၂ ရက်နေ့တွင် စစ်တွေမြို့သို့ပို့ဆောင်ကာ ယနေ့ချိန်ထိဆေးဝါးကုသမှုခံယူလျှက်ရှိပြီး အကူအညီလိုအပ်နေသည်။
ဒေါ်ဝင်းခင်တို့မိသားစုသည် ပလက်ဝမြို့နယ် သကာချောင်းကျးရွာကဖြစ်ကြပြီး ၂၀၂၀ ခုနှစ်-ဧပြီလဝန်းကျင်ခ န့်က ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်စခန်းသို့ တိမ်းရှောင်လာခဲ့ကြကာ လင်ယောကျာ်းမရှိတော့ပဲ ကလေး (၅) ဦးကို ပြုစုပေးနေသေ ာမိခင်ဖြစ်သည်ဟု သိရသည်။
ဆေးဝါးကုသရန် ငွေကြေးအကူအညီလိုအပ်လျှက်ရှိကြောင်းနှင့် အကူအညီပေးလိုသူများ ဆက်သွယ်လိုလျှင် ဖုန်း- 09420576056ကို ဆက်သွယ်ပေးနိုင်ကြောင်း သိရပါတယ်။