• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် Chin TV Night Mizoram ကျင်းပမည်

မီဇိုရမ်တွင် Chin TV Night Mizoram ကျင်းပမည်

0
By Editor on April 12, 2022 Khonumthung

မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများအား နွေးထွေးစွာလက်ခံကြိုဆိုသည့် မီဇိုရမ်အပေါ်ကျေးဇူးတင်ကြောင်း ဂုဏ်ပြု သည့်အနေဖြင့် Chin TV Night Mizoram အစီစဉ်တရပ်ကို ဧပြီလ ၁၆ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်၏မြို့တော် အိုင်ဇောလ်တွင် ကျင်းပကြမည်ဟုသိရသည်။

ချင်းနှင့်မီဇိုး သွေးချင်းညီအကိုဖြစ်ခြင်း၊ လက်ရှိမြန်မာ့အရေးအခင်းကြောင့် ဒုက္ခဆင်းရဲကြုံတွေ့ပြီး ကြမ်းတမ်း ခက်ခဲ သည့်ကာလတွင် မြန်မာပြည်သူများအား လက်ခံပြုစုစောင့်ရှောက်ကာ နည်းလမ်းမျိုးစုံဖြင့် လက်တွေ့မေတ္တာပြသည့် မီဇိုရမ်ပြည်နယ် အစိုးရ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) များနှင့် အရပ်ဘက်အဖွဲ့အစည်းများအပေါ် ကျေးဇူးတင်ရုဏ်ပြုသည့်အနေဖြင့် Chin TV International က ဦးဆောင်ကျင်းပမည်ဖြစ်သည်။

အဆိုပါအခမ်းအနားအစီစဉ်တွင် အထူးဧည့်သည်တော်များအနေဖြင့် ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်၊ မီဇိုရမ်အထက်လွတ်တော်အမတ် Pu K.Vanlalvena နှင့် ပြည်နယ်လွှတ်တော်အမတ် Dr.ZR Thiamsanga တို့ကို ဖိတ်ကြားထားသည်။

ထို့အပြင် Central Young Mizo Association (CYMA), Mizo Zirlai Pawl (MZP), Mizo Student’s Union (MSU) နှင့် Zo Reunification Organization (ZoRO) အဖွဲ့ကိုလည်း ဖိတ်ကြားထားကြောင်းလည်းသိရသည်။

အခမ်းအနားအစီစဉ်ကို ဧပြီလ ၁၆ ရက်နေ့ ညနေ ၂းဝ၀ နာရီတွင် Dawrpui Multipurpose Centre, Aizawl တွင် ကျင်းပသွားမည်ဖြစ်ပြီး ချင်း၊ မီဇိုး တိုင်းရင်းသား တေးသံရှင်များဖြစ်ကြသည့် Guys from Chin, Shin Bia, Thawn Kham, Yaw Kee, DJ Lalvenhimi, Zoramchhani, Marina V Varte, Sangtei Khuptong နှင့် Angaihtei တို့မှ သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။

ယင်းအစီအစဉ်ကို Chin TV International နှင့် မီဇိုရမ်ပြည်နယ် TV Channel များဖြစ်ကြသော Zonet/LPS ရုပ်သံလိုင်းမှတဆင့် တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင်စစ်ဘေးရှောင်များကူညီရေးအတွက် မီဇိုရမ်ဝန်ကြီးချုပ်ထံ ရူပီး ၃ သိန်းလှူဒါန်း

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း CNDF ရဲဘော် ၃၂ ဦးကျဆုံး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.