မီဇိုရမ်ပြည်နယ် Mamit ခရိုင် Kanhmun ရဲစစ်ဆေးရေးဂိဒ်အနီးတွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ရူပီး သိန်း ၁၅၀ ကာလတန်ဖိုးရှိ Methamphetamine အလုံးရေ ၅ သောင်းကို မတ်လ ၂၅ ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါ ဆေးပြားကို Mamit ခရိုင် Zawlnuam Police Outpost နှင့် Kanhmun ရဲစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဆေးပြားသယ်ဆောင်လာသော ကားသမားနဲ့နောက်လိုက်တို့မှာ မဖမ်းဆီးမှီ ထွက်ပြေးသွားခဲ့တယ်လို့ မီဇိုရမ်ညစဉ်သတင်း Zonet တွင် ဖော်ပြသည်။
ယင်းဆေးပြားများမှာ မြန်မာနိုင်ငံမှသယ်ဆောင်လာခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်ကို ဖြတ်ကျော်ကာ တီးပူရားပြည်နယ်ကို တင်သွင်းမည့် ဆေးပြားများဖြစ်ကြောင်းသိရသည်။