• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ၅၆ ဦး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရ

မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ၅၆ ဦး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရ

0
By Editor on September 25, 2021 Khonumthung

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကာ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြပြီး အိုင်ဇောလ်မြို့ Sihphir ရပ်ကွက် Synod Revival Camping Centre တွင် နေထိုင်ကြသည့် စစ်ဘေးရှောင် CDM ဝန်ထမ်းမိသားစု (၅၆) ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရသည်။

စစ်ဘေးရှောင် CDM ဝန်ထမ်းမိသားစု အယောက် ၁၀၀ ကျော်နေထိုင်သည့် Synod Revival Camping Centre တွင် စက်တင်ဘာ ၂၄ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးခြင်း ပြုလုပ်ခဲ့ရာ (၅၃)ဦးထံ ကိုဗစ်ပိုးတွေ့ရှိကာ
ယခင်ကိုဗစ်လူနာ (၃) ဦးနှင့် စုစုပေါင်း (၅၆) ဦးရှိနေကြောင်း NGO United for Democratic Myanmar information Secretary Salai Hulian က ပြောသည်။

“ကျနော်တို့ ဒီ Camp မှာ အရင်က ကိုဗစ် positive လူနာ (၃) ဦးရှိတယ်။ ဒီကနေ့မှာ Camp မှာရှိတဲ့သူအားလုံး ၁၂၀ ကျော် Mass Test လုပ်တယ် လူဦးရေ (၅၃) ဦး positive ထပ်တွေ့တယ်။ စုစုပေါင်း (၅၆) positive လူနာရှိတယ်။ စိုးရိမ်းရတဲ့သူတော့ မရှိပါဘူး။” ဟု ပြောသည်။

Synod Revival Camping Centre တည်ရှိသည့်နေရာ Sihphir ရပ်ကွက်တွင်လည်း ကိုဗစ်-၁၉ ကူးစက်ခံထားရသူ positive လူနာများပြားသည့်အတွက် ရပ်ကွက်အတွင်းကုသဖို့အခက်အခဲရှိနေသည့်အတွက် သူတို့နေထိုင်သည့် Camp အထဲတွင် Home Isolation ပုံစံမျိုးဖြင့် စနစ်တကျကုသဆောင်ရွက်နေကြောင်း Salai Hulian က ဆက်ပြောသည်။

“Sihphir ရပ်ကွက်မှာလည်း positive က များနေတော့ ရပ်ကွက်မှာ ကုသဖို့အခက်အခဲရှိတယ်။ ဒါကြောင့် Camp အတွင်းထဲမှာဘဲ Home Isolation ပုံစံမျိုးနဲ့ ထားထားတယ်။ ပြဿနာက မိခင်တွေရောဂါကူးပြီး ကလေးတွေက မကူးတဲ့မိသားစုတွေရှိတယ်။ အဲလိုဘဲ ကလေးတွေကူးပြီး မိခင်ကရောဂါမကူးတဲ့မိသားစုတွေရှိနေတော့ ဘယ်လိုမှ သီးသန့်ကုသလို့မရဘူး။ အားလုံးကို positive လူနာပုံစံမျိုးနဲ့ထားပြီး ကုသရမဲ့အနေအထားဖြစ်တယ်။” ဟု ၎င်းကဆက်ပြောသည်။

Sihphir ရပ်ကွက်ရှိ စစ်ဘေးရှောင် CDM ဝန်ထမ်းနှင့် သူတို့၏ မိသားစုများနေထိုင်သည့် Synod Revival Camping Centre သည် မီဇိုရမ်အစိုးရ DC လက်အောက်တွင်တည်ရှိပြီး NGO United for Democratic Myanmar အဖွဲ့က ကြည့်ရှုကူညီဆောင်ရွက်ပေးပြီး လက်ရှိတွင် လူဦးရေ ၁၂၀ ခန့်ရှိသည်။

အလားတူ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ပြင် Sairang ကျေးရွာတွင် နေထိုင်သော စစ်ဘေးရှောင် ၂၈ ဦးရှိသည့် အနက် ၂၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း သိရသလို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင် ၂၈ ဦးမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.