ရေး – 001RB
အမိုးအကာ၀ါးတွေနဲ့ဆောက်ထားတဲ့ ဒီအိမ်လေးတွေဟာ အ ေ၀းကနေကြည့်ရင်တော့ တောင်ယာထဲက တဲတွေလို့ ထင်ရ ပေမယ့် တကယ်တော့ ဒါဟာ မြန်မာစစ်ဘေးရှောင်တွေ ခိုလုံနေကြတဲ့ အိမ်လေးတွေဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ်ရဲ့ မြို့တော်အိုင်ဇောလ်ကနေ ၁၅ မိုင်လောက်ကွာေ၀◌းတဲ့ Tuirial ဆိုတဲ့ကျေးရွာ ထဲက မြန်မာစစ်ဘေး ရှောင်စခန်းဖြစ်ပါတယ်။ ဒါဟာ မီဇိုရမ်ပြည်နယ်ထဲက မြန်မာစစ်ဘေးရှောင်စခန်းမြောက်များစွာထဲ က တစ်ခုပါ။
ဒေါ်ကီလ်းသဲ (အမည်လွှဲ) တို့မိသားစုဟာ ဒီစစ်ဘေးရှောင်စခန်းမှာ နေလာခဲ့တာ ခုဆိုရင် တစ်နှစ်ကျော်ကျော်ရှိသွားပါပြီ။ ကိုယ့်အိမ်ကိုယ့်ယာမဟုတ်တဲ့ နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်ရှာပါးပြီး စား၀◌တ်နေရေးခက်ခဲလှပေမယ့် စိုးရိမ်ကြောက် လန့်ရမယ့် စစ်သားတွေမရှိတာကြောင့် မြန်မာနိုင်ငံထက်စာရင် လုံခြုံမှုရှိတယ်လို့သူမကဆိုပါတယ်။
ဒီစစ်ဘေးရှောင်စခန်းမှာတော့ သူကြောက်လန့်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေမရှိတော့ပေမယ့် ၀◌မ်းတထွာအတွက် နေ့စဉ် ရုန်းကန်လှုပ်ရှားရတာ သူအဖို့မလွယ်ကူလှပါဘူး။
ကျောင်းနေရွယ် ကလေး ၃ ယောက်မိခင် ဒေါ်ကီလ်းသဲတို့မိသားစုဟာ နေ့စဉ်စား၀◌တ်နေရေးအတွက် အမျိုးသားဖြစ်သူရဲ့ ပုံမှန်မရှိနိုင်တဲ့ ကြုံရာကျပန်းအလုပ်ကို အဓိကအားထားနေရတယ်လို့ သူမကဆိုပါတယ်။
“ကျမအမျိုးသားကတော့ ရှိတဲ့အလုပ်မှန်သမျှကို လုပ်တယ် တောထဲက သစ်တုံးတွေ ထမ်းတာ၊ တောင်ယာခြံပေါင်းရှင်း ဖို့ရှိရင် သွားတယ်၊ ပြီးတော့ အိမ်ဆောက်တဲ့နေရာ ပန်းရံလုပ်ဖို့ရှိရင်လိုက်တယ် အကုန်ရှိသမျှအလုပ်ကို လုပ်ရတယ်၊ ကျမ ကတော့ ဘာမှအလုပ်မရှိဘူး တခါတလေမှာ တောင်ယာပေါင်းရှင်းဖို့ခေါ်ရင်လိုက်တယ် မရှိရင်တော့ ဘာမှလုပ်စရာမရှိဘူး လေ နေ့တိုင်းလိုလိုကတော့ အိမ်မှုကိစ္စနဲ့ ကလေးတွေကိုကြည့်ရှုထိန်းရတာ ကျမရဲ့ အလုပ်ပါပဲ”
ဒေါ်ကီလ်းသဲတို့မိသားစုဟာ စစ်ကိုင်းတိုင်း ကလေးမြို့နယ် စက္ကန့်ကျေးရွာကဖြစ်ပါတယ်။ စက္ကန့်ကျေးရွာဟာ ချင်းလူမျိုးတွေနေထိုင်ကြတဲ့ရွာဖြစ်ပြီး ရွာအနီးနားနဲ့ ရွာထဲမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ မကြာခဏ ဖြစ်ပွားလာတဲ့နောက်ပိုင်းမှာ ဒေါ်ကီလ်းသဲတို့မိသားစုဟာလည်း ကျေးရွာထဲမနေရဲတော့ပဲ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။
အိမ်ခြေ ၇၀၀ နီးပါးရှိတဲ့ စက္ကန့်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ၂၀၂၂ ခုနှစ် ဇန်န၀◌ါရီလက တစ်ကြိမ်၊ ပြီးခဲ့တဲ့အောက်တို ဘာလအတွင်း အနည်းဆုံး ၃ ကြိမ်မီးရှို့ခဲ့တာကြောင့် အိမ်ခြေပေါင်း ၂၀၀ ကျော်လောက် မီးလောင်ပျက်စီးခဲ့ရပြီး အဲဒီထဲမှာ ဒေါ်ကီလ်းသဲတို့အိမ်လည်းပါ၀◌င်ပါတယ်။
