• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ္တြင္ ျမန္မာနိုင္ငံသားတစ္ဦးထံ ႐ူပီး သိန္း (၆၀၀) ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးဖမ္းဆီးရမိ

မီဇိုရမ္တြင္ ျမန္မာနိုင္ငံသားတစ္ဦးထံ ႐ူပီး သိန္း (၆၀၀) ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးဖမ္းဆီးရမိ

0
By Editor on August 7, 2020 Khonumthung

#Unicode

By ရစ်ချက် – ချင်းပြည်နယ်နှင့်နယ်နမိတ်ချင်းထိစပ်နေသော အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသည့် ရူပီး သိန်း (၆၀၀) ကျော်တန်ဖိုးရှိ Methamphetamine ခေါ် မူးယစ်ဆေးဝါးကို မြန်မာနိုင်ငံသားတစ်ဦးထံ သြဂုတ်လ ၆ ရက်နေ့မနက်က ဖမ်းဆီးရမိကြောင်းသိရသည်။

အဆိုပါ ရူပီး သိန်း (၆၀၀) ကျော်ရှိသော Methamphetamine ခေါ် မူးယစ်ဆေးဝါး အလုံးရေ ၃ သိန်း ကျော်နှင့်အတူ ပိုင်ရှင်ဟုယူဆရသော မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ကလေးမြို့နယ် တာဟန်းရပ်ကွက် အသက် ၃၀ အရွယ် Malsawmdawngkima ကိုလည်း Mizoram Police Special Narcotics staff နှင့် အာသံရိုင်ဖယ် တပ်ရင်း (၄၆) တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

ဖမ်းဆီးထားသော မူးယစ်ဆေးဝါးများမှာ မြန်မာနိုင်ငံမှသယ်ဆောင်ခြင်းဖြစ်ပြီး အဖမ်းခံထားရသူ Malsawmdawngkima ကိုလည်း အမူဖွင့်ဆိုခဲ့ပြီးနောက် ခရိုင်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ကလည်း မြန်မာနိုင်ငံမှသယ်ဆောင်လာသော ရူပီး သိန်း (၅၇၀) ခန့်တန်ဖိုးရှိ Methamphetamine မူးယစ်ဆေးဝါး အလုံးရေ ၂ သိန်းခန့်ကို Champhai District Excise & Narcotics Enforcement Staff နှင့် အာသန်စစ်တပ် တပ်ရင်း (၈) တို့ ပူးပေါင်းပြီး အိန္ဒိယ-မြန်မာနယ်စပ် ကျန်ဖိုင်းခရိုင် Melbuk ကျေးရွာအနီးတွင် ဖမ်းဆီးခဲ့သည်။

ယင်း ရူပီး သိန်း ၅၇၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားကို မြန်မာနိုင်ငံမှ မြန်မာနိုင်ငံသားနှစ်ဦးတို့က တရုတ်ဆိုင်ကယ် Kenbo 125 ဖြင့် အမှတ် (၂) ရိ-ဇိုခေါထာရ် နယ်စပ်ကိုဖြတ်ကျော် သယ်ဆောင်လာခြင်းဖြစ်ပြီး သို့သော် ဆိုင်ကယ်ဖြင့် ဆေးဝါးသယ်ဆောင်လာသူနှစ်ဦးသည် ထွက်ပြေးလွတ်မြောက်သွားကာ ယနေ့အထိ ပြန်လည်ဖမ်းဆီး နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

#Zawgyi

By ရစ္ခ်က္ – ခ်င္းျပည္နယ္ႏွင့္နယ္နမိတ္ခ်င္းထိစပ္ေနေသာ အိႏၵိယ-ျမန္မာနယ္စပ္ မီဇိုရမ္ျပည္နယ္ က်န္ဖိုင္းခရိုင္တြင္ ျမန္မာနိုင္ငံမွ သယ္ေဆာင္လာသည့္ ႐ူပီး သိန္း (၆၀၀) ေက်ာ္တန္ဖိုးရွိ Methamphetamine ေခၚ မူးယစ္ေဆးဝါးကို ျမန္မာနိုင္ငံသားတစ္ဦးထံ ၾသဂုတ္လ ၆ ရက္ေန႔မနက္က ဖမ္းဆီးရမိေၾကာင္းသိရသည္။

အဆိုပါ ႐ူပီး သိန္း (၆၀၀) ေက်ာ္ရွိေသာ Methamphetamine ေခၚ မူးယစ္ေဆးဝါး အလုံးေရ ၃ သိန္း ေက်ာ္ႏွင့္အတူ ပိုင္ရွင္ဟုယူဆရေသာ မူးယစ္ေဆးဝါးသယ္ေဆာင္လာသူ ကေလးၿမိဳ႕နယ္ တာဟန္းရပ္ကြက္ အသက္ ၃၀ အရြယ္ Malsawmdawngkima ကိုလည္း Mizoram Police Special Narcotics staff ႏွင့္ အာသံရိုင္ဖယ္ တပ္ရင္း (၄၆) တို႔ ပူးေပါင္းၿပီး ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း မီဇိုရမ္ေန႔စဥ္ထုတ္သတင္းစာ The Aizawl Post တြင္ ေဖာ္ျပသည္။

ဖမ္းဆီးထားေသာ မူးယစ္ေဆးဝါးမ်ားမွာ ျမန္မာနိုင္ငံမွသယ္ေဆာင္ျခင္းျဖစ္ၿပီး အဖမ္းခံထားရသူ Malsawmdawngkima ကိုလည္း အမူဖြင့္ဆိုခဲ့ၿပီးေနာက္ ခရိုင္ေထာင္သို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ ဇူလိုင္လ ၃၀ ရက္ေန႔ကလည္း ျမန္မာနိုင္ငံမွသယ္ေဆာင္လာေသာ ႐ူပီး သိန္း (၅၇၀) ခန႔္တန္ဖိုးရွိ Methamphetamine မူးယစ္ေဆးဝါး အလုံးေရ ၂ သိန္းခန႔္ကို Champhai District Excise & Narcotics Enforcement Staff ႏွင့္ အာသန္စစ္တပ္ တပ္ရင္း (၈) တို႔ ပူးေပါင္းၿပီး အိႏၵိယ-ျမန္မာနယ္စပ္ က်န္ဖိုင္းခရိုင္ Melbuk ေက်းရြာအနီးတြင္ ဖမ္းဆီးခဲ့သည္။

ယင္း ႐ူပီး သိန္း ၅၇၀ တန္ဖိုးရွိ စိတ္ႂကြေဆးျပားကို ျမန္မာနိုင္ငံမွ ျမန္မာနိုင္ငံသားႏွစ္ဦးတို႔က တ႐ုတ္ဆိုင္ကယ္ Kenbo 125 ျဖင့္ အမွတ္ (၂) ရိ-ဇိုေခါထာရ္ နယ္စပ္ကိုျဖတ္ေက်ာ္ သယ္ေဆာင္လာျခင္းျဖစ္ၿပီး သို႔ေသာ္ ဆိုင္ကယ္ျဖင့္ ေဆးဝါးသယ္ေဆာင္လာသူႏွစ္ဦးသည္ ထြက္ေျပးလြတ္ေျမာက္သြားကာ ယေန႔အထိ ျပန္လည္ဖမ္းဆီး နိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.