• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် ရူပီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

မီဇိုရမ်တွင် ရူပီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

0
By Editor on February 14, 2022 Khonumthung

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ကိုဖြတ်ကျော်ပြီး အိန္ဒိယပြည်မကို ရောင်းချမည့် မြန်မာနိုင်ငံမှ သယ်ဆောင် လာသော ရူပီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိ Methamphetamine ခေါ် စိတ်ကြွဆေးပြားကို မီဇိုရမ်တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဖမ်းခံရသည့် မူးယစ်ဆေးဝါးမှာ အလေးချိန် (၁၂ ကီလိုနှင့် ဂရမ် ၈၀၀) ရှိကာ အကဒ်ပေါင်း ၁၃၀၄၉၂ ရှိပြီး ပိုင်ရှင်ဟုယူဆရသူနှစ်ဦး ဖလမ်းမြို့နယ် Khawmawi ကျေးရွာနေ Solomon Zonummawia (၃၅) နှင့် အိန္ဒိယလူမျိုး Shamir Deb (49) တို့ကိုလည်း ဖမ်းဆီးထားသည်ဟု The Aizawl Post သတင်းတွင်ဖော်ပြသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် မီဇိုရမ်ပြည်နယ်ကိုဖြတ်ကျော်ကာ အိန္ဒိယပြည်မဘက်သို့ ရောင်းချရန် ကားဖြင့်သယ်ဆောင်သွားစဉ် မီဇိုရမ်ပြည်နယ် Kolasib ခရိုင် North Chhimluang တွင် မီဇိုရမ်မူးယစ်ဆေးဝါတိုက်ဖျက်ရေး အဖွဲ့ Excise & Narcotics Department နှင့် Border Security Force (BSF) Silchar, Assam တို့က ဖမ်းဆီးခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးကို The Narcotic Drugs & Psychotropic Substances Act 1985 ဖြင့် အမှုဖွင့်ဆိုထားကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇန်မြို့နယ်၊ ဒါးရ်ခိုင်ရွာဟောင်းတွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၇ လုံး လောင်ကျွမ်းပြာကျ

ဇိုးတုန်နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.