ဒီစစ်ဘေးရှောင်စခန်းမှာ နေရာတာ သူ့အတွက်အရမ်းခက်ခဲလှပေမယ့် ဒီလိုအခြေအနေမျိုးမှာတော့ မြန်မာနိုင်ငံကိုပြန်လှည့် ဖို့ စိတ်ကူးမရှိပါဘူး။ တကယ်လို့ ပြန်မယ်ဆိုရင်တောင် စစ်ကောင်စီရဲ့ မီးရှို့မှုကြောင့် နေစရာအိမ်မရှိတော့တဲ့ အနေအထား ရောက်သွားခဲ့ပါပြီ။
ဒီလိုအခြေအနေတွေကြောင့် ဒေါ်ကီလ်းသဲကတော့ သူတို့မိသားစုဘ၀တစ်ခုလုံးကို ဘုရားဆီမှာ အစစအရာရာအပ်နှံထား တယ်လို့ဆိုပါတယ်။
“လူသားတစ်ယောက်ဖြစ်တဲ့အခါမှာ စိတ်ဓာတ်လည်း ကျမိတယ် ဒါပေမယ့် ဖြစ်လာမယ့်အရာမှန်သမျှဟာ ဘုရားရဲ့အလို တော်ဘဲလို့ပဲ ခံယူထားပါတယ်”
ဒီ Tuirial စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၂၅ အိမ် နဲ့ လူဦးရေ ၇၀ ကျော်နေထိုင်ကြပြီး အများစုကတော့ ကလေးမြို့နယ် သံဖို၊ စက္ကန့်ကျေးရွာကဖြစ်ကြပါတယ်။ တချို့ကတော့ ချင်းပြည်နယ် မတူပီ နဲ့ ပလက်၀မြို့နယ်ကလူတွေလည်းရှိကြပါတယ်။
အလုပ်အကိုင်ရှားပါးမှုတွေကြောင့် စစ်ဘေးရှောင်တွေဟာ အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုကိုသာ အဓိကအားထား နေကြရတာဖြစ်ပါတယ်။
ကလေးမြို့နယ် သံဖိုကျေးရွာက ဒေါ်ထာပါရ်(အမည်လွှဲ) တို့မိသားစုဟာ ဒီ Tuirial စခန်းမှာနေထိုင်လာတာ တစ်နှစ်ကျော်ရှိပါပြီ။
ကူညီထောက်ပံ့မှုတွေ တဖြည်းဖြည်းနည်းလာသလို အလုပ်အကိုင်ရှားပါးမှုတွေကြောင့် နေ့စဉ်စား၀တ်နေရေးအတွက် အတော်လေးအခက်အခဲဖြစ်နေတယ်လို့ဆိုပါတယ်။
“ဒီမှာက မိန်းကလေးအတွက် အလုပ်ကိုမရှိတာ လုပ်ချင်ရင်လည်းဘာမှလုပ်စရာမရှိတာ ကျမအမျိုးသားကတော့ တောင် ယာထဲမှာ နေ့စားနဲ့အလုပ်ရှိရင်သွားတယ် သစ်ထမ်းစရာရှိရင် ထမ်းတယ် နေ့စားက တစ်ရက် ရူပီး ၅၀၀ (ကျပ်ငွေ တစ်သောင်းခွဲ) လောက်တော့ရ တယ် ဒါပေမယ့် နေ့တိုင်းလုပ်စရာမရှိဘူး တစ်လမှာ တစ်ပတ်လောက်ပဲရှိတယ် အရမ်းခက်ခဲပါတယ်”
စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်မှာ ပြည်တွင်းစစ်ရေးပဋိပက္ခနဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် စစ်ကိုင်းတိုင်းကလေးမြို့နယ် နဲ့ အထူးသဖြင့် ချင်းပြည်နယ်က ပြည်သူတွေဟာ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ်အစိုးရရဲ့ မှတ်တမ်းအရ မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်ရှိတယ်လို့သိရ ပါတယ်။
