• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်ကို ပို့မည့် ကျပ်သိန်း ၂၀ဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ချင်းဒေသကွာကွယ်ရေးမှ ဖမ်းဆီးရမိ

မီဇိုရမ်ပြည်နယ်ကို ပို့မည့် ကျပ်သိန်း ၂၀ဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ချင်းဒေသကွာကွယ်ရေးမှ ဖမ်းဆီးရမိ

0
By Editor on August 8, 2022 Khonumthung

ချင်းပြည်နယ်ဒေသကာကွယ်ရေး CDF တပ္ဖြဲ ့က အကြိမ်ကြိမ် သတိပေးထုတ်ပြန်သည့်ကြားမှ မီဇိုရမ်ပြည်နယ်သို့ ဘိန်းဖြူ ရောင်းဝယ်ဖောက်ကားရန် သယ်ဆောင်လာသာ ချင်းလူမျိုး၂ ဦးကို CDF-Thantlang တပ်ဖွဲ့က သြဂုတ်လ ၅ ရက်နေ့က ဖမ်းဆီးရမိသည်ဟု သိရသည်။

ထန်တလန်မြို့နယ်၊ CDF-Thantlang တပ်ရင်း (၄) နယ်မြေ၊ ထန်ဇန်းနှင့် ရွာခွာကျေးရွာအကြား စစ်ဆေးရေးဂိတ်တွင် ထန်တလန်မြို့နယ် Fungkah ကျေးရွာနေ Pu Za Hup နှင့် Pu Van Za Ham တို့နစ်ဦးထံမှ သြဂုတ်လ ၅ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိသည့် ဘိန်းဖြူ ၁၅၀ ဂရမ်မှာ ကာလပေါက်ဈေးနှုန်းအရ ကျပ်သိန်း ၂၀ဝ ကျော်တန်ဖိုးရှိကြောင်း သိရသည်။

ဘိန်းဖြူများကို ကလေးမြို့မှယူဆောင်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ပို့ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်းနင့် ယခင်ကလည်း မီဇိုရမ်ပြည်နယ်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လေ့ရှိပြီး ၎င်းတို့နဲ့အတူ တွဲလုပ်သူများလည်း ထန်တလန်မြို့နယ်တွင် ရှိနေသေးကြောင်း ဖမ်းဆီးခံရသူများ၏ ဝန်ခံထွက်ဆိုချက်အရ သိရသည်။

CDF-Thantlang တရားစီရင်ရေးဌာနကမှ ၎င်းတို့ ၂ ဦးကို ဥပဒေအတိုင်း ထိုက်တန်သောပြစ်ဒဏ် ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDF-Zoland ထံ ခိုလှုံ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.