အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မြန်မာနိုင်ငံသားတစ်းဦးထံ ရူပီး ၁၈ သိန်းကျော်တန်ဖိုးရှိ Methamphetamine ဆေးပြားကို ဧပြီလ ၇ ရက်နေ့ညက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ သယ်ဆောင်လာသော Methamphetamine ဆေးပြား ဂရမ် ၆၅၇ အလေးချိန်ရှိ အလုံးရေ ၆၀၀၀ ရှိသောဆေးပြားကို ကျန်ဖိုင်းမြို့ Bethel ရပ်ကွက်တွင် ကျန်ဖိုင်းခရိုင် ရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး အဆိုပါ ဆေးပြားနဲ့အတူ ပိုင်ရှင်ဟုယူရသူ ကျန်ဖိုင်း Bethel ရပ်ကွက်တွင် စစ်ဘေးရှောင်အဖြစ် နေထိုင်သူဟု ဝန်ခံထားသူ Rawthing ကျေးရွာမှ အသက် ၄၈ နှစ်အရွယ် Thiausawmthanga ကို ဖမ်းဆီးခဲ့ပြီး အမှုဖွင့်ဆိုခဲ့ကြသည်။