အိုင်ဇောလ်၊ လုံးလဲ၊ လောင်တလိုင်၊ ရှီဟာ၊ မာမစ်၊ ကျန်ဖိုင်း စတဲ့ ခရိုင် ၆ ခုမှာရှိတဲ့ စစ်ဘေးရှောင်စခန်း တစ်ရာနီးပါးမှာ ဖြန့်ကျက်နေထိုင်ကြတာပါ။ တချို့စစ်ဘေးရှောင်တွေဟာ စခန်းမှာမနေဘဲ မြို့ထဲမှာ မိမိဘာသာ အိမ်ငှားပြီးနေထိုင်တာမျိုး လည်းရှိသလို တတိယနိုင်ငံကို ခိုလုံခွင့်ရဖို့မျော်လင့်ချက်နဲ့ အိန္ဒိယမြို့တော် နယူးဒေလီဘက်ကို သွားရောက်နေထိုင်သူ တွေလည်းထောင်ဂဏာန်းထိရှိပါတယ်။
အစကနဦးပိုင်းမှာတော့ မီဇိုရမ်အစိုးရအနေနဲ့ဖြစ်စေ၊ ဘာသာရေးအသင်းအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းတွေက တတ်နိုင်တဲ့ ဘက်ကနေ စစ်ဘေးရှောင်တွေကို ပုံမှန်ကူညီထောက်ပံ့ပေးခဲ့တာကြောင့် စား၀တ်နေရေးအတွက် အဆင်ပြေတယ်လို့ဆိုရ မှာပါ။
မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် ဒီ ၂ နှစ်ကျော်ကာလအတွင်းမှာ ရူပီးငွေ သိန်း ၃၀၀ ကျော် ကူညီထောက်ပံ့ခဲ့ပြီလို့ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး ပူးလာလ်ကျမ်းလျန်နာက ယခုနှစ်အစောပိုင်းဖေဖော်၀◌ါရီလ က လွှတ်တော်အစည်းအေ၀◌းမှာပြောဆိုခဲ့ပါတယ်။
စစ်ဘေးရှောင်တွေအတွက် ယာယီစစ်ဘေးရှောင်စခန်း တည်ဆောက်တာ၊ လျှပ်စစ်မီးဖြန့်ဝေတာ၊ ရေဖြန့်ဝေတာ၊ ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အခြားလိုအပ်တဲ့အရာများ ဝယ်ယူရာမှာ အဓိကအသုံးပြုခဲ့တယ်လို့ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး ကဆိုပါတယ်။
ဒါပေမယ့် တဖြည်းဖြည်းနဲ့ အချိန်ကာလတွေကြာလာတာနဲ့အမျှ မီဇိုရမ်ပြည်နယ်အစိုးရထံကနေသော်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းတွေအပါအ၀င် အလှူရှင်တွေနည်းပါးလာပြီး အရင်ကလို အကူအညီ တွေလည်း ပုံမှန်မရကြတော့ဘူးလို့ Tuirial စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ စခန်းတာ၀◌န်ခံကို အဲလ်ဗစ်က ပြောပါတယ်။
“ ကျနော်တို့ရောက်ခါစမှာဆိုရင် ရွာထဲကလူတွေပဲဖြစ်ဖြစ် အသင်းတော်အနေနဲ့ဖြစ်ဖြစ် များစွာထောက်ပံ့မှုတွေ ကျနော်တို့ကိုပေးကြတယ် စား၀တ်နေရေးတော့ ဖူလုံတာပေါ့နော နောက်ပိုင်းတော့ တစ်နှစ်လည်းမဟုတ် ၂ နှစ်လည်းရှိနေပြီဆိုတော့ ထောက်ပံ့မှုတွေက ကျဲလာတယ် အရင်တုန်းကတော့ တစ်လတခါပုံစံမျိုးဖြစ်တဲ့အခါမှာ အခုချိန်မှာတော့ ၃ လတခါ၊ ၄ လ တခါအဲလိုမျိုးပုံစံဖြစ်သွားတယ် အရင်တုန်းကလိုမရတော့ဘူး ခက်ခဲမှုတွေတော့ရှိတာပေါ့ ရှိတဲ့အလုပ်တွေကိုရှာပြီးမှ လုပ်ကြပြီးရုန်းကန်ကြတာဖြစ်ပါတယ်”
အရင်တုန်းကတော့ စစ်ဘေးရှောင်တွေဟာ ဆန်၊ဆီ၊ဆား အခြေခံစားသောက်ကုန်တွေကို အနည်းဆုံးတစ်လတကြိမ် လော က်ရရှိနိုင်ခဲ့ကြပေမယ့် ခုအခါမှာတော့ ၃၊ ၄ လနေမှ တခါလောက် ရရှိကြတော့တယ်လို့ဆိုပါတယ်။
