• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်တွင် တစ်ရက်လျှင် လူ (၉) ဦးနှုန်း HIV ရောဂါကူးစက်ခံနေရဟုဆို

မီဇိုရမ်ပြည်နယ်တွင် တစ်ရက်လျှင် လူ (၉) ဦးနှုန်း HIV ရောဂါကူးစက်ခံနေရဟုဆို

0
By Editor on November 15, 2019 Khonumthung

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် တစ်ရက်လျှင် လူ ၉ ဦးနှုန်း HIV ရောဂါကူးစက်ခံနေရသည်ဟု Mizoram State Aids Control Society (MSACS) ၏ လေ့လာဆန်းစစ်ချက် အရသိရသည်။

ယခုနှစ် ၂၀၁၉ ဇန်န၀ါရီလမှ စက်တင်ဘာလအထိ (၉ လတာအတွင်း) မီဇိုရမ်ပြည်နယ်တွင် HIV ရောဂါပိုးရှိသူ ၁၂၅၇ ဦး ထပ်မံတွေ့ရှိခဲ့ကြသည်။ ဇန်န၀ါရီလ မှ စက်တင်ဘာလအတွင်း ရက်ပေါင်း ၂၇၃ ရက်ရှိကာ ယင်းနေ့ရက်နှင့်တွက်ချက်ပါက တစ်ရက်လျင် HIV ရောဂါကူးစက်ခံရသည် (၄.၆၀) နှုန်းရှိသည်။

သို့သော်လည်း အစိုးရရုံးဖွင့်သည့် နေ့ရက်များတွင်သာ HIV ရောဂါပိုးရှိမရှိ သွေးစစ်ဆေးမှုများပြုလုပ်လေ့ရှိသည့်အတွက် အစိုးရရုံးပိတ်သည့်နေ့များ(စနေ၊ တနင်္ဂနွေ၊ အခြားသော Holiday ရက်များ) မပါဘဲ အစိုးရရုံးဖွင့်သည့်နေ့ရက်ကိုသာ အခြေခံပြီးတွက်ချက်ပါက တစ်ရက်လျှင် လူ (၉) ဦးနှုန်း HIV ရောဂါပိုးကူးစက်ခံရသည့်သဘောဖြစ်သည်ဟု (MSACS) ၏ မှတ်တမ်းအရသိရှိရကြောင် မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင်ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာလအထိ မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီး၌ HIV ရောဂါပိုးကူးစက်ခံရသည့်ပမာဏမှာ Aizawl ခရိုင်တွင် (၈၄၃) ဦး၊ Lunglei ခရိုင်တွင် (၁၂၀) ဦး၊ Saiha ခရိုင်တွင် (၁၄)ဦး၊ Champhai ခရိုင်တွင် (၈၄) ဦး၊ Kolasib ခရိုင်တွင်(၉၄) ဦး၊ Serchhip ခရိုင်တွင် (၃၆) ဦး၊ Lawngtlai ခရိုင်တွင် (၁၁)ဦး နှင့် Mamit ခရိုင်တွင် (၅၅) တို့ ဖြစ်သည်။

အဆိုပါ HIV ရောဂါပိုးထပ်မံတွေ့ရှိသည့်သူများထဲတွင် အသက် (၁၄) နှစ်အောက်သည် (၃.၁၇) ရာခိုင်နှုန်း၊ အသက် (၁၅ မှ ၂၄) နှစ်အကြားသည် (၂၃.၀၃) ရာခိုင်နှုန်း၊ အသက် (၂၅ မှ ၃၄) နှစ်အကြားသည် (၄၂.၃၈) ရာခိုင်နှုန်း၊ အသက် (၃၅ မှ ၄၉) နှစ်အကြားသည် (၂၆.၄၆) ရာခိုင်နှုန်းနှင့် အသက် (၅၀) အထက်သည် (၄.၉၆) ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.