• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် (၂) ခြောက်လုံးတော်လှန်ရေးနေ့အထိမ်းအမှတ် စျေးရောင်းပွဲတော် ကျင်းပမည်

မီဇိုရမ်တွင် (၂) ခြောက်လုံးတော်လှန်ရေးနေ့အထိမ်းအမှတ် စျေးရောင်းပွဲတော် ကျင်းပမည်

0
By Editor on February 22, 2022 Khonumthung

မီဇိုရမ်ပြည်နယ်ရောက် မြန်မာတက်ကြွလူငယ်တစ်စု Youth for Myanmar အဖွဲ့က မနက်ဖြန်ကျေ ရာက်မည့် (၂) ခြောက်လုံး(၂၂ ရက် ၂ လ ၂၀၂၂) တော်လှန်ရေးနေ့အထိမ်းအမှတ် စျေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် အိုက်ဇောလ်မြို့ Millennium Centre ကုန်တိုက်ရှေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

ယင်းစျေးရောင်းပွဲတော်တွင် မြန်မာအစားအစာများ ရောင်းချကာ ရရှိလာသောငွေကြေးများကို မီဇိုရမ်ပြည်နယ်ရှိ လိုအပ်နေသော စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း Youth for Myanmar က ပြောရေးဆိုခွင့်ဆိုသူ တစ်ဦးက ယခုလို ပြောပါသည်။

“အဓိကတော့ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေများစွာရှိတယ်။ စစ်ဘေးရှောင်တွေကို မီဇိုရမ်အစိုးရ၊ NGO အဖွဲ့အစည်းများရယ်၊ အသင်းတော်ရယ်၊ ပြည်သူလူထုတွေက ယနေ့အချိန်အထိ ကူညီဆောင်ရွက်ပေးလာတာဟာ တစ်နှစ်ကျော်နေပြီဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ မီဇိုရမ်ပြည်နယ်ရောက် စစ်ဘေးရှောင်လူငယ်တွေအနေနဲ့ လည်း ရံပုံငွေတွေရှာပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီရင်ကောင်းမယ်ဆိုတဲ့ရည်ရွယ်ချက်ဖြင့် ယခုလို (၂) ခြောက်လုံးတော်လှန်ရေးနေ့အထိမ်းအမှတ် စျေးရောင်းပွဲတော်ကို ကျင်းပရခြင်းဖြစ်တယ်။” ဟု ၎င်းကပြောသည်။

(၂) ခြောက်လုံးတော်လှန်ရေးနေ့အထိမ်းအမှတ် စျေးရောင်းပွဲတော်နေ့တွင် မြန်မာအစားအစာမျိုးစုံ အကြော်စုံ၊ မာလာရှမ်းကော၊ ဝတ်သားဒုတ်ထိုး၊ ကြာဇံကြော်၊ ဆာဗူသီး၊ မုန့်လက်ကောက်၊ ငါပိကြော်၊ ပုဇွန်ကြော်၊ ကုန်ခြောက် မျိုးစုံ ရောင်းချသွားမည်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်ရောက် မြန်မာနိုင်ငံသားများ အနေဖြင့် လာရောက်အားပေးကြဖို့လည်း Youth for Myanmar အဖွဲ့က ဖိတ်ခေါ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တာဟန်းရပ်ကွက်တွင် နေအိမ်တလုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၊ အိမ်ရှင်အမျိုးသားဒဏ်ရာရ

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.