မီဇိုရမ်ပြည်နယ်ရဲ့မြို့တော် အိုင်ဇောလ် မြို့ကနေ မိုင် ၃၀ လောက်ေ၀◌းတဲ့ မာမစ်ခရိုင်ထဲမှာ Ngalchawm ဆိုတဲ့ မြန်မာစစ်ဘေးရှောင်စခန်းတစ်ခုရှိပါတယ်။ ဒီစစ်ဘေးရှောင်စခန်းမှာ ချင်းပြည်နယ် မတူပီမြို့နယ်ကပြည်သူတွေ အများစုနေထိုင်ကြပြီးတော့ အိမ်ခြေ ၁၇ အိမ် လူဦးရေ ၈၄ ယောက်ရှိပါတယ်။
ဒီစခန်းမှာနေထိုင်ကြတဲ့စစ်ဘေးရှောင်တွေဟာ ကြုံရာကျပန်း နေ့စားအလုပ်တွေလုပ်ကိုင်ကြပေမယ့် အလုပ်တွေက ပုံမှန်မရှိတာကြောင့် စား၀◌တ်နေရေးပိုင်းမှာ ပိုပိုပြီး ခက်ခဲလာနေတယ်လို့ ဒီစခန်းတာ၀◌န်ခံ ကိုကျုံးကျုံး (အမည်လွှဲ) ကပြောပါတယ်။
“နေ့စားဘ၀နဲ့ပဲ တနေ့လုပ်တနေ့စား အဲဒီအလုပ်ကလည်းရှိတဲ့အချိန်မှာပဲရှိတယ် တလမှာတခါတလေ ၂ ရက် ၃ ရက် လုပ်တဲ့သူတွေကလုပ်တယ် တခါတလေ ၅ ရက် ၆ ရက်အလုပ်လုပ်တဲ့သူတွေလည်းရှိတယ် အဲဒါနဲ့ပဲ ကျနော်တို့ စားဖို့ သောက်ဖို့စီစဉ်ပြီးမှ စားသောက်ရတာဖြစ်တယ် တချို့လူတွေက သူများခြံမှာ နေ့စားနဲ့လုပ်တယ် တရက် ၅၀၀ နဲ့ နည်းနည်း အသက်ကြီးပိုင်းသူတွေက သားသမီးလည်းမရှိ ဘူး သူတို့ကတော့ ဘာ၀င်ငွေမှလည်းမရှိဘူး အလှူရှင် ကနေပေးတဲ့ဟာ တွေပဲစောင့်ပြီးမှ စားတဲ့ဟာတွေရှိတယ် ဘာမှ၀◌င်ငွေမရှိတော့ စားဖို့သောက်ဖို့ လုံးလုံးမရှိတဲ့ အချိန်လည်းရှိတယ် အလုပ် လုပ်နိုင်တဲ့လူတွေကတော့ အလုပ်တွေလုပ်ပြီးမှ ရလာတဲ့ပိုက်ဆံနဲ့ ဆန်လေးတွေ၀◌ယ်ပြီးမှ စားရတာဖြစ်တယ် ဟင်းတွေ ကတော့ ကျနော်တို့အိမ်ဘေးနားမှာစိုက်တဲ့ ချဉ်ပေါင်တို့ ဖရုံတို့နဲ့ အဆင်ပြေသလိုစားရတယ်”
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကတော့ ဘာသာရေး၊ အဲန်ဂျီအို နဲ့ အစိုးရဖက်ကနေဖြစ်ဖြစ် အကူအညီတွေ ပုံမှန်ထောက်ပံ့လာတာ မျိုးတွေရှိပေမယ့် ဒီနှစ် ၂၀၂၃ ခုနှစ်မှာတော့ မနှစ်ကထက်စာရင် သုံးပုံမှာ တစ်ပုံလောက်ပဲရရှိနိုင်တော့တယ်လို့ သူကဆက် ပြောပါတယ်။
ပြည်တွင်းထွက်ကုန်နဲ့ ထုတ်ကုန်တွေ သိပ်မရှိလှတဲ့ မီဇိုရမ်ပြည်နယ်ဟာ အစစအရာရာမှာ အိန္ဒိယဗဟိုအစိုးရကို အဓိက အားထားပြုနေရတဲ့ ပြည်နယ်တစ်ခုဖြစ်တာကြောင့် မြန်မာစစ်ဘေးရှောင်တွေကို လက်ခံထားတယ်ဆိုပေမယ့် ရေရှည် ကူညီထောက်ပံ့မှုပေးဖို့ ဆိုတာ မလွယ်ကူလှပါဘူး။
ဒါ့ကြောင့် မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်ပြည်သူတွေဟာ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ပုံမှန်၀င်ငွေရရှိမယ့် အလုပ်အကိုင်တွေမရှိတာ အလှူရှင်တွေနည်းပါးသလို ကူညီထောက်ပံ့မှုတွေ တဖြည်းဖြည်းလျှော့နည်းလာပြီဆိုရင် ဘယ်ပုံဘယ်နည်းနဲ့ ဘ၀ရှေ့ခရီး ဆက်လှမ်းကြမှာလဲဆိုတာ အားလုံး၀◌ိုင်း၀န်းစဉ်းစားရမယ့် အရာဖြစ်လာပါတော့တယ်။